Thursday, June 25, 2026

AI ခေတ်နှင့် ကိုက်ညီစေရန် တရုတ်တက္ကသိုလ်များက...

တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) နှင့် အနာဂတ်နည်းပညာကဏ္ဍများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အဆင့်မြင့်ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ခေတ်မမီတော့သည့် ဘွဲ့ဒီဂရီအစီအစဉ်များကို လျှော့ချကာ...

ကမ္ဘာ့ရာသီဥတုရန်ပုံငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀...

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုရန်ပုံငွေ ပိုမိုရရှိစေရေးနှင့် ထောက်ပံ့ငွေများ အချိန်မီပေးအပ်နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇွန် ၂၄ ရက်တွင် တိုက်တွန်းခဲ့ပြီး...

မြန်မာအစိုးရသစ်၏ သဘောထားမှာ ယခင်ကထက် ပိုမိုပွင့်လင်းလာဟု...

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသည် အကြံပြုချက်များကို ပိုမိုလက်ခံဆောင်ရွက်လိုသည့် သဘောထားရှိလာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ ပါလီမန်တွင်...

အပူလှိုင်းကြောင့် လျှပ်စစ်လိုအပ်ချက် စံချိန်တင်မြင့်တက်၊ လျှပ်စစ်ချွေတာသုံးစွဲရန်...

အပူချိန်မြင့်တက်မှုကြောင့် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု စံချိန်တင်မြင့်မားလာသဖြင့် နိုင်ငံ၏ ဓာတ်အားလိုင်းအပေါ် ဝန်ထုပ်ဝန်ပိုး လျော့ပါးစေရန် လျှပ်စစ်ဓာတ်အားကို ထိရောက်စွာ ချွေတာသုံးစွဲကြရန် ဗီယက်နမ်နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားကုမ္ပဏီ...
HomeNewsLocal Newsပြည်သူလူထု၏ တောင်းဆိုမှုကြောင့် လိုင်စင်ဖြင့်...

ပြည်သူလူထု၏ တောင်းဆိုမှုကြောင့် လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

လုံခြုံရေးအရ လက်နက်ကိုင်ဆောင်ရန် လိုအပ်နေသည့် ပြည်သူများ၏ တောင်းဆိုမှုများရှိသည့်အတွက် မြန်မာနိုင်ငံတွင် လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုရန် စီစဉ်ရခြင်းဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ လက်နက်ကိုင်ဆောင်ခွင့်ပြုရာတွင်လည်း စည်းကမ်းစနစ်တကျ ကိုင်ဆောင်နိုင်မည့်သူများကို ဦးစားပေးအနေဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ပြည်သူလူထုက သူတို့ရဲ့ လုံခြုံရေးအတွက် တောင်းဆိုလာတာတွေ ရှိပါတယ်။ကျွန်တော်တို့အနေနဲ့က တကယ့်ကိုပဲ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လိုအပ်နေတဲ့သူတွေ ၊ ခြိမ်းခြောက်မှု ခံနေရတဲ့သူတွေ ၊ လက်နက်နဲ့ ပတ်သက်ပြီးတော့ကျ စည်းကမ်းစနစ်တကျ ကိုင်နိုင်မယ့်သူတွေကိုပဲ အများအားဖြင့် ခွင့်ပြုသွားမှာဖြစ်ပါတယ် ခင်ဗျ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါ်ပြူလာနယူး(စ်)သို့ သီးသန့်အတည်ပြု ပြောကြားထားသည်။

မြန်မာနိုင်တွင် သာမန်အရပ်သားပြည်သူများ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ ၊ ပြည်သူ့စစ်များနှင့် ဌာနေလုံခြုံရေးအဖွဲ့များအား လုံခြုံရေးအတွက် လိုအပ်ပါက သေနတ်ကိုင်ဆောင်ခွင့်ပြုမည်ဟု နစကက ဇန်နဝါရီ (၃၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်အရ အသက် (၁၈) နှစ်ပြည့်ပြီးသည့် သာမန်သူများအနေဖြင့် လုံခြုံရေးအရ ခုခံကာကွယ်ရန် လိုအပ်ပါက လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ပြီး အစိုးရဝန်ထမ်းများနှင့် ပြည်သူ့စစ်များ ၊ ဌာနေလုံခြုံရေးအဖွဲ့များအနေဖြင့် ပါမစ်ဖြင့် သေနတ်ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

လိုင်စင်ကြေးအနေဖြင့်လည်း ထိုက်သင့်သည့် ငွေကြေးပမာဏဖြင့်သာ သတ်မှတ်ပေးထားပြီး အသေးစိတ်ကို လိုင်စင်လျှောက်ထားသည့် အချိန်ရောက်မှသာ ရှိခွင့်ရှိမည်ဖြစ်ကြောင်းလည်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယခင်က ရှိနှင့်ပြီးသား လိုင်စင်မဲ့သေနတ်များကိုလည်း ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုင်စင်လျှောက်ထားနိုင်ပြီး ခွင့်ပြုထားသည့် စည်းမျဉ်းများနှင့်ညီညွတ်ပါက ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အမျိုးအစားဆိုတာ ရှိပါတယ်။ အဲဒီအထဲမှာပါတဲ့ အမျိုးအစားဆိုရင် လိုင်စင်လျှောက်ထားလို့ ရပါတယ်” ဟု ၎င်းကဆိုသည်။

