နေပြည်တော်၊ ပျဥ်းမနားမြို့တွင် E-Bike အားသွင်းထားရာမှအပူလွန်ကဲမီးလောင်ခဲ့မှု ဇွန် ၄ ရက်ည ၁၁ နာ ရီကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့တို့ထံမှ သိရသည်။
ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ (၉)လမ်း၊ စဥ့်အိုးဘိုဘုန်းကြီးကျောင်းရှေ့တွင် E-Bike အားသွင်းထားရာမှအပူလွန်ကဲမီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၁ နာရီ ၁၉ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ဆိုင်ခန်း(၅)ခန်းမီးလောင်ပျက်စီးခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Photo-ကိုဟိန်း
