Wednesday, June 3, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ မဟာရာရှ်ထရာပြည်နယ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်...

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန်...

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို...

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ...

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner-...
HomeNewsLocal Newsပုဂံဒေသတွင် သီးနှံအမယ်သစ်များစိုက်ပျိုးမည်ဆိုပါက မြေပေါ်မြေအောက်...

ပုဂံဒေသတွင် သီးနှံအမယ်သစ်များစိုက်ပျိုးမည်ဆိုပါက မြေပေါ်မြေအောက် အမွေအနှစ်များနှင့် သဘာဝရှုခင်းများ ထိခိုက်မှုမရှိစေရန် သီးနှံများရွေးချယ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေ

ပုဂံဒေသတွင် သီးနှံအမယ်သစ်များစိုက်ပျိုးမည်ဆိုပါက မြေပေါ်မြေအောက် အမွေအနှစ်များနှင့် သဘာဝရှုခင်းများ ထိခိုက်မှုမရှိစေရန် သီးနှံများရွေးချယ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေ

နေပြည်တော် အောက်တိုဘာ ၈

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ ယဉ်ကျေးမှု ဒေသတွင် သီးနှံအမယ်သစ်များ စိုက်ပျိုးမည် ဆိုပါက မြေပေါ်မြေအောက် အမွေအနှစ်များ နှင့် သဘာဝ ပသာဒရှုခင်းများကို ထိခိုက်မှု မရှိစေရန် သီးနှံများရွေးချယ်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ ယဉ်ကျေးမှု ဒေသတွင် ဆက်လက် ဆောင်ရွက်ရန် ကမ္ဘာ့ အမွေအနှစ် ကော်မတီ (World Heritage Committee-WHC) ၏ အကြံပြုချက် အရ ပုဂံဒေသ လယ်ယာစိုက်ပျိုးမှု မဟာဗျူဟာတစ်ရပ် ရေးဆွဲခြင်း ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က တာဝန်ယူ ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိ ပုဂံဒေသရှိ မြေယာရှုခင်းများကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကာ အစက်ချ ရေသွင်း စနစ်မျိုးကို ရွေးချယ် အသုံးပြုခြင်း အပါအဝင် မြေပေါ် မြေအောက် ရှေးဟောင်း အမွေအနှစ်များ မထိခိုက်စေသည့် ဆောင်ရွက်မှုများဖြစ်စေရန် လိုအပ်ကြောင်း၊ သီးနှံများ စိုက်ပျိုးရာတွင်လည်း ရိုးရာအစဉ်အလာ စိုက်ပျိုးသည့် ရာသီသီးနှံပင်များကို ပိုမိုစိုက်ပျိုး နိုင်စေရန် အားပေး ဆောင်ရွက် သွားမည်ဖြစ်ပြီး သီးနှံအမယ်သစ်များ စိုက်ပျိုးမည် ဆိုပါကလည်း မြေပေါ်မြေအောက် အမွေအနှစ်များ နှင့် သဘာဝ ပသာဒရှုခင်းများကို ထိခိုက်မှု မရှိစေရန် သီးနှံများရွေးချယ်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

“ပုဂံဒေသမှာ ထွန်ယက်ရာ တွင် လည်း စက်ကိရိယာတွေနဲ့ စက်သွားတွေရဲ့ တုန်ခါမှုတွေကြောင့် မြေအောက်မှာရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ထိခိုက်မှုမရှိစေဖို့ ရိုးရာအစဉ် အလာအတိုင်း နွားတွေနဲ့ပဲ ထွန်ယက်စိုက်ပျိုးဖို့လဲ လိုအပ်ပါတယ်။ သစ်ပင်အကြီးတွေနဲ့ အပင်ငယ်တွေစိုက်ပျိုးလိုတယ်ဆိုရင် အရင်ကရှိခဲ့တဲ့ သစ်ပင် ခြုံနွယ်တွေ နေရာမှာ အစားထိုးစိုက်ပျိုးနိုင်မှာဖြစ်ပြီး ယာမြေ နယ်နိမိတ်သတ်မှတ်ခြင်း အတွက် ထန်းပင် စိုက်ပျိုးဖို့သာ ခွင့်ပြုပေးထားတာပါ။” ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် အခြားသစ်ပင်များ စိုက်ပျိုးခြင်းအတွက် နိုင်ငံခြားမျိုးများ စီးပွားဖြစ် စိုက်ပျိုးခြင်းကို ခွင့်ပြုထားခြင်းမရှိကြောင်း နှင့် အထွေထွေ စိမ်းလန်းစိုပြေရေးစီမံကိန်းများ ဆောင်ရွက်ရန် ရှိပါကမြေပေါ်မြေအောက် အမွေအနှစ်များ ထိခိုက်မှု မရှိစေရန် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးမြေယာရှုခင်းထိန်းသိမ်းခြင်း ၊ ရိုးရာအစဉ်အလာ ရာသီသီးနှံများ ပိုမို စိုက်ပျိုးနိုင် စေရေး၊ ဆည်မြောင်း နှင့် ရေစီမံခန့်ခွဲမှု၊ ထွန်ယက်ခြင်းနှင့် မြေတူး ဆွခြင်း ၊ သစ်ပင်အကြီးများနှင့် အပင် ငယ်များ စိုက်ပျိုးခြင်းဆိုင်ရာတို့ ပါဝင်သည့် ဆောင်ရွက်ရန် အချက် (၅) ချက်ကို “ပုဂံဒေသ ဘက်စုံလွှမ်းခြုံသော စီမံ ခန့်ခွဲ ရေး မူဘောင်” နှင့်အညီ ပုဂံဒေသ စိုက်ပျိုး ရေး မဟာ ဗျူဟာ ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071