Thursday, August 6, 2026

အင်ချုံးလေဆိပ်လူဝင်မှုကြီးကြပ်ရေး၌ မိနစ် ၈၀ ခန့်...

ဩဂုတ်လ ၅ ရက် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများသည် လူဝင်မှုကြီးကြပ်ရေးကောင်တာများတွင် အချိန်အတော်ကြာ စောင့်ဆိုင်းရလျက်ရှိကြောင်းသိရသည်။ သောကြာနေ့က အင်ချုံး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ မြန်မာ–ထိုင်း...

မြန်မာ–ထိုင်း–အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးက ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အချက်အချာကျသည့် အခန်းကဏ္ဍကို မြှင့်တင်ပေးမည် ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit)...

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ...

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ကို ကြိုဆိုအသိအမှတ်ပြုဟု...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ဖြစ်၍ ကြိုဆိုအသိအမှတ်ပြုသည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊...
HomeNewsLocal Newsဖိအားပေးတိုင်း ပိပြားရကြေးဆိုလျှင် မြန်မာနိုင်ငံတောင်...

ဖိအားပေးတိုင်း ပိပြားရကြေးဆိုလျှင် မြန်မာနိုင်ငံတောင် မြေပုံပေါ်ရှိလာစရာမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းတုန့်ပြန်

(Unicode)

ဖိအားပေးတိုင်း ပိပြားရကြေးဆိုလျှင် မြန်မာနိုင်ငံတောင် မြေပုံပေါ်ရှိလာစရာမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းတုန့်ပြန်

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်ကြောင့် နိုင်ငံတကာဖိအား လျော့ကျသွားမည်လားဟု အမေးများရှိနေကြတာမှာ နိုင်ငံတကာ ဖိအားကတော့ လျော့ကျသွားခြင်း ရှိမှာမ ဟုတ်ပါဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ဇန်နဝါရီ ၁၄ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။

ဖိအားပေးတဲ့ နိုင်ငံတွေက ဆက်လက် ဖိအားပေးနေမှာပဲ ဖြစ်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာစာမျက်နှာမှာ ဆက်လက် မြင့်တင်ပေးမယ့် နိုင်ငံတွေကတော့ ဆက်လက် မြင့်တင်ပေးနေမှာပဲလို့လည်းပြောဆိုပါတယ်။

ဖိအားတွေ ပေးတိုင်း ပိပြားသွားတာမဟုတ်ဘူး။ ဖိအားတွေပေးတိုင်း ပိပြားကြကြေးဆိုရင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အ​နေဖြင့် လွတ်လပ်ရေးရလာမှာ မဟုတ်သလို မြေပုံပေါ်တောင် မြန်မာနိုင်ငံ ရှိလာမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန်ခဲ့ပါတယ်။

နောက်ပြီး အမေရိကန်ဟာ အင်ဒိုပစိဖိတ်ဒေသအတွက် ကာကွယ်ရေးအသုံးစရိတ်ကို ယူကရိန်း၊ ဥရောပတို့ထက် ပိုမိုမြင့်တင်ထားပြီး အင်ဒိုပစိဖိတ်ဒေသအတွက် အသုံးစရိတ်က အမေရိကန်ဒေါ်လာ ၇.၁ဘီလီယံရှိမယ်ဆိုတာကို တွေ့ရတဲ့အကြောင်း၊ဒီလို အသုံးစရိတ်မြင့်တင်တာက တရုတ်ကို ထိန်းချုပ်ချင်တာလို့ မှတ်ချက်ပြုသူတွေရှိတဲ့အကြောင်း၊ဒီကိစ္စဟာအာဆီယံအပေါ်အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ သုံးသပ်နေကြတာရှိတဲ့အကြောင်း၊အမေရိကန်ဟာ ပြည်တွင်းရေးကို စွက်ဖက်လေ့ရှိပြီးအာဆီယံမျက်နှာစာကနေလည်း ဒေသတွင်းနိုင်ငံတွေကို ဖိအားပေးမှုတွေရှိလာတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုထားပါတယ်။

ကျွန်တော်တို့ဟာ တရုတ်နဲ့ အိမ်နီးချင်းဖြစ်သလို မဟာမိတ်နိုင်ငံလည်း ဖြစ်တယ်လို့ ပြောပါတယ်။

ဆက်လက်၍ အာဆီယံ နိုင်ငံတွေ နဲ့ ပတ်သတ်ပြီး ဆက်လက် ပူးပေါင်းသွားမယ်လို့ ပြောဆိုခဲ့ပြီး အာဆီယံထဲ ဝင်ခဲ့တာဟာ နိုင်ငံအနေနဲ့ ဝင်ခဲ့တာဖြစ်လို့ နိုင်ငံတစ်နိုင်ငံအပေါ် လေးစားဖို့လိုကာ ပြည်တွင်းရေးမစွက်ဖက်ရေးမူကို လိုက်နာဖို့ လည်း လိုတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာလည်းရှိပါတယ်။

