Thursday, June 5, 2025

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...

ကုန်းတွင်းလုပ်ကွက် IOR – 6...

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု...

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို...
HomeNewsLocal Newsဗိုလ်ရာညွန့်လမ်းတွင် ဗုံးပေါက်ကွဲရာ အမျိုးသားတစ်ဦးဒဏ်ရာအပြင်းအထန်ရ

ဗိုလ်ရာညွန့်လမ်းတွင် ဗုံးပေါက်ကွဲရာ အမျိုးသားတစ်ဦးဒဏ်ရာအပြင်းအထန်ရ

ဗိုလ်ရာညွန့်လမ်းတွင် ဗုံးပေါက်ကွဲရာ အမျိုးသားတစ်ဦးဒဏ်ရာအပြင်းအထန်ရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ အမျိုးသား တစ်ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ် ၊ ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်း မဟာနွယ်ပစ္စည်းအငှားဆိုင် ဘေးတွင် ဇွန်လ ၁၆ ရက် နံနက် ၁ဝ နာရီ ၂၀ မိနစ်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က အဲဒီနဲ့ မလှမ်းမကမ်းမှာနေတယ်။ လိုင်းပေါ်ကနေ ဟင်းရောင်းတာပေါ့။ မနက်က လမ်းကြောင်း သွားပို့မလို့ လုပ်နေတုန်း ပေါက်ကွဲသံကြားတာပဲ။ ထိတဲ့ကောင်လေးက သေဖို့များတယ်လို့ကြားတယ်။ ခြေတောက်တွေ ပြတ်ကုန်တယ်ဆိုလားမသိဘူး” ဟု ယောမင်းကြီးရပ်ကွက်အ တွင်း နေထိုင်သူ ကိုဇော်ထူးကိုက ပြောသည်။

ပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားသည့်အနီးတွင် အမည်မသိအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် လဲနေပြီး မျက်နှာစုတ်ပြဲ၊ လက်များစုတ်ပြတ်၊ ယာခြေကျင်းဝတ်ပြတ်ထွက်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးဘဲ လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အနီးပတ်ဝန်းမှ ပြည်သူများထံက သိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာသည် ရန်ကုန် တိုင်း စစ်ရုံးနှင့် အနီးပတ်ဝန်းကျင်တွင်ဖြစ်ပြီး လက်ရှိအချိန်ထိ ဗိုလ်ရာညွန့်လမ်းကို လမ်းပိတ်ထားကာ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတားပြုပြင်ပြီးဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်ရေ အဆမတန်မြင့်တက်မှုကြောင့် နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး (လူကူး) ကြိုးတံတား အရှည် (၃၄၀)ပေ၊ အကျယ် (၆) ပေသည် မေလ (၃၁) ရက်တွင် မြစ်အတွင်းမျေ-ာပါသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပန်နန်းဒင် မေခမြစ်ကူး(လူကူး) ကြိုးတံတား ပျ-က်စီးခဲ့မှုအား ဌာနဆိုင်ရာတာဝန် ရှိသူများက...

ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်း

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုခွင့်ပြုပေးခဲ့သည့် IOR -...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား ယာယီပြ-တ်မည်

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင် ပြုလုပ်မည် ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် လွတ်ကင်းမှုမရှိသော 66kV လှော်ကား-ပုလဲ-လှည်းကူး-ရွှေပေါက်ကံဖီဒါ၊ 33kV ပုလဲ-မဉ္ဇူရီဖီဒါ နှင့် 33kV ပုလဲ-ဘီယာချမ်းဖီဒါတို့အား နံနက် (၁၁:၀၀)နာရီ မှ (၁၅:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ဆောင်ရွက်နေစဉ်အတွင်း ရွှေပေါက်ကံမြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ လှည်းကူးမြို့နယ်နှင့် ဖောင်ကြီးမြို့တို့ရှိ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြ-တ်တေ-ာက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071