လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် AA နှင့် PDF အဖွဲ့ဝင်(၃၁)ဦးအား ယနေ့ မေ ၁၁ ရက်တွင် ဧ ရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာန ချုပ်၌ မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တက်ရောက် ၍ သြဝါဒစကားပြောကြားပြီး အလင်းဝင်လာသူများအပ်နှံသည့် လက်နက်ခဲယမ်းများကိုလက်ခံရယူ၍ ဆု ကြေးငွေ၊ ဂုဏ်ပြုထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အလင်းဝင်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
