ပျဥ်းမနားမြို့အနီး ကျောက်ချက်တံတား ဆင်ေ-သချောင်းတွင်ချောင်းရေမြင့်တက်နေခြင်းကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများ သတိပြုနေထိုင်ရန် ပရဟိတအသင်းများက ယနေ့ ဩဂုတ်(၂၇)ရက်တွင် နှိုးဆော်ထားသည်။
ဆင်သေချောင်းချောင်းရေမြင့်တက် နေခြင်းကြောင့် ပျဉ်းမနားမြို့ဆင်ေ-သချောင်းအောက်ဖက်ရှိ ကျေးရွာများဖြစ်သည့် သကြားစက်၊ နှမ်းတော၊ ကျွန်းဦး၊ စျေးကုန်း၊ ဆင်သေကျေးရွာမှ ဒေသခံများက ချောင်းရေမြင့်တက်လာမည်ကို စိုးရိမ်နေသည်။
ထိုသို့သော အခြေအနေများကြောင့် ရန်ကုန်အပါအဝင် နီးစပ်ရာဒေသရှိ ပရဟိ တအသင်းများကလည်း ထွက်ခွာကူညီရန်အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။
“မနှစ်က အခြေအနေမရောက်သေးပေမယ့်သတိပြုဖို့နဲ့ ရုတ်တရက်ရေကြီးရေ လျှံဖြစ်မှာကို စိုးရိမ်နေကြတာ။ အခုကမိုးကလည်းရွာနေတော့ နဝင်းချောင်းက ရေက ဆင်သေချောင်းကိုဝင်နေတော့ သတိထားစောင့်ကြည့်နေရတယ်”ဟု ဒေသတွင်း မြေပြင်ကယ်ဆယ်ဆောင်ရွက်ရန်ပြင်ဆင်ထားသူတစ်ဦးက ပြောသည်။
နေပြည်တော်ဘက်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဇေယျာသီရိမြို့ ပင်လောင်းလမ်းဆုံ ကားလမ်းမပေါ်တွင် ရေကြီးရေလျှံမှုများဖြစ်နေပြီး ယာဉ်အချို့ပတ်ဆို့နေကြောင်း သိရသည်။
နေပြည်တော်တွင် လက်ရှိအချိန်ထိ မိုးများဆက်တိုက်ရွာသွန်းနေပြီး ယနေ့ ဩဂုတ်လ (၂၇) ရက်နေ့ ညနေအထိ မိုးအဆက်မပြတ်ရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားခြင်းကြောင့် ယမန်နှစ်ကအတိုင်း ရေကြီးရေလျှံဖြစ်ပွားမှာကိုစိုရိမ်နေကြကြောင်း သိရသည်။