(Zawgyi)

ဖိအားေပးတိုင္း ပိျပားရေၾကးဆိုလွ်င္ ျမန္မာႏိုင္ငံေတာင္ ေျမပုံေပၚရွိလာစရာမရွိဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းတုန႔္ျပန္

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ရဲ႕ ျမန္မာခရီးစဥ္ေၾကာင့္ ႏိုင္ငံတကာဖိအား ေလ်ာ့က်သြားမည္လားဟု အေမးမ်ားရွိေနၾကတာမွာ ႏိုင္ငံတကာ ဖိအားကေတာ့ ေလ်ာ့က်သြားျခင္း ရွိမွာမ ဟုတ္ပါဘူးလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ ဇန္နဝါရီ ၁၄ရက္ ေနျပည္ေတာ္သတင္းစာရွင္းလင္းပြဲမွာေျပာဆိုလိုက္ပါတယ္။

ဖိအားေပးတဲ့ ႏိုင္ငံေတြက ဆက္လက္ ဖိအားေပးေနမွာပဲ ျဖစ္ၿပီး ျမန္မာႏိုင္ငံကို ႏိုင္ငံတကာစာမ်က္ႏွာမွာ ဆက္လက္ ျမင့္တင္ေပးမယ့္ ႏိုင္ငံေတြကေတာ့ ဆက္လက္ ျမင့္တင္ေပးေနမွာပဲလို႔လည္းေျပာဆိုပါတယ္။

ဖိအားေတြ ေပးတိုင္း ပိျပားသြားတာမဟုတ္ဘူး။ ဖိအားေတြေပးတိုင္း ပိျပားၾကေၾကးဆိုရင္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ အ​ေနျဖင့္ လြတ္လပ္ေရးရလာမွာ မဟုတ္သလို ေျမပုံေပၚေတာင္ ျမန္မာႏိုင္ငံ ရွိလာမွာ မဟုတ္ဘူးလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တုန႔္ျပန္ခဲ့ပါတယ္။

ေနာက္ၿပီး အေမရိကန္ဟာ အင္ဒိုပစိဖိတ္ေဒသအတြက္ ကာကြယ္ေရးအသုံးစရိတ္ကို ယူကရိန္း၊ ဥေရာပတို႔ထက္ ပိုမိုျမင့္တင္ထားၿပီး အင္ဒိုပစိဖိတ္ေဒသအတြက္ အသုံးစရိတ္က အေမရိကန္ေဒၚလာ ၇.၁ဘီလီယံရွိမယ္ဆိုတာကို ေတြ႕ရတဲ့အေၾကာင္း၊ဒီလို အသုံးစရိတ္ျမင့္တင္တာက တ႐ုတ္ကို ထိန္းခ်ဳပ္ခ်င္တာလို႔ မွတ္ခ်က္ျပဳသူေတြရွိတဲ့အေၾကာင္း၊ဒီကိစၥဟာအာဆီယံအေပၚအက်ိဳးသက္ေရာက္မႈေတြ ရွိလာမယ္လို႔ သုံးသပ္ေနၾကတာရွိတဲ့အေၾကာင္း၊အေမရိကန္ဟာ ျပည္တြင္းေရးကို စြက္ဖက္ေလ့ရွိၿပီးအာဆီယံမ်က္ႏွာစာကေနလည္း ေဒသတြင္းႏိုင္ငံေတြကို ဖိအားေပးမႈေတြရွိလာတယ္လို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာဆိုထားပါတယ္။

ကြၽန္ေတာ္တို႔ဟာ တ႐ုတ္နဲ႔ အိမ္နီးခ်င္းျဖစ္သလို မဟာမိတ္ႏိုင္ငံလည္း ျဖစ္တယ္လို႔ ေျပာပါတယ္။

ဆက္လက္၍ အာဆီယံ ႏိုင္ငံေတြ နဲ႔ ပတ္သတ္ၿပီး ဆက္လက္ ပူးေပါင္းသြားမယ္လို႔ ေျပာဆိုခဲ့ၿပီး အာဆီယံထဲ ဝင္ခဲ့တာဟာ ႏိုင္ငံအေနနဲ႔ ဝင္ခဲ့တာျဖစ္လို႔ ႏိုင္ငံတစ္ႏိုင္ငံအေပၚ ေလးစားဖို႔လိုကာ ျပည္တြင္းေရးမစြက္ဖက္ေရးမူကို လိုက္နာဖို႔ လည္း လိုတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုခဲ့တာလည္းရွိပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071