Friday, June 6, 2025

နိုင်ငံတကာ လက်မောင်းလှဲပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက်...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယခုလ (၇) ရက်၌ ကျင်းပပြုလုပ်မည့် နိုင်ငံတကာ လက်မောင်းလှဲပြိုင်ပွဲသို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အသက် (၁၆) နှစ်အရွယ်...

သီတဂူစက္ခုဒါနဆေးရုံ ဇွန်လ (၁၂)ရက်တွင် အခမဲ့...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါန ဆေးရုံကြီးကို ယခုလ ဇွန် (၁၂) ရက် မှစတင်ကာ အခမဲ့ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံဦးဆောင်နာယက...

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက...

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့...
HomeNewsLocal Newsပဲခူးမြို့တွင် "ကမ္ဘာကျော်"ခရီးသည်တင်ကားက ဆိုင်ကယ်အားရှောင်တိမ်းစဥ်...

ပဲခူးမြို့တွင် “ကမ္ဘာကျော်”ခရီးသည်တင်ကားက ဆိုင်ကယ်အားရှောင်တိမ်းစဥ် အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့်တွဲကား၏ နောက်ပိုင်းအားဝင်တိုက် ကားမောင်းသူနှင့်ယာဥ်နောက်လိုက်သေဆုံး

ပဲခူးတိုင်း၊ပဲခူးမြို့၊သာယာအေးကျေးရွာရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ဒီဇင် ဘာ ၂၇ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီခွဲက ပဲခူးမြို့၊သာယာအေးကျေးရွာရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်း၏ သာယာအေးလမ်းဆုံတွင် “ကမ္ဘာကျော်”ခရီးသည်တင်ကားက ဆိုင်ကယ်အားရှောင်တိမ်းစဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး၌ရပ်ထားသည့် တွဲကား၏နောက်ပိုင်းအားဝင်တိုက်မိခဲ့သည်။

ဖြစ်စဥ်ကြောင့် ခရီးသည်တင်ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်းညပ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ထုတ်ပေးခဲ့ကြသော်လည်း ထိခိုက်ဒဏ်ရာများရရှိထားကာ သေဆုံးလျက်ပြန်လည်ထုတ်ယူနိုင်ခဲ့ပြီး ယာဥ်နောက်လိုက်ဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကားမောင်းတဲ့လူနဲ့ စပယ်ယာသေဆုံးတဲ့အပြင် ခရီးသည် ၂ ယောက်လည်း စိုးရိမ်ရဒဏ်ရာတွေရသွားတယ် အရှိန်ကတော်တော်များတဲ့အနေအ ထားရှိတယ် ကားခေါင်းတစ်ခုလုံးကြေမွပျက်စီးသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူ ၂ ဦးတို့အား လူမှုကူညီရေးအသင်းကားများဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတကာ လက်မောင်းလှဲပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက် (၁၆) နှစ်အရွယ် မောင်အောင်သူရစံ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယခုလ (၇) ရက်၌ ကျင်းပပြုလုပ်မည့် နိုင်ငံတကာ လက်မောင်းလှဲပြိုင်ပွဲသို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အသက် (၁၆) နှစ်အရွယ် မောင်အောင်သူရစံ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် ထိုင်း ၊ စင်္ကာပူ ၊ မလေးရှား စသည့်နိုင်ငံများမှ လာရောက်ယှဉ်ပြိုင်မည်ဟု သိရပြီး၊ မောင်အောင်သူရစံအနေဖြင့် အသက် (၁၈)နှစ်အောက်နှင့် အသက် (၁၈)နှစ်အထက် Open ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက မန္တလေးမြို့တွင်...

သီတဂူစက္ခုဒါနဆေးရုံ ဇွန်လ (၁၂)ရက်တွင် အခမဲ့ ဖွင့်လှစ်ကုသမည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါန ဆေးရုံကြီးကို ယခုလ ဇွန် (၁၂) ရက် မှစတင်ကာ အခမဲ့ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံဦးဆောင်နာယက ဆရာတော်ထံမှ သိရသည်။ သီပေါ သီတဂူစက္ခုဒါန ဆေးရုံကြီးတွင် လျှပ်စစ်မီးဖြင့် အသုံးပြုရသည့် ခွဲခန်းသုံးအဝတ်များ၊ ခွဲစိတ်ကိရိယာများပေါင်းရန်ပေါင်းအိုး (၅)လုံး၊ မျက်စိခွဲစိတ်စက် (၅)လုံး၊ မျက်စိရောဂါရှာဖွေသည့် စက်က (၄)လုံး ၊ မျက်စိရေချိန်တိုင်းစက် (၃)လုံး ၊ ခွဲစိတ်ပြီး မျက်စိအတွင်းထည့်ရန် မှန်ဘီလူးတိုင်းစက် (၂)လုံး၊ လေအေးပေးစက် (၁၈)လုံးရှိပြီး လက်ရှိတွင် သန့်ရှင်းရေးများဆောင်ရွက်လျက်ရှိကြောင်း...

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး ရဟန်းခံရှင်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေ တာကော်၊ ဟွေဟင်၊ (၇)မိုင်သီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့သည်။ လွယ်လုံးကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၂၂)ရွာမှ ရှမ်း၊ လားတူ၊ လီဆူ၊ ပလောင်တိုင်းရင်းသား၊ တိုင်းရင်းသူ(၅၀၀)ကျော်မှ ဗုဒ္ဓအ ဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်းဖြစ်ကာ အလှူရှင်မှာ ဦးဘိုလေး လူမှုထူးချွန်(ဒုတိယအဆင့်)၊ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ)နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံနှင့် မိသားစုတို့ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓအဆုံးအမများကိုယုံကြည်သည့် တိုင်း ရင်းသား မိသားစုဝင်များအား ဘုရားဆင်းတုတော်၊ ဆန်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071