Monday, August 3, 2026

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင်...

၂ နှစ်အရွယ် ကလေးငယ် ရထားတိုက်မိ၍...

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မီးရထားသံလမ်းပေါ် ရောက်ရှိနေစဉ် မန္တလေး-ရန်ကုန် အမှတ် (၆) အစုန်...

အင်းလျားကန် ဘေးကင်းကြံ့ခိုင်ရေးအတွက် ဘူမိရူပဗေဒ စစ်ဆေးလေ့လာမှုများ...

ရန်ကုန်၊ ဩဂုတ် ၃ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့ခိုင်မာရေးအတွက် ဘူမိရူပဗေဒ (Geophysics) တိုင်းတာစစ်ဆေး စူးစမ်းလေ့လာမှုများကို ဇူလိုင် ၁၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နှစ်နိုင်ငံ စွမ်းအင်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းဆက်ဆံရေး မြှင့်တင်ရေး အမြင်ချင်းဖလှယ် ဒါကာ၊ ဩဂုတ် ၃ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စွမ်းအင်နှင့် တွင်းထွက်ရင်းမြစ်များဝန်ကြီး H.E....
HomeNewsLocal Newsပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်းဦးဝင်းသိန်း ထောင်အနှစ်(၂၀)ချမှတ်ခံရ

ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်းဦးဝင်းသိန်း ထောင်အနှစ်(၂၀)ချမှတ်ခံရ

(Unicode)

ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်းဦးဝင်းသိန်း ထောင်အနှစ်(၂၀)ချမှတ်ခံရ

ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းကို ပဲခူးတိုင်းတရားလွှတ်တော်က အလုပ် နှင့်ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် ဖေဖော်ဝါရီ ၁၇ ရက်တွင် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ဇွန်လ ၁၅ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုလုပ် အမှုဖွင့်ထားသော အဂတိအမှုများနှင့် ပတ်သတ်ပြီး ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့သည့် ရာဇဝတ်မှုအမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ အမှု ခုနစ်မှုဖြင့် လက်ခံစစ်ဆေးခဲ့သည့်အမှုများနှင့် ပတ်သတ်ပြီး အမိန့်ချလိုက်ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအား အမိန့်ချလိုက်ရာတွင် ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁၊ ၂/၂၀၂၁၊ ၃/၂၀၂၁၊ ၄/၂၀၂၁၊ ၅/၂၀၂၁ နှင့် ၇/၂၀၂၁ တို့ အတွက် အလုပ် နှင့်ထောင်ဒဏ် ၃နှစ်စီဖြင့် ၁၈ နှစ် ရာဇဝတ်ကြီးမှုအမှတ် ၆/၂၀၂၁ အတွက် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အမှုခုနစ်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ် ခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးဝင်းသိန်းသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက နိုင်ငံတော်သို့ လှူဒါန်းသည့် အလှူငွေကျပ် ၂၃၉ သန်းကျော်ကို ပြည်ထောင်စုအစိုးရ အဖွဲ့ကထုတ်ပြန်သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ နှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ မိမိတစ်ဦးတည်းသဘောဖြင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များတွင် သုံးစွဲခြင်းနှင့် ပါတီလုပ်ငန်းများတွင် သုံးစွဲထောက်ပံ့ခြင်း၊ ပဲခူးမြို့နယ်အတွင်း တပ်စွန့်လွှတ်မြေပေါ်တွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပေးအပ်သည့် ငွေကျပ်သိန်း ၁၀၀ ကို လက်ခံရယူခဲ့ခြင်း၊ ပုဂ္ဂလိကကုမ္ပဏီဥက္ကဋ္ဌတစ်ဦးထံမှ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးအတွက် လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀၀ ကို လက်ခံရယူပြီး အလှူငွေစာရင်းတွင် ထည့်သွင်းရေးသားမှုမပြုခြင်း စသည်တို့ ကျူးလွန်ခဲ့သည်ဆိုပြီး တရားစွဲခဲ့ခြင်းဖြစ်သည်။

(Zawgyi)

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းဦးဝင္းသိန္း ေထာင္အႏွစ္(၂၀)ခ်မွတ္ခံရ

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဝင္းသိန္းကို ပဲခူးတိုင္းတရားလႊတ္ေတာ္က အလုပ္ ႏွင့္ေထာင္ဒဏ္ ႏွစ္ ၂၀ က်ခံေစရန္ ေဖေဖာ္ဝါရီ ၁၇ ရက္တြင္ အမိန႔္ခ်မွတ္ခဲ့သည္ဟု သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၁ ဇြန္လ ၁၅ရက္က အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က တရားလိုလုပ္ အမႈဖြင့္ထားေသာ အဂတိအမႈမ်ားႏွင့္ ပတ္သတ္ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဝင္းသိန္း အေပၚ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ အရ ပဲခူးတိုင္းေဒသႀကီး တရားလႊတ္ေတာ္တြင္ ၂၀၂၁ ခုႏွစ္ ဇူလိုင္ ၈ ရက္၌ တရားစြဲဆိုတင္ပို႔ခဲ့သည့္ ရာဇဝတ္မႈအမွတ္ ၁/၂၀၂၁ မွ ၇/၂၀၂၁ အထိ အမႈ ခုနစ္မႈျဖင့္ လက္ခံစစ္ေဆးခဲ့သည့္အမႈမ်ားႏွင့္ ပတ္သတ္ၿပီး အမိန႔္ခ်လိုက္ျခင္းျဖစ္သည္။