သေနတ်ဝယ်ယူရာတွင်လည်း အစိုးရထံမှ ဝယ်ယူသည်ဖြစ်စေ ၊ မိမိအစီအစဉ်ဖြင့် ဝယ်ယူ၍ ဖြစ်စေ ဝယ်ယူကာ လိုင်စင်လျှောက်ထားနိုင်ပြီး နောက်ပိုင်းတွင် လုံခြုံရေးကုမ္ပဏီများကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများအား သေနတ်ရောင်းချခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ (၃၁) ရက်က ထုတ်ပြန်လိုက်သည့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့် လက်နက်လိုင်စင်ပုံစံ အမှတ် (၁၆) အရ မြန်မာနိုင်ငံတွင် ကိုင်ဆောင်ခွင့်ပြုမည့် သေနတ်အမျိုးအစားများမှာ ၉ မမ အမျိုးအစား သေနတ်များ၊ (.၂၂) အမျိုးအစား သေနတ်၊ ရိုင်ဖယ်နှင့် စက်ကလေး အမျိုးအစား သေနတ်များ၊ အမဲလိုက်သေနတ်နှင့် လေသေနတ်အမျိုးအစားများ ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ လိုင်စင်၊ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်များတွင် အဝေးကြည့်မှန်ပြောင်း(Telescopic Sight)၊အထူးပြုလုပ်ထားသော ချိန်ဆိုဒ်အမျိုးမျိုး (Types of Modified Sights)၊အသံတိတ်စေသောကိရိယာ (Silencer) ကိရိယာများ တပ်ဆင်အသုံးပြုခြင်းကို လုံးဝခွင့်မပြုကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AI ခေတ်နှင့် ကိုက်ညီစေရန် တရုတ်တက္ကသိုလ်များက ခေတ်မမီသော ဘွဲ့ဒီဂရီအစီအစဉ် ၁၂,၀၀၀ ကျော် ပြုပြင်ပြောင်းလဲ

တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) နှင့် အနာဂတ်နည်းပညာကဏ္ဍများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အဆင့်မြင့်ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ခေတ်မမီတော့သည့် ဘွဲ့ဒီဂရီအစီအစဉ်များကို လျှော့ချကာ နည်းပညာအခြေပြု ဘာသာရပ်အသစ်များကို တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။ တရုတ်ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ ရှင်းဟွာသတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တရုတ်တက္ကသိုလ်များသည် ဘွဲ့ကြိုနှင့် ဘွဲ့လွန်အစီအစဉ် ၁၂,၂၀၀ ခုကို ဆိုင်းငံ့ထားပြီး ဘွဲ့ဒီဂရီအစီအစဉ် ၁၀,၂၀၀ ခုကို ဖျက်သိမ်းခဲ့ရာ တက္ကသိုလ်ဘာသာရပ်များ၏ ၃၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း...

ကမ္ဘာ့ရာသီဥတုရန်ပုံငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ မလုံလောက်ဟု ဘင်္ဂလားဒေ့ရှ် ပြော

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုရန်ပုံငွေ ပိုမိုရရှိစေရေးနှင့် ထောက်ပံ့ငွေများ အချိန်မီပေးအပ်နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇွန် ၂၄ ရက်တွင် တိုက်တွန်းခဲ့ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ သတ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုရန်ပုံငွေမှာ လက်တွေ့လိုအပ်ချက်များကို ဖြည့်ဆည်းရန် မလုံလောက်ကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြီးအကဲ ပါမောက္ခ မိုဟာမက် ယူနွတ်စ်၏ အထူးကိုယ်စားလှယ် တာရစ် ရာမန်က တရုတ်နိုင်ငံ ဒါလီယန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum)...

မြန်မာအစိုးရသစ်၏ သဘောထားမှာ ယခင်ကထက် ပိုမိုပွင့်လင်းလာဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသည် အကြံပြုချက်များကို ပိုမိုလက်ခံဆောင်ရွက်လိုသည့် သဘောထားရှိလာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ ပါလီမန်တွင် ပြောကြားရာ၌ ၎င်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ပြီးခဲ့သည့်လအတွင်း နေပြည်တော်၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။ တွေ့ဆုံဆွေးနွေးစဉ် ယခင်က အာဆီယံနှင့် မြန်မာနိုင်ငံအကြား သဘောတူညီထားသည့် ငြိမ်းချမ်းရေးဆိုင်ရာ အချက် (၅) ချက်၏ အကောင်အထည်ဖော်မှု အခြေအနေများကို ဆွေးနွေးခဲ့သည့်အပြင် မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်များ၏ အရေးကိစ္စနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071