Friday, June 19, 2026

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏...

ကားတင်မက အိမ်ပါမီးလင်းစေမည့် LEAPMOTOR ၏...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့ရှိ LEAPMOTOR ကုမ္ပဏီကို ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုလေ့လာခဲ့သည်။ လက်ရှိကမ္ဘာ့စီးပွားရေးဈေးကွက်တွင် လျှပ်စစ်ကား...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ...

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအ သစ်များရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်ခြင်းကို ဇွန် ၁၇ ရက်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်၍...
HomeNewsLocal Newsပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေများအား တရားမဝင်...

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေများအား တရားမဝင် ရောင်းချနေခြင်းအပေါ် အရေးယူ​တော့မည်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ပုံစံ (၇)ရရှိပြီး လယ်ယာမြေများအား အကွက်ရိုက်၍ တရားမဝင်ရောင်းချနေသည့်အပေါ် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အောင်မြေသာစံ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီက မေ (၂၇) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ပုသိမ်ကြီးမြို့နယ်ရှိ လယ်ယာမြေများနှင့် ပုံစံ(၇) ရရှိပြီး လယ်ယာမြေများပေါ်တွင် လယ်ယာမြေဥပဒေနှင့်အညီ စိုက်ပျိုးမှုမရှိခြင်း၊ လယ်ယာမြေများကို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လှပ်ထားခြင်း၊ လယ်ယာမြေများကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲခြင်း၊ အခြားနည်းအသုံးပြုခွင့် ရရှိထားသော်လည်း လျှောက်ထားသည့်နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန်ဆောင်ရွက်နေခြင်းများအား စီစစ်တွေ့ရှိရသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် လယ်ယာမြေများပေါ်တွင် မြေဖို့ခြင်း၊ကွက်စိပ်ရိုက်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ ကွန်ကရစ်တိုင်စိုက်ထူ၍ ခြံစည်းရိုးကာရံခြင်း၊ နေအိမ်ဆောက်လုပ်ခြင်း၊ ဈေးဆိုင်ခန်းများ ဆောက်လုပ်ခြင်းနှင့် တရားမဝင် မြေအရောင်းအဝယ်ပြုလုပ်ခြင်းများကိုလည်း စိစစ်တွေ့ရှိရသည်ဟု ဆိုသည်။

ယင်းကဲ့သို့ ဥပဒေနှင့် ညီညွတ်မှုမရှိသည့် လုပ်ဆောင်မှုများအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ လယ်ယာမြေဥပဒေ ပုဒ်မ-၁၉ အရ အမိန့်တစ်ရပ်ကိုဖြစ်စေ၊အမိန့်တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်ခြင်း၊ လိုက်နာခြင်းမရှိပါက လယ်ယာမြေ ဥပဒေ ပုဒ်မ-၂၀(က) အရ သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုခြင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ-၁၇ (ဃ)အရ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်း၊ လယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်းများဖြင့် အရေးယူသွားမည်ဟုအောင်မြေသာစံ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီက အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

“ပုသိမ်ကြီးဖက်က လယ်မြေတွေကို အကွက်ရိုက်ရောင်းနေတာတွေရှိတယ်။ တစ်ချို့ဆိုရင် အရစ်ကျနဲ့ ရောင်းနေကြတာ။ အဲဒီလို ရောင်းနေတာတွေက လယ်မြေတွေဖြစ်တဲ့အတွက် ခိုင်မာမှုမရှိဘူးဗျ”ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ပုသိမ်ကြီးမြို့နယ်သည် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်း၊မန္တလေးမြို့၌ လူ​နေသိပ်သည်းမှုများပြားလာ၍ လူနေထိုင်ရန် (သို့) စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် စိတ်ဝင်စားမှု မြင့်တက်လာကာ နယ်မြေအေးချမ်း၍ မြေကွက်ဝယ်ယူသူများ များပြားလာခြင်းဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ လေ့လာ၊ Leapmotor နှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများ ဆွေးနွေး

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Leapmotor ကုမ္ပဏီသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ကုမ္ပဏီတာဝန်ရှိသူများက EV မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နောက်ဆုံးပေါ် မောင်းနှင်မှုနည်းပညာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုခဲ့သည်။ Leapmotor ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ EV စက်မှုလုပ်ငန်းတွင်...

ကားတင်မက အိမ်ပါမီးလင်းစေမည့် LEAPMOTOR ၏ အိမ်သုံးစမတ်စွမ်းအင်စနစ်များ မကြာမီခေတ်စားလာဖွယ်ရှိ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့ရှိ LEAPMOTOR ကုမ္ပဏီကို ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုလေ့လာခဲ့သည်။ လက်ရှိကမ္ဘာ့စီးပွားရေးဈေးကွက်တွင် လျှပ်စစ်ကား (EV) ထုတ်လုပ်သည့် ကုမ္ပဏီများသည် ကားထုတ်လုပ်ရုံတင်မကဘဲ ၎င်းတို့၏ အဆင့်မြင့်ဘက်ထရီနည်းပညာများကို အခြေခံကာ အိမ်သုံးစွမ်းအင်သိုလှောင်မှုစနစ် (Home Energy Storage) ကဏ္ဍထဲအထိ စီးပွားရေးနယ်ပယ် ချဲ့ထွင်လာကြသည်ကို တွေ့ရသည်။ အထူးသဖြင့် တရုတ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်သည့် LEAPMOTOR က ပြသထားသည့် အိမ်သုံးအဆင့်မြင့် စမတ်စွမ်းအင်နှင့် ဘက်ထရီသိုလှောင်မှုစနစ်သည် နည်းပညာလောကတွင် စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။ အဆိုပါစနစ်သည် နေရောင်ခြည်စွမ်းအင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေ ကြား

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel တွင် တရုတ်နိုင် ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေကြားခဲ့သည်။ နိုင်ငံတော်သမ္မတက မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ စီးပွားရေးနှင့် ကုန်သွယ် ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို ပြည့်စုံစွာဖြေကြားခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများအ ပေါ် မြန်မာနိုင်ငံ၏သဘောထားများအပါအဝင် Phoenix သတင်းဌာနမှသိရှိလိုသည့် အကြောင်းအရာများကိုလည်း ပြည့်စုံစွာဖြေကြားခဲ့သည်။ နိုင်ငံတော်သမ္မတသည် ဇွန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071