ပဲခူးတိုင္းေဒသႀကီး တရားလႊတ္ေတာ္က ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၇ ရက္က ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဝင္းသိန္းအား အမိန႔္ခ်လိုက္ရာတြင္ ရာဇဝတ္ႀကီးမႈအမွတ္ ၁/၂၀၂၁၊ ၂/၂၀၂၁၊ ၃/၂၀၂၁၊ ၄/၂၀၂၁၊ ၅/၂၀၂၁ ႏွင့္ ၇/၂၀၂၁ တို႔ အတြက္ အလုပ္ ႏွင့္ေထာင္ဒဏ္ ၃ႏွစ္စီျဖင့္ ၁၈ ႏွစ္ ရာဇဝတ္ႀကီးမႈအမွတ္ ၆/၂၀၂၁ အတြက္ အလုပ္ႏွင့္ေထာင္ဒဏ္ ၂ ႏွစ္ စုစုေပါင္း အမႈခုနစ္မႈအတြက္ အလုပ္ႏွင့္ေထာင္ဒဏ္ အႏွစ္ ၂၀ က်ခံေစရန္ အမိန႔္ခ်မွတ္ ခဲ့သည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ဦးဝင္းသိန္းသည္ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ကုမၸဏီမ်ားက ႏိုင္ငံေတာ္သို႔ လႉဒါန္းသည့္ အလႉေငြက်ပ္ ၂၃၉ သန္းေက်ာ္ကို ျပည္ေထာင္စုအစိုးရ အဖြဲ႕ကထုတ္ျပန္သည့္ ေဒသဖြံ႕ၿဖိဳးေရးရန္ပုံေငြဆိုင္ရာ ဘ႑ာေရးလုပ္ထုံးလုပ္နည္း အမိန႔္ေၾကာ္ျငာစာအမွတ္ ၅၈/၂၀၁၉ ႏွင့္အညီ ေဆာင္႐ြက္ျခင္းမရွိဘဲ မိမိတစ္ဦးတည္းသေဘာျဖင့္ ကိုယ္ေရးကိုယ္တာ ကိစၥရပ္မ်ားတြင္ သုံးစြဲျခင္းႏွင့္ ပါတီလုပ္ငန္းမ်ားတြင္ သုံးစြဲေထာက္ပံ့ျခင္း၊ ပဲခူးၿမိဳ႕နယ္အတြင္း တပ္စြန႔္လႊတ္ေျမေပၚတြင္ စီးပြားေရးလုပ္ငန္းေဆာင္႐ြက္သည့္ ကုမၸဏီတစ္ခုက လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ ေပးအပ္သည့္ ေငြက်ပ္သိန္း ၁၀၀ ကို လက္ခံရယူခဲ့ျခင္း၊ ပုဂၢလိကကုမၸဏီဥကၠ႒တစ္ဦးထံမွ ကိုဗစ္-၁၉ ကပ္ေရာဂါကာကြယ္ေရးအတြက္ လႉဒါန္းသည့္ ေငြက်ပ္သိန္း ၂၀၀ ကို လက္ခံရယူၿပီး အလႉေငြစာရင္းတြင္ ထည့္သြင္းေရးသားမႈမျပဳျခင္း စသည္တို႔ က်ဴးလြန္ခဲ့သည္ဆိုၿပီး တရားစြဲခဲ့ျခင္းျဖစ္သည္.

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန် မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၃၄/၂၀၂၆)အဖြစ် သတိပေးခဲ့သည်။ ယင်း ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းမှ သြဂုတ် ၆ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်...

၂ နှစ်အရွယ် ကလေးငယ် ရထားတိုက်မိ၍ သေဆုံး

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မီးရထားသံလမ်းပေါ် ရောက်ရှိနေစဉ် မန္တလေး-ရန်ကုန် အမှတ် (၆) အစုန် DEMU (Japan) ခရီးသည်တင်ရထား တိုက်မိသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၁ ရက် ညနေ ၄ နာရီခန့်က ဘုရားကြီးဘူတာအနီး မီးရထားလမ်း မိုင်တိုင်အမှတ် (၅၇/၃) နှင့် (၅၇/၄) အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ဘုရားကြီးမြို့ အမှတ် (၁) ရပ်ကွက်နေ အသက်...

အင်းလျားကန် ဘေးကင်းကြံ့ခိုင်ရေးအတွက် ဘူမိရူပဗေဒ စစ်ဆေးလေ့လာမှုများ စတင်ဆောင်ရွက်

ရန်ကုန်၊ ဩဂုတ် ၃ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့ခိုင်မာရေးအတွက် ဘူမိရူပဗေဒ (Geophysics) တိုင်းတာစစ်ဆေး စူးစမ်းလေ့လာမှုများကို ဇူလိုင် ၁၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ထံမှ သိရသည်။ အဆိုပါ လုပ်ငန်းကို YCDC အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကန်၏ မြေသားဖွဲ့စည်းပုံနှင့် တာတမံကြံ့ခိုင်မှုအခြေအနေများကို အသေးစိတ် တိုင်းတာစစ်ဆေးလျက်ရှိကြောင်း သိရသည်။ စစ်ဆေးလေ့လာမှုမှ ရရှိလာသည့် ရလဒ်များအပေါ် မူတည်၍ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှု၊ ကြံ့ခိုင်မှုနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071