Saturday, May 30, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉...

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့...

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်...

အီရန်စစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၉၅.၂ ဘီလီယံကျော်...

အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ "အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost...
HomeNewsLocal Newsပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မ ရှင်က နိုင်ငံပိုင်...

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မ ရှင်က နိုင်ငံပိုင် အဆောက်အဦနှင့် မြေကွက်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းမည်

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မ ရှင်က နိုင်ငံပိုင် အဆောက်အဦနှင့် မြေကွက်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းမည်

 ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မ ရှင်က နိုင်ငံပိုင် အဆောက်အဦနှင့် မြေကွက်များကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်း အချို့က နိုင်ငံပိုင် အဆောက်အဦနှင့် မြေကွက် (၂၇) ခုကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရောင်းချမည့် အဆောက်အဦနှင့် မြေနေရာများမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ၊ မန္တလေး တိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အဆောက်အဦနှင့် မြေနေရာ (၂၇) နေရာတို့ ဖြစ်ကြသည်။

ယင်း ရောင်းချမည့် နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊(ဇ)မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ အမှတ်(၂၅၈-က)ရှိ မြေ(၀.၂၀၃)ဧကနှင့် အ ဆောက်အဦ၊ တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာရံပါရမီရပ်ကွက်၊ ကန်သာယာလမ်းသွယ်(၃)၊ အမှတ်(၄)ရှိ မြေ (၀.၁၄၄)ဧကနှင့် အဆောက်အဦ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်/ရှေ့ရပ်ကွက်၊ (၉၃) လ မ်း၊ အိမ်အမှတ်(၉၈)ရှိ မြေ(၀.၀၂၇)ဧကနှင့် အဆောက် အဦ၊ မရမ်းကုန်းမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မြိုင်ဟေဝန်ကွန်ဒို၊ ဂျန်းရှင်း(၈)၊ ဘီတာဝါပဥ္ဇမထပ်၊ အခန်းအမှတ် (၅၀၈)ရှိ (၁၁၃၁) စတုရန်းပေ တို က်ခန်း တစ်ခန်း၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၁၆၃)ရှိ (၅၉x ၂၁)ပေ မြေညီထပ်အခန်းတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်၊ စိတ္တရမဟီ (၇၃)လမ်း၊ ၂၉x၃၀ ကြား၊ အကွက်အမှတ်(၇၁၅)ရှိ မြေ(၀.၀၉၃၇) ဧကနှင့် အဆောက်အဦ၊ အမှတ်(၀၂၀)ဖွဲနုဆီစက်၊ မိုးကြိုးကုန်းရွာ၊ ကျောက်ဆည်မြို့၊ မန္တလေး တိုင်းဒေသကြီးရှိ မြေ(၃၄.၀၂)ဧကနှင့် အ ဆောက်အဦ (ဆီစက်လုပ်ငန်းသာ ဆက်လက်လုပ်ကိုင်ရန်)၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ မင်္ဂလာလ မ်း၊ (၆၈x၆၉)  ကြား၊ အကွက်အမှတ်(ဓဓ-၂၂)ရှိ မြေ (၀.၀၅၅၁)ဧကနှင့် အဆောက်အဦ၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ လမ်း(၃၀)၊ (၅၃x၅၄) လမ်းကြား၊ အကွက်အမှတ်(ဘီ-၄)ရှိ မြေ(၀.၅၆၂၅) ဧကမြေကွက်၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အကွက်အမှတ် (ဇဇ-၂၉/၃၄)ရှိ မြေ (၀.၀၅၅၁) ဧကမြေ ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ (၆၈)လမ်း၊ ရွှေနှင်းဆီလမ်း နှင့် ယုဇနလမ်းကြား၊ အကွက်အမှတ်(တ-၇/စ)၊ ဦးပိုင်အမှတ် (၁၄) ရှိ မြေ(၀.၂၂၉၆) ဧကမြေကွက်ကိုလည်း ပြန်လည်ရော င်းချမည် ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၉)၊ ကွင်းအမှတ် (၁၁၅၅)၊ မြေကွက်အမှတ်(၄၀)ရှိ မြေ(၀.၂၉၅)ဧကနှင့် အဆောက်အဦ၊ ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက်၊ ကုန်းပေါ်တန်းလမ်း၊ အမှတ် (၁၉၅)ရှိ မြေ (၀. ၀၂၂)ဧကနှင့် အဆောက်အဦ၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး(၉)၊ ကွင်းအမှတ် (၁၁၅၅)၊ မြေကွက်အမှတ်(၄၁)ရှိ မြေ(၀.၂ ၇၅)ဧကမြေကွက်၊ ပဲခူးမြို့၊ ထန်းပင်ချောင်အုပ်စု၊ ကွင်းအမှတ်(၁၁၇၁-ခ)၊ ဦးပိုင်အမှတ် (၃၄/ ၃၅/ ၃၇/N-၃၈)ရှိ မြေ(၁၀.၇၁)ဧကမြေကွက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျုံးဒေါင့်ရပ်ရှိ မြေ(၂.၉၇၈) ဧကနှင့် သိုလှောင်ရုံ ခြောက်လုံး (ပက်စဖီး-၁၊၂၊၃၊၄) (မြဲ-၂၊ မြဲမြေစိုက်-၁)နှင့် ရေဆင်းတံတားတစ်စင်းလည်း ပါဝင်ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်‌ေမြာက်ပိုင်း၊ လောက်ကိုင်မြို့ နယ်၊ ဆီအောကျေးရွာ၊ ထင်ပါကျိုင်းအုပ်စု၊ မြေ (၁.၂၀) ဧကနှင့် အဆောက်အဦ၊ လောက်ကိုင်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ နားပန်ရွာ၊ မြေ(၀.၂၈၁)ဧကနှင့် အဆောက် အဦ၊ လောက်ကိုင်မြို့နယ်၊ အမှတ် (၁)ရပ် ကွက်၊ (ကွမ်ရင်မယ်တော်)ဘုရားကျောင်းအနီး၊ မြေ(၀.၂၃၁)ဧကနှင့် အဆောက်အဦ၊ လောက်ကိုင်မြို့နယ်၊ အမှတ်(၃) ရပ်ကွ က်၊ ဖုန်လင်ချိန်ရပ်၊ ကျင်းရွှေထန်လမ်းပေါ်ရှိ မြေ (၃.၉၈ ၃)ဧကနှင့် အဆောက်အဦ၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၊ ထင်ပါကျိုင်းအုပ်စု၊ ကျင်းရွှေထန်လမ်းသွယ်၊ မြေ(၁.၂၁)ဧကနှင့် အဆောက်အဦ၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ (ယခင်ဟောင်လိတ်ကျေးရွာအုပ်စု)၊ မြေ(၄.၁၇)ဧက၊နှင့် အဆောက်အဦ၊ မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက်၊ အမှတ်(က/၂၂)၊ မြေ(၀.၁၄၇)ဧကနှင့် အ ဆောက်အဦ၊ မူဆယ်မြို့၊ ရွှေသမင်ကွက်သစ်၊ စွမ်စော်ရပ်ကွက်၊ ဦးပိုင်အမှတ် (၁၂၅-ခ + ၁၂၄+ ၁၂၃-က+ ၁၃၈ -ခ+ ၁၃၉+၁၄၀-က) မြေ(၀.၃၀၁)ဧကနှင့် အဆောက်အဦ၊ တာချီလိတ်မြို့၊ တော်ကော့(အတွင်း)ရပ်ကွက် (ယခင်ဟောင်လိတ်ကျေးရွာအုပ်စု) အိမ်အမှတ်(၂၄၃)၊ ကွင်းအမှ တ်(၂၂) မြေ(၀.၂၃)ဧကနှင့် အဆောက်အဦတို့ကိုလည်း အိတ်ဖွင့်တင် ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ လွန်းကျိုင်းရွာ၊ လွန်းကျိုင်းကွင်း၊ ကွင်းအမှတ်(၂၃)ရှိ မြေ(၀.၇၀)ဧကနှင့် အဆောက်အဦ၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၅)လမ်းထောင့်၊ အိမ်အမှတ် (၅/၅၈+၅၉)အကွက်၊ ဦးပိုင်အမှတ်(၁၀၂၊ ၁၀၃) အမှတ်(၁၆)ရှိ မြေ(၀.၁၂၇)ဧကနှင့် (RC) သုံးထပ် တစ်လုံးကိုလည်း အိတ်ဖွင့်တင် ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် ထုတ်ပြန်ထားသည်။

