Thursday, May 14, 2026

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...
HomeArticlesဖန်ပုလင်း

ဖန်ပုလင်း

ဖန် ပုလင်းတစ်လုံး။ ဖန်ပုလင်းထဲမှာ  ဘာမျှမရှိ။ ဖန်ပုလင်းသည် အကြည်ပေါက်သဖြင့် တစ်ဖက်ကို ဖြတ်မြင်နေရသည်။  ဖန်ပုလင်းသည် ငြိမ်သက်လျက်။ ဖန်ပုလင်းသည် အခွံဖြစ်သည်။ ဖန်ပု လင်းသည် ဆလင်ဒါပုံစံဖြစ်သည်။ ထိပ် ဖျားတွင်သေးသွယ်သော ပြွန်သဏ္ဌာန်ရှိ သည်။ ဖန်ပုလင်းမှာ အဖုံးမရှိ။ ဖန် ပုလင်းကို ငှဲ့လိုက်လျှင် ဘာမျှထွက် ကျလာမည်မဟုတ်။ ဖန်ပုလင်း ကျ ကွဲသွားလျှင်လည်း ဘာမျှယိုဖိတ် မည်မဟုတ်။ ဖန်ပုလင်းထဲမှာ ဘာမှ မရှိ။  ဖန်ကိုအရည်ကျို၍ ပုံသွင်းထား သည်။ ပုံသွင်းထားသဖြင့် ပုံသဏ္ဌာန် ရှိသည်။ ဒါပဲ။ ဖန်ပုလင်းကို ပိုင်ဆိုင် ထားသူမှာ ရှေးဟောင်းပစ္စည်းများ ကို စုဆောင်းသူတစ်ဦးဖြစ်သည်။ သူ သည်ပင်လယ်ကမ်းခြေတစ်ခုသို့ ရောက်သွားစဉ် ထိုဖန်ပုလင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 ဖန်ပုလင်းသည် ပင်လယ်ထဲမှာ နေ့ရက်များစွာမျောပါလာသည်။ သူ သည်ထိုဖန်ပုလင်းကို ဆယ်ယူနိုင်ခဲ့ သည်။ ထိုဖန်ပုလင်းထဲ၌ စာတစ်စောင် ပါရှိသည်ဟု ရှေးဟောင်းပစ္စည်းစု ဆောင်းသူကဆိုသည်။ သူပြောပြသမျှ အချက်အလက်မှာဤမျှသာ။ ယခုအခါ ဖန်ပုလင်းသည် ခပ်မှောင်မှောင် အခန်းထဲမှာ သိမ်းဆည်းထားခြင်းခံ နေရသည်။ ခပ်မှောင်မှောင်အခန်း ထဲသို့ မည်သူမျှ ဝင်ရောက်လေ့မရှိ။ ရှေးဟောင်းပစ္စည်းစုဆောင်းသူ သည် ရံဖန်ရံခါထိုအခန်းကိုဖွင့်၍ ဝင်တတ်သည်။ သို့ရာတွင်အခန်းသည် အမြဲတစေသော့ခတ်ကာ ပိတ်ထား လျက်ပင်။  သူသည်ဖန်ပုလင်းအကြောင်း မည်သူ့ကိုမျှ စကားမဟ။ သူသည် သူကိုယ်တိုင်ပင်သိရှိထားခြင်းမရှိ သလိုပင်။  ဖန်ပုလင်းတစ်လုံး။ ဖန်ပုလင်း ထဲမှာ ဘာမျှမရှိပေ။

 နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071