စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မင်းထွဋ်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧပြီလ(၂၇)ရက် ၊ နံနက်က တွေ့ဆုံကာ လွှတ်တော် အတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ဒေသတ ည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဖောင်းပြင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းက တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအကြီးအကဲများအား မိတ်ဆက်ပေးပြီး တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စား လှယ်က လွှတ်တော်အတွေ့အကြုံများရှင်းလ င်းပြောကြားပြီး ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဇော်က ဒေသအခြေအနေများနှင့် ဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားပြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသိန်းဆွေက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရေးဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြကာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ဌာနလုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင် ရွက်နေသည့် အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို အသီးသီးတင်ပြကြပြီးရာတိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်က ဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
