ပဲခူးတိုင်း(အရှေ့)၊ ပဲခူးမြို့၊ ပဲခူးစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ၌သုံးစွဲလျက်ရှိသော စက်မှုလုပ်ငန်းသုံးမီတာများကို တိုင်း/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများက စက်တင်ဘာ ၁၇ ရက်တွင် လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စက်မှုဇုန်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားလေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေးတို့အတွက် လိုက်လံစစ်ဆေးခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
