Monday, June 15, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeCelebrities' Newsဗီဒီယိုထုတ်လုပ်ရေးနဲ့ စားသောက်ဆိုင်ဖွင့်လှစ်မယ့်ဇေရဲထက်

ဗီဒီယိုထုတ်လုပ်ရေးနဲ့ စားသောက်ဆိုင်ဖွင့်လှစ်မယ့်ဇေရဲထက်

သရုပ်ဆောင် ဇေရဲထက်က ZYH Film & Video Production ကို တည်ထောင်လိုက်ပါပြီ။ ဒီထုတ် လုပ်ရေးကနေ ဗီဒီယိုဇာတ်ကားများကို အဓိကဦးစားပေး ထုတ်လုပ်သွားမှာ ဖြစ်ပြီး ဗီဒီယိုဇာတ်ကားများသာ ရိုက်ကူး ရတဲ့ အကြောင်းရင်းကို ဇေရဲထက်က ….

“ဗီဒီယို ဇာတ်ကားလေးတွေ ကွာလတီကောင်းကောင်းနဲ့ ထွက်ပေါ် ရေးရယ်၊ မျိုးဆက်သစ်လူငယ် အနု ပညာရှင်တွေ ပေါ်ထွန်းဖို့ရယ်။ နောက်တစ်ခုက ဇေရဲထက်ကို ချစ် သည်ပဲဖြစ်ဖြစ် မျိုးဆက်သစ်လူငယ် အနုပညာရှင်လေးတွေကို ချစ်သည်ပဲ ဖြစ်ဖြစ် အားပေးတဲ့အခါကျရင် ထွက် ငွေတွေ အများကြီးမရှိဘဲနဲ့ ငွေ၂ဝဝ ကျပ်လေးနဲ့ ကြည့်ရှုခံစားရပြီး သူတို့ ထွက်ငွေတွေကို ငွေစုဆောင်းလို့ရ အောင်၊ ပြီးတော့ ပရိသတ်တွေလက်ထဲ ကို အမြန်ရောက်အောင်လို့ပါ” လို့ ပြောပြပါတယ်။

အခုလက်ရှိမှာ ထုတ်လုပ်ရိုက်ကူးထားတဲ့ ဗီဒီယိုဇာတ်ကား တွေကတော့’ စေညွှန်ရာကကြိုးရုပ်’၊ Rape’ ၊ ‘မြင့်မိုရ်ထက်မြင့်သောမာတာ’ စတဲ့ ဇာတ်ကားများကို သရုပ်ဆောင် ထွန်းအိâန္ဒာဗိုလ်၊ ထက်ထက်မိုးဦး၊ ရတနာဗိုတို့နဲ့အတူ အခြားသောအနုပညာရှင်များစွာတို့နဲ့ ရိုက်ကူးထားပါတယ်။ ဇေရဲထက်က ဒီနှစ်ထဲမှာ ထုတ်လုပ်ရေး တည်ထောင်လိုက်သလို တခြား စီးပွားရေးအနေနဲ့လည်း သြဂုတ်လထဲမှာ စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်သွား ဦးမှာဖြစ်ပါတယ်။

“ဒါကိုတော့ ညီလေးပဲ လုပ်မှာပါ။ ကျွန်တော်ကတော့ ကူတာပေါ့။ ဒီဆိုင်မှာက ယိုးဒယားနဲ့ မြန်မာ ထမင်း၊ ဟင်းကောင်းကောင်းလေးတွေကို စားချင်တဲ့သူတွေအတွက်၊ နောက်တစ်ခုက လူတန်းစားမရွေး စားလို့ရနိုင်မယ့် ဈေးနှုန်းတွေနဲ့ ရောင်းသွားမယ်။ ဆိုင်ကတော့ နောက်မှ ဖွင့်မယ်။အခု လောလောဆယ်တော့ ထိုင်းက စားဖိုမှူးတစ်ယောက်ရယ်၊ နယ်က ထမင်းချက် တော်တဲ့ အဒေါ်တစ်ယောက်တို့ကို ခေါ်ထားပြီးသားဆိုတော့ အော်ဒါတွေ လက်ခံနေပါတယ်။ ဒီအစားအစာတွေကို ကျွန်တော်ကတော့ တအားကြိုက် တယ် ။ အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပြပါ တယ်။ ဆိုင်နာမည်လေးကိုတော့ သူ ကျောက်ဆည်မှာ ထမင်းဆိုင် ဖွင့်ခဲ့စဉ်က ပေးထားတဲ့ ‘နန်းဘုံရှင်’ ဆိုတဲ့နာမည်လေးကိုပဲ ပေးသွားမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071