Friday, June 26, 2026

လူကယ်ပြန်ဝန်ကြီးနှင့် UNHCR မြန်မာဌာနေကိုယ်စားလှယ် တွေ့ဆုံ

MoU အရ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏...

အာရှ-ပစိဖိတ်ဒေသ ထိပ်တန်းတက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေးနှင့်...

အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ ထိပ်တန်းနိုင်ငံတကာတက္ကသိုလ်များနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအကြား ပညာရေး၊ သုတေသနနှင့် နည်းပညာကဏ္ဍများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဆွေးနွေးခဲ့ကြောင်း...

အိုးဝေပိုင်ရှင်ကို ဓားဖြင့်ထောက်ကြိုးတုတ်ပြီး အိုးဝေကိုလုယူမောင်းနှင်သွားသူ(၂)ဦးကို ပုဒ်မ...

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန် ၂၃ ရက်ညပိုင်းက အိုးဝေပိုင်ရှင်ကို ဓားဖြင့်ထောက်ကြိုးတုတ်ပြီး အိုးဝေကိုလုယူမောင်းနှင်သွားသူ(၂)ဦးကို သက်ဆိုင်ရာ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄...

ဟော်မုဇ်ရေလက်ကြားမှာ အခွန်ကောက်မယ့်ကိစ္စကို အမေရိကန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေ...

ဘာရိန်းနိုင်ငံ၊ မနာမာမြို့မှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးအဆင့် အစည်းအဝေးအပြီးမှာ အမေရိကန်နဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံတွေက ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ...
HomeMoviesပြည်တွင်းစက်သုံးဆီဈေး သိသိသာသာကျဆင်း၊ဒီဇယ်တစ်လီတာ ၃၅၃၅...

ပြည်တွင်းစက်သုံးဆီဈေး သိသိသာသာကျဆင်း၊ဒီဇယ်တစ်လီတာ ၃၅၃၅ ကျပ်အထိ ရောက်ရှိ

စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကျော်ကာလမှစတင်ကာ (၁၀)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ဓာတ်ဆီတစ်လီတာ ၃၆၁၅ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၅၃၅ ကျပ်အထိ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇွန် ၂၆ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron: ၃,၆၁၅ ကျပ်၊
ဓာတ်ဆီ 95 Ron: ၃,၆၉၅ ကျပ်၊
ဒီဇယ် (HSD 500 ppm): ၃,၅၃၅ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm): ၄,၁၉၀ကျပ်အထိ ဖြစ်သည်။ ဇူလိုင် ၂ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။

ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက
ဓာတ်ဆီ 92 Ron: တစ်လီတာလျှင် ၁၇၀ ကျပ်၊
ဓာတ်ဆီ 95 Ron: တစ်လီတာလျှင် ၁၃၅ ကျပ်၊
ဒီဇယ် တစ်လီတာလျှင် ၃၇၅ ကျပ် ၊
ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၅၃၀ အထိ ထပ်မံစျေးကျလာခြင်းဖြစ်သည်။

ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီတင်းပတ်(၁၀)ပတ်အတွင်း –
ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၁၂၀ ကျပ်၊
ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၂၅၀ ကျပ်၊
ဒီဇယ် တစ်လီတာလျှင် ၂၉၅၀ ကျပ်၊
ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၅၆၅ ကျပ် စျေးကျလာခဲ့သည်။

ယနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်းအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ၇၁ ဒေါ်လာဝန်းကျင်ရှိနေကာ ပြည်တွင်းစက်သုံးဆီဈေးမှာ ဓာတ်ဆီရော ဒီဇယ်ပါ ဈေးကျဆင်းလာခြင်း ဖြစ်သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူကယ်ပြန်ဝန်ကြီးနှင့် UNHCR မြန်မာဌာနေကိုယ်စားလှယ် တွေ့ဆုံ

MoU အရ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Barnaby Jones အား ယမန်နေ့က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း UNHCR မှ မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည့် အကူအညီများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNHCR အကြား ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာ (MoU) အရ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့ကြောင်း...

အာရှ-ပစိဖိတ်ဒေသ ထိပ်တန်းတက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေးနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ ထိပ်တန်းနိုင်ငံတကာတက္ကသိုလ်များနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအကြား ပညာရေး၊ သုတေသနနှင့် နည်းပညာကဏ္ဍများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ (တတိယနေ့) သို့ ဆက်လက်တက်ရောက်ခဲ့ပြီး အာရှနှင့် ပစိဖိတ်ဒေသရှိ ထိပ်တန်းနိုင်ငံတကာတက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံကာ ပညာရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် နိုင်ငံတကာတက္ကသိုလ်များအကြား ပညာရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ဆရာ၊...

အိုးဝေပိုင်ရှင်ကို ဓားဖြင့်ထောက်ကြိုးတုတ်ပြီး အိုးဝေကိုလုယူမောင်းနှင်သွားသူ(၂)ဦးကို ပုဒ်မ ၃၈၆/၁၁၄ တို့ဖြင့်အမှုဖွင့်စစ်ဆေး 

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန် ၂၃ ရက်ညပိုင်းက အိုးဝေပိုင်ရှင်ကို ဓားဖြင့်ထောက်ကြိုးတုတ်ပြီး အိုးဝေကိုလုယူမောင်းနှင်သွားသူ(၂)ဦးကို သက်ဆိုင်ရာ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ တို့ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဇွန် ၂၃ ရက်ည ၆ နာရီ ၄၅ မိနစ်ခန့်က ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်နေ အိုးဝေမောင်းသူအား အမျိုးသား (၂)ဦးမှ ကလိကားဝင်းသို့လိုက်ပို့ပေးရန်ပြောသဖြင့် လိုက်ပို့ပေးခဲ့သည်။ ထို့နောက် ကလိကားဝင်းကိုကျော်လွန်မောင်းနှင်စေကာ ပဲခူးမြို့နယ်၊ ပြည်တော်အေးကျေးရွာအကျော် ဓာတ်မြေဩဇာဂိုဒေါင်ရှေ့အရောက် အိုးဝေမောင်းသူ၏လည်ပင်းကို ဓားဖြင့်ထောက်ကာ ခြေထောက်ကိုကြိုးဖြင့်တုတ်ပြီး အိုးဝေယာဥ်ကိုလုယူမောင်းနှင်သွားခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် အိုးဝေယာဥ်ပိုင်ရှင်မှလိုက်လံဖမ်းဆီးရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071