Sunday, May 3, 2026

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့်...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက်...

မုံရွာမြို့ ချင်းတွင်းမြစ်ရိုးတလျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊...
HomeMoviesပျော်ဘွယ်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များလဲကျကာ...

ပျော်ဘွယ်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များလဲကျကာ နေအိမ်များပေါ် ပိမိမှုဖြစ်ပွား

ယနေ့ညနေပိုင်းက ပျော်ဘွယ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်အချို့ရှိ နေအိမ်များပေါ်သို့ သစ်ပင်ကြီးများ လဲကျပိမိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ အဆိုပါ ထိခိုက်ပျက်စီးမှုများအတွက် နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနေရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးတိမ်တောင်များဖြစ်ထွန်းကာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည့်အတိုင်း ပျော်ဘွယ်မြို့နယ်တွင်လည်း ယနေ့ ဧပြီ ၂၈ ရက်၊ ညနေ ၄ နာရီခွဲခန့်က စတင်ကာ သဘာဝဘေးဒဏ် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျော်ဘွယ်မြို့၊ မြို့မရပ်ကွက်နှင့် မြင်းဘက်ရပ်ကွက်တို့အတွင်းရှိ လမ်းဘေးဝဲယာမှ သစ်ပင်ကြီးများ လဲကျခဲ့ပြီး အချို့မှာ လူနေအိမ်များပေါ်သို့ ပိမိခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ဖြစ်ပွားရာနေရာများသို့ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက သွားရောက်ကာ လဲကျနေသည့် သစ်ပင်များကို ခုတ်ထွင်ဖယ်ရှားပေးခြင်းနှင့် လမ်းပိတ်ဆို့မှုများကို ရှင်းလင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ မိုးဦးကာလ လေပြင်းတိုက်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်အနီးရှိ ကြံ့ခိုင်မှုမရှိသော သစ်ပင်သစ်ကိုင်းများကို ကြိုတင်ခုတ်ထွင်ရှင်းလင်းထားကြရန်နှင့် လေပြင်းတိုက်ခတ်စဉ်အတွင်း သစ်ပင်ကြီးများ၊ လျှပ်စစ်ဓာတ်တိုင်များနှင့် ကြော်ငြာဘုတ်ကြီးများအနီး ခိုလှုံခြင်းမပြုကြရန် သတိပြုစေလိုပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်‌တော်ဝင်ခြင်းသည်...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ချီးကျူးဂုဏ်ပြုသည့် မိန့်ခွန်းပြောကြားသွားမည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။ အောက်တိုဘာလတွင် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် တာကာအိချီ၏ ပထမဆုံးဗီယက်နမ်ခရီးစဉ်သည် စွမ်းအင်လုံခြုံရေး၊ ထောက်ပံ့ရေးကွင်းဆက်၏ ပြန်လည်ရုန်းထနိုင်စွမ်းနှင့် နည်းပညာတီထွင်ဆန်းသစ်မှုတို့တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်ကြောင်း ဗီယက်နမ်အစိုးရပိုင်မီဒီယာများက သတင်းဖော်ပြခဲ့သည်။ သူသည် စနေနေ့တွင် ဝန်ကြီးချုပ် လီမင်ဟွန်းအပြင် ပြီးခဲ့သည့်လကပင် သမ္မတအဖြစ်လည်းတင်မြှောက်ခံခဲ့ရသော ကွန်မြူနစ်ပါတီခေါင်းဆောင် တိုလမ်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ဂျပန်သည် ဗီယက်နမ်၏...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့် တောင်သူလယ်သမားစျေးဖွင့်လှစ်ရောင်းချ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက် မွေးမြူရေးထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ဟင်းသီးဟင်းရွက်အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီ အရောင်းဆိုင်ခန်းများ စုစုပေါင်းဆိုင်ခန်း (၃၀) ကျော်ဖြင့် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချခဲ့မှုအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တောင်သူလယ်သမားစျေးကို လစဉ်ပထမပတ်၏ စနေနေ့တွင်ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကာ နောင်လာမည့်အပတ်တွင်လည်း ဈေးဆိုင်ခန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071