Tuesday, June 23, 2026

ရန်ကုန်-မော်လမြိုင် DEMU ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့်...

ရန်ကုန်-မော်လမြိုင် DEMU ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဇွန်လ ၂၄ ရက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ရောင်းချရာ၌ Online Railways Ticketing and...

ညောင်ခါးရှည်စစ်ဆေးရေးစခန်း ရှောင်ကွင်းလမ်းများကို စဉ်ဆက်မပြတ် ပိတ်ဆို့စစ်ဆေးမည်ဟု...

ပဲခူးတိုင်းဒေသကြီးရှိ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်းကို ရှောင်ကွင်းသွားလာသည့် လမ်းကြောင်းများတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က ပြောကြားသည်။ ဇွန် ၂၂...

AI၊ စွမ်းအင်ဒစ်ဂျစ်တယ်စနစ်နှင့် ကာဗွန်လျှော့ချရေး နည်းပညာများကို...

တရုတ်နိုင်ငံ၏ အကြီးဆုံးစွမ်းအင်လုပ်ငန်းစုများထဲမှ တစ်ခုဖြစ်သည့် China Datang Corporation သည် နည်းပညာဆန်းသစ်တီထွင်မှု၊ စွမ်းအင်ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ကာဗွန်လျှော့ချရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာမီဒီယာများအားပြသခဲ့သည်။ ၂၀၂၅ ခုနှစ်...

ချင်းတွင်းမြစ်ရေ လာမည့် ၄၈ နာရီအတွင်း...

ချင်းတွင်းမြစ်ရေသည် လာမည့် ၄၈ နာရီအတွင်း၌ စစ် ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန် ၂၃...
HomeMoviesပြည်တွင်းခရီးစဉ်ဒေသများ သဘာဝအတိုင်းထိန်း သိမ်းထားရှိနိုင်ရေးနှင့်...

ပြည်တွင်းခရီးစဉ်ဒေသများ သဘာဝအတိုင်းထိန်း သိမ်းထားရှိနိုင်ရေးနှင့် ခရီးသွားများစည်းကမ်းမဲ့အ မှိုက်စွန့်ပစ်မှုများ ထိန်းသိမ်းကြပ်မတ်နိုင်ရေးအဆိုကို ကရင်ပြည်နယ်လွှတ်တော်အတည်ပြု

ပြည်တွင်းခရီးစဉ်ဒေသများ သဘာဝအတိုင်းထိန်း သိမ်းထားရှိနိုင်ရေးနှင့် ခရီးသွားများစည်းကမ်းမဲ့အ မှိုက်စွန့်ပစ်မှုများ ထိန်းသိမ်းကြပ်မတ်နိုင်ရေးအဆိုကို ယ နေ့ ဇွန် ၂၃ ရက်နံနက် ၁၀ နာရီကကျင်းပသည့် တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး(စတုတ္ထနေ့)တွင် လွှတ်တော်ကအတည်ပြုခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးအေးမင်းထွေးက “ပြည်တွင်းခရီးစဉ်ဒေသနေရာများ သဘာဝအတိုင်းထိန်းသိမ်းထားရှိနိုင်ရေးနှင့် ခရီးသွားများစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများအား ထိန်းသိမ်းကြပ်မတ်နိုင်ရေးတိုက်တွန်းကြောင်း”အဆိုကို ပြည်နယ်လွှတ်တော်သို့ ဇွန် ၁၉ ရက်ကတင်သွင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်း အဆိုကို ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်ဦးတင်မောင်လှိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးငွေထွန်းနှင့် မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါက်တာဌေးနောင်တို့က ထောက်ခံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်အဆုံးအဖြတ်ရယူရာ လွှတ် တော်ကိုယ်စားလှယ်များကသဘောတူသဖြင့် ယင်း အဆိုကို ပြည်နယ်လွှတ်တော်ကအတည်ပြုခဲ့ကာ ပြည် နယ်အစိုးရအဖွဲ့က အဆိုနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်တိုက်တွန်းခဲ့ကြောင်း သိရသည်။
Photo- MOI / Ko Nay Naw

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မော်လမြိုင် DEMU ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဇွန်လ ၂၄ ရက်တွင် ရောင်းချမည်

ရန်ကုန်-မော်လမြိုင် DEMU ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဇွန်လ ၂၄ ရက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ရောင်းချရာ၌ Online Railways Ticketing and Payment System (ORTP) စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ ယင်းစနစ်သည် ရန်ကုန်-မန္တလေး-ရန်ကုန်နှင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် DEMU ရထားခရီးစဉ်များကိုလည်း ရောင်းချပေးနေခြင်း ဖြစ်သည်။ လက်မှတ်များကို အွန်လိုင်းမှ ၇ ရက်ကြိုတင်ရောင်းချမည်ဖြစ်သည်။ လက်မှတ်ခများသည် ပထမတန်းလျှင် ငွေကျပ် ၁၆၀၀၀နှင့် အထက်တန်းလျှင် ငွေကျပ် ၂၂၀၀၀ ဖြစ်သည်။ ရန်ကုန်-မော်လမြိုင် DEMU ရထားကို ဇူလိုင် ၁...

ညောင်ခါးရှည်စစ်ဆေးရေးစခန်း ရှောင်ကွင်းလမ်းများကို စဉ်ဆက်မပြတ် ပိတ်ဆို့စစ်ဆေးမည်ဟု တိုင်းနယ်လုံဝန်ကြီး ပြော

ပဲခူးတိုင်းဒေသကြီးရှိ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်းကို ရှောင်ကွင်းသွားလာသည့် လမ်းကြောင်းများတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က ပြောကြားသည်။ ဇွန် ၂၂ ရက်က ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိထားသည့် လိုင်စင်ရှိနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် စက်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး အပ်နှံဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့ပြင် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူလျက်ရှိရာ ဖမ်းဆီးရမိအမှုတွဲများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ...

AI၊ စွမ်းအင်ဒစ်ဂျစ်တယ်စနစ်နှင့် ကာဗွန်လျှော့ချရေး နည်းပညာများကို China Datang ထုတ်ဖော်ပြသ

တရုတ်နိုင်ငံ၏ အကြီးဆုံးစွမ်းအင်လုပ်ငန်းစုများထဲမှ တစ်ခုဖြစ်သည့် China Datang Corporation သည် နည်းပညာဆန်းသစ်တီထွင်မှု၊ စွမ်းအင်ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ကာဗွန်လျှော့ချရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာမီဒီယာများအားပြသခဲ့သည်။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ China Datang ၏ စုစုပေါင်းတပ်ဆင်စွမ်းအားမှာ ၂၁၄ ဂီဂါဝပ် (GW) ရှိပြီး သန့်ရှင်းစွမ်းအင်အချိုးအစားမှာ ၅၁.၂၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။ ကုမ္ပဏီ၏ စွမ်းအင်စီမံကိန်းများကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂ နိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသည်။ Gaojing သုတေသနစင်တာ၌ AI အခြေပြု လျှပ်စစ်ဓာတ်အားခန့်မှန်းစနစ်၊ လေအားတာဘိုင်ထိန်းချုပ်မှုစနစ်နှင့် စွမ်းအင်စီမံခန့်ခွဲရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071