အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင် နိုဝင်ဘာလ (၁၉) ရက် နေ့လယ် (၁) နာရီဝန်းကျင်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်အသီးသီးမှ ပါတီဝင်များနှင့် ပါတီဝန်းရံထောက်ခံသူ ထောင်နှင့်ချီကာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းအတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင် ပြည်သူများကိုလည်း မိတ်ဆက်ပေးခဲ့ကြသည်။
ဓာတ်ပုံ – ပေါ်ပြူလာနယူးစ်
