Wednesday, September 16, 2026

အမြန်လမ်းတွင် အမျိုးသား(၁)ဦးကိုကားဖြင့်ဝင်တို-က်မိပြီး အမြန်လမ်းရဲတပ်ဖွဲ့ထံသတင်းပေးပို့ရန် ပျ-က်ကွက်ခဲ့သည့်...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ စက်တင်ဘာ ၁၅ ရက်ညပိုင်းက လမ်းလျှောက်နေသော အမျိုးသား (၁)ဦးကိုကားဖြင့်ဝင်တို-က်မိပြီး အမြန်လမ်းရဲတပ်ဖွဲ့ထံသတင်းပေးပို့ရန်ပျ-က်ကွက်ခဲ့သည့် အဝေးပြေးခရီးသည်တင်(Express)ယာဥ်မောင်းအားအမှုဖွင့်အရေးယူထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၇၇/၇...

လူကြိုက်များသည့် ချယ်ရီပန်းပုံ YPS Card...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များလှသည့် ချယ်ရီပန်းပုံ...

အမေရိကန်နှင့် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရပြီးနောက် ဘင်္ဂလားဒေ့ရှ်၏...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို့ အထည်ချုပ်ပစ္စည်းတင်ပို့မှုသည် ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၈၀၆.၄၆ သန်းအထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၂၅.၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း...

ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးဇုန်များကို ဂြိုဟ်တုဖြင့်...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းများ၏ စိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုအခြေအနေများကို...
HomeNewsLocal Newsပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၂၀၀၀)နီးပါးဖန်တီးပေးနိုင်သည့်...

ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၂၀၀၀)နီးပါးဖန်တီးပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု အသစ်များ ခွင့်ပြုပေးခဲ့

ရန်ကုန်တိုင်းအတွင်း၌အကောင်အထည်ဖော်ဆောင်ရွက်မည့် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုကို ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီကခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂ဝ၂၅) ကြိမ်မြောက်အစည်းအဝေးမှခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁) ခုတို့ကိုအတည်ပြုခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ်(၇၉၆ ဒဿမ ၉၅ဝ) သန်းနှင့် အမေရိကန်ဒေါ်လာ(၁)သန်းတို့ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း(၁၉၂ဝ)ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ၏ (၂/၂ဝ၂၅) ကြိမ်မြောက်အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များတင်ပြလာသည့် ကုမ္ပဏီ (၁၃)ခု၏တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမြန်လမ်းတွင် အမျိုးသား(၁)ဦးကိုကားဖြင့်ဝင်တို-က်မိပြီး အမြန်လမ်းရဲတပ်ဖွဲ့ထံသတင်းပေးပို့ရန် ပျ-က်ကွက်ခဲ့သည့် အဝေးပြေးခရီးသည်တင်ယာဥ်မောင်းအားအမှုဖွင့်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ စက်တင်ဘာ ၁၅ ရက်ညပိုင်းက လမ်းလျှောက်နေသော အမျိုးသား (၁)ဦးကိုကားဖြင့်ဝင်တို-က်မိပြီး အမြန်လမ်းရဲတပ်ဖွဲ့ထံသတင်းပေးပို့ရန်ပျ-က်ကွက်ခဲ့သည့် အဝေးပြေးခရီးသည်တင်(Express)ယာဥ်မောင်းအားအမှုဖွင့်အရေးယူထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၇၇/၇ နှင့် ၁၇၈/၀ ကြား(နေပြည်တော်မှရန်ကုန်ဘက်) (အပြန်လမ်း)တွင် အမည်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ) အသက်(၄၅)နှစ်ခန့် အမျိုးသား(၁)ဦးယာဥ်တို-က်ခံရသည့်အနေအထားဖြင့်လမ်းအလယ်၌လဲကျ‌ေ-သဆုံးနေသဖြင့် အမြန်လမ်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ‌ေ-သဆုံးသူအားဝင်တိုက်မိခဲ့သောယာဥ်သည် "စွမ်းထက်သာ"အဝေးပြေးခရီးသည်တင် (Express)ယာဉ်လိုင်းမှ ယာဉ်မောင်းအောင်ချို(၃၆)နှစ်မောင်းနှင်လာသော အဝေးပြေးခရီးသည်တင်ယာဥ်ဖြစ်ပြီး ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းအား နီးစပ်ရာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်း/ရဲကင်းသို့ သတင်းပို့ခြင်းမရှိဘဲ ရန်ကုန်ဘက်သို့ ဆက်လက်မောင်းနှင်သွားသည်ကိုစစ် ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့ပြင် ဖြူးတိုးဂိတ်၌ ယင်း...

လူကြိုက်များသည့် ချယ်ရီပန်းပုံ YPS Card များ အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များလှသည့် ချယ်ရီပန်းပုံ ရို-က်နှိပ်ထုတ်လုပ်ထားသော YPS Card များကို အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ချယ်ရီပန်းပုံ YPS Card များသည် အသုံးပြုရ လွယ်ကူသည့်အပြင် ဒီဇိုင်းလှပဆန်းသစ်သောကြောင့် ကိုယ်တိုင်အသုံးပြုရန်အတွက်သာမက လက်ဆောင်အဖြစ် ပေးအပ်ရန်အတွက်ပါ အထူးအသုံးဝင်သည့် Card အမျိုးအစား ဖြစ်သည်။ လက်ရှိတွင် YPS Card များကို ဆူလေ၊ သခင်မြပန်းခြံ၊...

အမေရိကန်နှင့် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရပြီးနောက် ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ်တင်ပို့မှု ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို့ အထည်ချုပ်ပစ္စည်းတင်ပို့မှုသည် ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၈၀၆.၄၆ သန်းအထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၂၅.၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ သိရသည်။ အမေရိကန်ဈေးကွက်သို့ တင်ပို့ရာတွင် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရရှိပြီးနောက် အထည်ချုပ်တင်ပို့မှုများ ပြန်လည်အားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။ ဇူလိုင်နှင့် ဩဂုတ် နှစ်လအတွင်း အမေရိကန်သို့ အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၁.၆၁ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလက ရရှိခဲ့သည့် ဒေါ်လာ ၁.၄၄ ဘီလီယံနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071