Thursday, April 30, 2026

လိမ်လည်မှုဗဟိုဌာနများကို ပူးပေါင်းနှိမ်နင်းရာအနည်းဆုံး ၂၇၆ ဦး...

အက်ဖ်ဘီအိုင်၊ ဒူဘိုင်းရဲတပ်ဖွဲ့နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူပေါင်း ၂၇၆ ဦး ထက်မနည်းကို ဖမ်းဆီးနိုင်ခဲ့ပြီး ခရစ်ပ်တိုငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများတွင် အသုံးပြုသည့် လိမ်လည်မှုဗဟိုဌာန...

ကသာမြို့ အကျဉ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံအမျိုးသား (၄)...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့အကျဉ်း ထောင်၌ ပြစ်ဒ-ဏ်ကျခံနေရသူများအနက် အကျဉ်းသား (၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။ ကဆုန်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်း ပြစ်ဒ-ဏ်ကျနေသူများအား လွတ်ငြိမ်းသက်သာခွင့်များ...

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...
HomeInternationalပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့သည်...

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့သည် ယူကရိန်းငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်နိုင်

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့သည် ယူကရိန်းပဋိပက္ခအတွက် အဖြေရှာရာတွင် ကူညီနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ပါရီမြို့တွင် ပြင်သစ်နှင့် ဗြိတိန်အရာရှိများနှင့် ဆွေးနွေးပြီးနောက် ပြောကြားလိုက်သည်။

သူ၏အဆိုအရ ဆွေးနွေးပွဲများသည် ထိရောက်သောရလဒ်ရှိခဲ့‌ကြောင်း သိရသည်။ “ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် ကျွန်ုပ်တို့အား ပဋိပက္ခ အဖြေရှာရန် ပိုမိုနီးစပ်လာစေရာတွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်” ဟု ရူဘီယိုက ပါရီမြို့ လီဘူဂျေလေဆိပ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့အပြင် အိမ်ဖြူတော်သည် ယူကရိန်းအရေးကိစ္စကို ဖြေရှင်းရာတွင် လန်ဒန်နှင့် ပါရီတို့နှင့် မပြတ်ဆက်သွယ်လျက်ရှိကြောင်းကိုလည်း သူက ထောက်ပြခဲ့သည်။ “ကျွန်ုပ်တို့သည် ၎င်းတို့၏ ပါဝင်မှုကို ကြိုဆိုပါသည်၊ ၎င်းသည် အရေးကြီးသည်ဟု ယူဆပါသည်” ဟု သူက နိဂုံးချုပ်ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန် သည် ဧပြီ ၁၇ ရက်နေ့တွင် ပါရီမြို့၌ မာကိုရူဘီယို နှင့် အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပြင်သစ်သမ္မတနန်းတော်၏ထုတ်ပြန်ချက်တွင်လည်း “ထိရောက်သော ဆွေးနွေးပွဲများသည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် နိုင်ငံတကာအခြေအနေများ ပိုမိုနီးစပ်လာစေခဲ့သည်” ဟု ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လိမ်လည်မှုဗဟိုဌာနများကို ပူးပေါင်းနှိမ်နင်းရာအနည်းဆုံး ၂၇၆ ဦး အဖမ်းခံရ၊ မြန်မာတစ်ဦးပါ

အက်ဖ်ဘီအိုင်၊ ဒူဘိုင်းရဲတပ်ဖွဲ့နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူပေါင်း ၂၇၆ ဦး ထက်မနည်းကို ဖမ်းဆီးနိုင်ခဲ့ပြီး ခရစ်ပ်တိုငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများတွင် အသုံးပြုသည့် လိမ်လည်မှုဗဟိုဌာန (Scam Centers) ၉ ခု ထက်မနည်းကို ဖျ-က်သိမ်းနိုင်ခဲ့သည်။ အဆိုပါ လိမ်လည်မှုဗဟိုဌာနများသည် အမေရိကန်နိုင်ငံသားများကို ပ-စ်မှတ်ထားခဲ့ကြပြီး၊ ထိုသို့လိမ်လည်မှုများကြောင့် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ၂၀၂၅ ခုနှစ်တွင် ဆန်ဒီယေဂို အက်ဖ်ဖီအိုင်‌အေးဂျင့်များသည် ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများကို လုပ်ဆောင်နေသော ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များစွာကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ပြည်တွင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ က စုံစမ်းစစ်ဆေးရေးကို...

ကသာမြို့ အကျဉ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံအမျိုးသား (၄) ဦး လွတ်ငြိမ်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့အကျဉ်း ထောင်၌ ပြစ်ဒ-ဏ်ကျခံနေရသူများအနက် အကျဉ်းသား (၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။ ကဆုန်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်း ပြစ်ဒ-ဏ်ကျနေသူများအား လွတ်ငြိမ်းသက်သာခွင့်များ ခွင့်ပြုပေးလျက်ရှိရာ ကသာမြို့ အကျဉ်းထောင်မှ (၄) ဦး ပါဝင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက် ရက်စွဲပါ အမိန့်အမှတ် (၅၁/ ၂၀၂၆) အရ လွတ်ငြိမ်းသက်သာခွင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွှဲ (၁) နာရီက ကသာအကျဉ်းထောင်ရှိ ဧရာရန်အောင် ခန်းမတွင်ပြုလုပ်ရာ ကသာခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071