Monday, August 3, 2026

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ...

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ...

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့...

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊...
HomeInternationalပါလက်စတိုင်း ၆၀၀ ကျော်...

ပါလက်စတိုင်း ၆၀၀ ကျော် ပြန်လွှတ်မည့် အစီအစဉ်ကို အစ္စရေး ရွှေ့ဆိုင်း

စနေနေ့တွင် ပါလက်စတိုင်း အကျဉ်းသား ၆၀၀ ကျော် ကိုလွှတ်ပေးရန် စီစဉ်ထားမှုကို နောက်ထပ် ဓ-ါးစာခံများကို လွှတ်ပေးရာတွင် သိက္ခာကျစေသည့် အခမ်းအနားမျိုးကို မပြုလုပ်သည့် အချိန်အထိ ရွှေ့ဆိုင်းလိုက်သည်ဟု အစ္စရေးက ပြောကြားသည်။ 

ဂါဇာတွင် အစ္စရေးဓ-ါးစာခံများကို လွှဲပြောင်းပေးအပ်ရာ၌ အရှက်ရကာ သိက္ခာကျစေသည့် အခမ်းအနားများပြုလုပ်ခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနှင့် ဟားမတ်စ်အဖွဲ့သည် စည်းမျဉ်းများကို အကြိမ်ကြိမ်ချိုးဖောက်နေကြောင်း တနင်္ဂနွေနေ့(ဖေဖော်ဝါရီ ၂၃) အစောပိုင်းက သတင်းထုတ်ပြန်ချက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ရုံးက ပြောကြားခဲ့သည်။

“မိမိတို့ရဲ့ ပြန်ပေးဆွဲခံရသူတွေကို ဂုဏ်သိက္ခာကျဆင်းစေမယ့် သိက္ခာချတဲ့ အခမ်းအနားတွေ၊ ဝါဒဖြန့်လုပ်ငန်းအတွက် ထိန်းသိမ်းထားသူတွေကို ရက်စက်စွာ အသုံးချတာတွေ အပါအဝင် ဟားမတ်စ်တွေက လုပ်နေတဲ့ ထပ်ခါတလဲလဲ စည်းမျဉ်းချိုးဖောက်မှုတွေကြာင့် နောက်ထပ် ပြန်ပေးဆွဲခံထားရသူတွေကို လွှတ်ရာမှာ သိက္ခာကျ စေတဲ့အခမ်းအနားတွေ မလုပ်ဘူးဆိုတဲ့ အာမခံချက် မရမချင်း ယမန့်နေ့မှာ စီစဉ်ထားတဲ့ အကြမ်းဖက်သမားတွေ လွှတ်ပေးရေးကို ရွှေ့ဆိုင်းလိုက်သည်” ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောဆိုခဲ့သည်။

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသရှိ အိုဖာအကျဉ်းထောင်ဂိတ်ပေါက်များမှ ပါလက်စတိုင်း အကျဉ်းသားများကို တင်ဆောင်ထားသည်ဟု ယူဆရသော မော်တော်ယာဉ်များ နောက်ကြောင်းပြန်လှည့်လာရချိန်တွင် အဆိုပါ သတင်း ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

စနေနေ့တွင် လွှတ်ပေးလိုက်သည့် အစ္စရေးဓ-ါးစာခံ ခြောက်ဦးအတွက် အလဲအလှယ်သဘောအဖြစ် ပါလက်စတိုင်း အကျဉ်းသား ၆၂၀ ဦး လွှတ်ပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

ဓ-ါးစာခံခြောက်ဦးအနက် ငါးဦးကို လူအုပ်ကြီးရှေ့မှောက်တွင် မျက်နှာဖုံးစွပ်၊ လက်နက်ကိုင် စစ်သွေးကြွများက စောင့်ကြပ်ထားသည့် ယင်း ထုတ်ပြမှုမျိုးသည် ရက်စက်ကြမ်းကြုတ်သည်ဟု ကုလသမဂ္ဂနှင့် အခြားသူများက ယခင်လွှဲပြောင်းပေးမှုများအပြီးတွင် ဝေဖန်ထားခဲ့သည်။

ခြောက်ဦးမြောက် ဓါ-းစာခံကို ကြက်ခြေနီအဖွဲ့ထံ သီးသန့်အစီအစဉ်ဖြင့် လွှဲပြောင်းပေးခဲ့သည်။

Ref: စကိုင်းနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄၅) ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအနက် ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူများကို ဩဂုတ် ၂ ရက်က သွားရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း ဆိပ်ဖြူကြက်သွန်နီဈေးကွက်မှ သိရသည်။ အုံးမှင်၊ လက်ဆည်၊ ဆူးလေကုန်း၊ တပ်မ၊ ဝဲမ၊ ဘဲကျ၊ တပေါင်းနှင့် ကူရှည်အလယ်စု ကျေးရွာများမှ ကြက်သွန်နီများ ပွဲရုံဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၅ သောင်းခန့် ဝင်ရောက်လျက်ရှိသော်လည်း ဝယ်လိုအားများပြီး ကုန်ဝင်နည်းနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူဈေးကွက်တွင် ဇူလိုင်လဆန်းပိုင်းက ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ ဧရာဝ တီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ Manpack(ကျောလွယ်ဂြိုလ်တုဆက်သွယ်ရေးစနစ်)ဖြင့် သမာရိုးကျမြေပြင်ဆက်သွယ်ရေးစနစ်များမရှိသော ဆက်သွယ်မူပြတ်တောက်ထားသည့်အခြေအနေများတွင် ဆက်သွယ်မူရရှိနိုင်ရန် သယ်ဆောင်အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၊ အသံစနစ်၊တိုက်ရိုက်ရုပ်မြင်စနစ်များဖြင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး Command and Control Center(C3)မှလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများအားနှင့် မြေပြင်အခြေအနေအားစောင့်ကြည့်ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071