Thursday, June 5, 2025

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...

ကုန်းတွင်းလုပ်ကွက် IOR – 6...

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...
HomeNewsLocal Newsပြည်ထောင်စုကြီးတစ်ခုလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်တစ်ဝှမ်းလုံး...

ပြည်ထောင်စုကြီးတစ်ခုလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်တစ်ဝှမ်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ဟု နစက ဥက္ကဋ္ဌ‌ ပြော

နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားအား ဇန် နဝါရီ ၁၅ ရက်မွန်းလွဲပိုင်းက နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊လဟယ်မြို့၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် တက်ရောက်ချီးမြှင့်စဥ် ပြောကြားခဲ့ခြင်းဖြစ် သည်။

ပြည်ထောင်စုကြီးတစ်ခုလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်တစ်ဝှမ်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်သည်ဟု ဆို သည်။

ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုကို ပြည်သူများအနေဖြင့် ကျရာအခန်းကဏ္ဍမှလက်တွဲပူးပေါင်း ဆောင်ရွက်ရန်လိုသည်ဟု ဆိုသည်။

“တည်ငြိမ်အေးချမ်းပြီးဖြစ်တဲ့ နာဂဒေသကို အခုထက် ပိုမိုတည်ငြိမ်အေးချမ်းအောင် နာဂဒေသမှာရှိတဲ့ တိုင်းရင်းသားအားလုံးက ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့တာဝန်အရပ်ရပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး နစက ၏အခြေခံမူများဖြစ်သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်နိုင်ငံရေး၊စီး ပွားရေး၊လူမှုရေး ဦးတည်ချက် (၉)ရပ် ချမှတ်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ဖွံ့ ဖြိုးတိုးတက်ရေးနှင့်တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဖွံ့ဖြိုး တိုးတက်မှုအ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရ၊စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့တို့နှင့်အတူ တိုင်းရင်းသားပြည်သူများက တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ရမည်ဟု မှာ ကြားသည်။

“အဲဒီလိုဆောင်ရွက်ရာမှာလည်း တစ်ဦးချင်းစီ တာဝန်ယူတတ်တဲ့ စိတ်ဓါတ်တွေမွေးမြူပြီး စေ တနာအပြည့်နဲ့ ဆောင်ရွက်ကြဖို့လိုအပ်ပါတယ် နစက အနေနဲ့လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေကန နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကျပ် ၅ ဘီလီယံ မတည်ထောက်ပံ့ပေးခဲ့ပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ ထောက်ပံ့ပေးမှုအား စိုက်ပျိုးရေး၊မွေးမြူ ရေးလုပ်ငန်းများနှင့်ပြည်သူလူထု၏ လူမှုဘဝဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အကျိုးရှိရှိ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရွက်ရမည်ဟု မှာကြားခဲ့သည်။

မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း နာဂဒေသ၏ လမ်းပန်း ဆက်သွယ်ရေး အပါအဝင် ကဏ္ဍအားလုံးကို ယခုထက် ပိုမိုမြှင့်တင်နိုင်ရန်ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

“အထူးသဖြင့် နာဂတိုင်းရင်းသားတွေရဲ့ ပညာရေးကဏ္ဍ၊လမ်းပန်းဆက်သွယ်မှုကဏ္ဍနဲ့ကျန်းမာရေးကဏ္ဍတွေ အချိုးညီညီဖွံ့ဖြိုးတိုးတက်နိုင်စေဖို့ကြိုးပမ်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ကျန်းမားရေးဦးစီးဌာနှင့် မုံရွာမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့မှ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူ (၄၀၀)ကျော်ကို...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတားပြုပြင်ပြီးဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်ရေ အဆမတန်မြင့်တက်မှုကြောင့် နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး (လူကူး) ကြိုးတံတား အရှည် (၃၄၀)ပေ၊ အကျယ် (၆) ပေသည် မေလ (၃၁) ရက်တွင် မြစ်အတွင်းမျေ-ာပါသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပန်နန်းဒင် မေခမြစ်ကူး(လူကူး) ကြိုးတံတား ပျ-က်စီးခဲ့မှုအား ဌာနဆိုင်ရာတာဝန် ရှိသူများက...

ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်း

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုခွင့်ပြုပေးခဲ့သည့် IOR -...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071