Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsLocal Newsပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့က ပြန်လည်ပြုပြင်မွန်းမံပြီးသည့် ချူအင်လိုင်းတန်ဆောင်းအား...

ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့က ပြန်လည်ပြုပြင်မွန်းမံပြီးသည့် ချူအင်လိုင်းတန်ဆောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့

ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့က ပြန်လည်ပြုပြင်မွန်းမံပြီးသည့် ချူအင်လိုင်းတန်ဆောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ရွှေစည်းခုံစေ တီတော် ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန် ဆောင်းအား ပြန်လည်ပြုပြင်မွန်းမံပြီးစီး၍ ဇူလိုင် ၃ ရက်(ယနေ့)နံနက် ၈ နာရီခွဲက တရားဝင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ချူအင်လိုင်းတန်ဆောင်းအား နိုင်ငံခြား ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တရုတ်နိုင်ငံ၊နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

“တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက မြန်မာနိုင်ငံကို ၉ ကြိမ်လာရောက်ခဲ့ပြီး ၁၉၆၁ ခုနှစ်ကလာစဥ်မှာ တန်ဆောင်းဆောက်လုပ်လှူဒါန်းခဲ့တာဟာ တ ရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုအတွက် အမှတ်သ င်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ် ဒီနေ့ တန်ဆောင်းအဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ရှင်းလင်းတဲ့ရပ်တည်ချက်ဖြစ်ပါတယ် နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံပြည်သူတွေကို ပိုမိုအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်”ဟု မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကပြောသည်။

အလားတူ နိုင်ငံခြားရေဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်မှလည်း ချူအင်လိုင်းတန်ဆောင်းသည် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား တည် ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထင်ဟပ်ပြသရာရောက်စေကာ နှစ်နိုင်ငံယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုများမှတဆင့် အနာဂတ်မျိုးဆက်သစ်များဆီသို့ ချစ် ကြည်ရင်းနှီးမှုနှင့်ကဏ္ဍစုံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို လက်ဆင့်ကမ်းပေးနိုင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ထောင်ရေးအား တက်လှမ်းနိုင်မည်ဟုပြော သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် ရွှေစည်းခုံစေတီတော်၊သဗ္ဗညုဂူဘုရား၊တရုတ်နိုင်ငံအထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် သဗ္ဗညုတဘုရား ပြုပြင်ရေးစီမံကိန်းတို့အား လှည့်လည်ကြည့်ရှုဖူးမြှော်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ဩဂုတ်၂၄ ရက်က လှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ဘုရားပေါင်း ၄၂၅ ဆူ ထိခိုက်ပျက်စီးခဲ့သဖြင့် ၂၀၁၆ ခုနှစ်၊စက်တင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံယဉ်ကျေးမှုအမွေအနှစ် ပြည်နယ်စီမံခန့်ခွဲရေးပူးပေါင်းအလုပ်အမှုဆောင်အဖွဲ့က မြန် မာနိုင်ငံမှပျက်စီးမှုကြီးမားသည့် ဘုရား ၂၁ ဆူအားလေ့လာစစ်တမ်းကောက်ယူကာ ၂၀၁၈ ခုနှစ်၊စက်တင်ဘာ ၂၂ ရက်တွင် MoU ရေးထိုး၍ တရုတ်နိုင်ငံအထောက်အပံ့ဖြင့် သဗ္ဗညုတဘုရားပြုပြင်ရေး စီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Photo -MOI

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071