Thursday, June 18, 2026

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌...

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို...

မြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN Cup...

မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (Myanmar Women Coffee Network - MWCN) က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters...

၂၀၂၇ အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ

၂၀၂၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းများအတွက် လျှောက်လွှာများကို...

Myanmar Women’s League 2026-27...

Myanmar Women's League 2026-27 ပြိုင်ပွဲ၏ Week-1 အဖွင့်ပွဲစဉ်များကို ဇွန် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ရာ...
HomeCelebrities' Newsဗိုလ်တထောင်စေတီတော် ဆံတော်မြတ် ကြွချီတဲ့နေရာမှာ...

ဗိုလ်တထောင်စေတီတော် ဆံတော်မြတ် ကြွချီတဲ့နေရာမှာ လက်ကောက်၊ စိန်လက်စွပ်တို့ကို မွေးနေ့အလှူအဖြစ် လှူဒါန်းခဲ့တဲ့ စည်သူ ဒေါ်တင်တင်မြ

 

မြတ်စွာဘုရားကို အမှူးပြုပြီး သံဃာတော်အရှင်သူမြတ်အပေါင်းတို့ကို မြန်မာသံစဉ် ဂန္ထလှူဖွယ်ဝတ္ထုပစ္စည်းများနဲ့ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေကို နေ့လယ်စာနဲ့တည်ခင်းဧည့်ခံကျွေးမွေးတယ်။ ချစ်သူ၊ ခင်သူ အနုပညာ ညီအစ်ကို မောင်နှမတွေနဲ့ ဖြတ်သန်းတယ်။ အဲဒါကတော့ ဧပြီ ၂၅ရက်နေ့ မွေးနေ့ရှင် စည်သူဘွဲ့ရ ဂန္ထဝင်တေးသံရှင်ကြီး ဒေါ်တင်တင်မြမွေးနေ့ မင်းကွန်းတိပိဋကကျောင်းတိုက်မှာ ဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းမှုပါ။ မွေးနေ့ မတိုင်ခင်ကတည်းက အလှူအတန်းတွေ ပြုလုပ်နှင့်ပြီးသားဖြစ်တဲ့ ဒေါ်တင်တင်မြက သူမရဲ့ အလှူအတန်းတွေကိုလည်း အခုလို ပြောပြပါတယ်။

”ဗိုလ်တထောင် စေတီတော်ကနေ ဆံတော်မြတ် ရွှေတိဂုံစေတီတော်ကို ကြွချီတဲ့အခါမှာ အန်တီမြနှစ်သက်ပြီး အမြဲကို ဆင်မြန်းခဲ့တဲ့ လက်ကောက်ရယ်၊ နောက်ပြီးတော့ စိန်လက်စွပ်တစ်ကွင်း လှူဒါန်းခဲ့တယ်။ နောက်တစ်ခါ ဘုန်းဘုန်းများကိုလည်း ဆွမ်းပဒေသာပင် စိုက်ထူပေးခဲ့တယ်။ ယပ်၊ သင်္ကန်း၊ ဖိနပ်စသဖြင့် အကုန်လုံးကို လှူတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းအတွက်လည်း အမိုးအကာအတွက် ကျပ် သိန်း ၂ဝ လှူတယ်။ စသဖြင့်ပေါ့လေ။ အလှူ လေးတွေတော့ အများကြီး လုပ်ထားခဲ့ပါတယ်”လို့ ဒေါ်တင်တင်မြ ပြောပြရာမှ သိရပါတယ်။

အသက် ၈၂ နှစ်အရွယ် မြန်မာ သံစဉ် ဂန္ထဝင်တေးသံရှင်ကြီး ဒေါ်တင်တင်မြရဲ့ အမှတ်တရ ဂီတစကားကတော့ …

”ဂီတနဲ့ ပတ်သက်လို့ကတော့ အန်တီမြတို့က မြန်မာသံစဉ်နဲ့ ကြီးပြင်းလာတာလေ။ မြန်မာ့ဂန္ထဝင်တေး သီချင်း တွေကို ပြန်လည်သီဆိုကြတဲ့အခါမှာ ကလေးတွေကို အန်တီမြ ဖိတ်ခေါ်တယ်။ အားလည်းပေးတယ်။ သို့သော်လည်းပဲ မှန်မှန်ကန်ကန်ဖြစ်အောင် သီဆိုကြပါ။ အန်တီမြတို့ သက်ရှိထင်ရှားရှိစဉ်အခါမှာလည်း လာရောက်မေးမြန်းပါ။ အန်တီမြ တို့ တန်းတူရှိနေတဲ့ လူကြီးတွေဆီမှာလည်း မေးမြန်းကြပါ။ ဖော်ထုတ်ကြပါ။ အန်တီမြလည်း အမြဲအားပေးလျက်ပါ။ ပရိသတ်များအနေနဲ့ကလည်း မြန်မာ့ဂီတကို အားပေးကြပါ။ စတီရီယိုနဲ့ မြန်မာသံစဉ်နဲ့ မခွဲခြားဘဲနဲ့ ဂီတဆိုတဲ့ အမြင်တစ်ခုတည်းမှာ မြင်ပြီးတော့ အားပေးကြပါလို့ အန်တီမြကပြောလိုပါတယ်”လို့ ဒေါ်တင်တင်မြက ပြောပြခဲ့ပါ တယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်

 

 

 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071