Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeDhammaဗန်းမော်ဆရာတော် ဘုရားကြီး၏ သက်တော်...

ဗန်းမော်ဆရာတော် ဘုရားကြီး၏ သက်တော် (၈၈)နှစ်ပြည့် ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲ (၃) ရက်တိုင်ကျင်းပ

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တကုမာ ရာဘိဝံသ ( အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ) သက်တော် (၈၈) နှစ်ပြည့်၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာနှင့် သိက္ခာထပ် အလှူ တော်မင်္ဂလာပွဲကို မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ သဒ္ဓမ္မဝေပုလ္လတိုက်ကျောင်း၊ ဗန်းမော်ကျောင်းတိုက်အတွင်းရှိ၊ အေး ကမ္ဘာသာသနဗိမာန်တော်ကြီးများ (၃)ရက်တိုင် ကျင်းပခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တကုမာ ရာဘိဝံသ ( အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ) သက်တော် (၈၈) နှစ်ပြည့်၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာနှင့် သိက္ခာထပ် အလှူ တော်မင်္ဂလာပွဲကို မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ သဒ္ဓမ္မဝေပုလ္လတိုက်ကျောင်း၊ ဗန်းမော်ကျောင်းတိုက်အတွင်းရှိ၊ အေး ကမ္ဘာသာသနဗိမာန်တော်ကြီးများ (၃)ရက်တိုင် ကျင်းပခဲ့သည်။ မွေးနေ့ အကြိုပွဲအဖြစ် ၂-၉-၂ဝ၁၇ စနေနေ့ ညနေ ၃ နာ ရီမှ ၆ နာရီအထိ ကြွ ရောက်လာသော ၇ရက်သားသမီး အပေါင်းတို့ကို စတုဒိသာထမင်း၊ ဟင်းလျာများဖြင့် ကျွေးမွေးဧည့်ခံကာ သံလျင် မောင်ရာပြည့် မင်္ဂလာဆိုင်းဝိုင်းကြီးနှင့် တွဲဖက်၍ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များက သီဆိုဖျော်ဖြေသည်။ ဗန်းမော်ဆရာတော် ဘုရားကြီး၏မွေးနေ့ရက်မြတ် ဖြစ်သော ၄- ၉- ၂ဝ၁၇ တနင်္လာနေ့မှာ သံဃာတော်အပါး ၃ဝဝ ကို နဝကမ္မဝတ္တုငွေများဆက်ကပ်လှူဒါန်းသည်။ ဆရာတော်ကြီး၏ ၈၈နှစ် ပြည့်ဝိဇာတမွေးနေ့အကြိုပွဲများကို ပင်မနယ်လှည့် သစ္စာဓိဋ္ဌာန် စတု ဒိသာအဖွဲ့နှင့် အထူးသာသနာပြု နတ်စင်တစ်ရာဆရာတော်ဘဒ္ဒန္တ ပညာတေဇ (သန်လျင်) ဦးဆောင်ပြီး အလှူရှင် ဦးမျိုးမင်း’ဒေါ်အေးမြစန်း၊ သားမောင်ချစ်ကိုဇင် (သန်လျင်-မန္တလေး)နှင့် ဦးမြဖူး’ ဒေါ်လဲ့လဲ့ဝင်း၊ သားမောင်ခန့်ဝင်းကို၊ မောင်ပိုင်ဘုန်းပြည့် (ဘီးလင်းမြို့) မိသားစုတို့က ဗန်းမော်ဆရာတော် ဘုရားကြီး၏ ရှေးယခင်ရဟန်း ဒါယိကာ၊ ဒါယိကာမများနှင့်အတူ ၇ ရက်သားသမီးများပေါင်းစု၍ လှူဒါန်းရခြင်း ဖြစ်သည်ဟု သိရှိရသည်။

ဗန်းမော် ဆရာတော် ဘုရားကြီး၏ မွေးနေ့ရက်မြတ်ဖြစ်သော ၄- ၉- ၂ဝ၁၇ တနင်္လာနေ့ နံနက် ၉ နာရီမှာ ဆင်မင်းဆရာတော်ဘုရားကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိရွှေကျင်တွဲဖက် သာသနာပိုင်၊ သီတဂူဆရာတော်အဘိဓဇ မဟာရဋ္ဌာဂုရုဒေါက်တာဘဒ္ဒန္တဥာဏိဿရ အမှူးပြုသော ဆရာတော်၊ သံဃာတော်အပါး ၃ဝဝ ကြွရောက်ချီးမြင့်ကာ၊ ထိုအခန်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း ချုပ်နှင့် ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်း ဒေသကြီး)မှ တာဝန်ရှိသူများ၊ ရွှေသံလွင်ကုမ္ပဏီမိသားစု နှင့် အလှူရှင်များ၊ ဖိတ် ကြားထားသူများ တက်ရောက်ကာ မွေးနေ့ရှင် ဗန်မော်ဆရာတော် ဘုရားကြီးနှင့်ကြွ ရောက်တော်မူသော ဆရာတော် ဘုရားကြီးများကို သာသနာရေးဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးများ၊ ၇ ရက်သားသမီး အလှူရှင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်ပါသည်။ ထို့နောက် ဗန်းမော်ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိ ကို အခန်းအနားမှူး ဦးသူရက ဖတ်ကြားပြီး မင်္ဂလာပိုဒ်စုံကို တေးသံရှင် အောင်ကျော်ဆန်း (ယဉ်ကျေးမှု) ကသီကျူးပူဇော်သည်။

ထို့နောက် ဗန်းမော်ဆရာတော် ဘုရားကြီးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း ရာသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လက်ခံရယူသည်။ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ ထုတ်လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဟန်က ကျေးဇူးစကားလျှောက်ထား ပြောကြားပြီး၊ သီတဂူဆရာ တော်ကြီးက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒန တရားတော်ဟော ကြားတော်မူကာ ရေစက်သွန်းချအမျှပေးဝေသည်။ ထို့နောက် ကြွရောက်တော်မူသော သံဃာတော်၊ ဆရာတော်များကို နေ့ဆွမ်းများ ဆက်ကပ်ကာ ဝိဇာတပူဇာမွေးနေ့ အခမ်းအနားပြီးဆုံးသည်ဟု သတင်း ရရှိသည်။

မိုးလွင်ဟန်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071