အဆိုပါ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်းတွင် ဝယ်ယူရန် စိတ်ဝင်စားသူများအနေဖြင့် စက်တင်ဘာလ (၅) ရက်မှ (၈) ရက်အထိ နေပြည်တော်ရှိ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ရုံး ရုံးအမှတ် (၃၂)သို့ တင်ဒါ တင်သွင်းရမည်ဖြစ်သည်။

ထို့အပြင် တင်ဒါပုံစံ ဝယ်ယူခြင်းကို ဩဂုတ်လ (၁၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး စပေါ်ငွေသွင်းရမည့် ပမာဏကို အဆိုပြုလွှာတွင် တပါတည်း ဖော်ပြပေးသွားမည် ဖြစ်သည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို တိုင်းဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ တွင်း သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ မီဒီယာများသ တင်းရယူနိုင်ရေး၊ လွှတ်တော်ရုံးအတွင်း လုံခြုံရေးချ ထားမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉ ရက်တွင် ဖက်ခွက်များပြုလုပ်ကြီး ဆွမ်းဟင်းလောင်းလှူမည့်အလှူရှင်များထံလိုက်လံပို့ဆောင်ပေးကြကြောင်း သိရသည်။ " ဆွမ်းဟင်းလောင်းလှူဖို့အတွက် ဖက်ခွက်ပေါင်း (၅,၀၀၀)ကျော်လုပ်ရပါတယ်။ ရိုးရာအစဥ်အလာအ တိုင်း အလှူရှင်တွေက ဆွမ်းဟင်းတွေကို ဖက်ခွက်နဲ့လောင်းလှူကြမှာပါ"ဟု မြို့နယ်ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။ နယုန်လပြည့်နေ့နံနက်ပိုင်းတွင် အလှူရှင်များက မြို့ပေါ်ရပ်ကွက်နှင့် ဂေါဇဂါန်ရွာများမှ သံဃာတော်အပါး (၂၀၀)ကျော်ကို ဖက်ခွက်များဖြင့် ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ နေတန်ယာဟု ညွှန်ကြားထား

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။ အိန်ပရတ် ခေါင်းဆောင်မှုအကယ်ဒမီ(Ein Prat Leadership Academy) က ကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဟီဘရူးဘာသာစကားနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နေတန်ယာဟုက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ Channel 12 ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ နေတန်ယာဟုက "လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ ၆၀ ရာခိုင်နှုန်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071