ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပါရမီလမ်းဆုံတွင် ယ နေ့ သြဂုတ် ၃ ရက်မွန်းလွဲ ၂ နာရီခန့်က ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)ထံမှ သိရသည်။
လှိုင်မြို့နယ်၊ ပါရမီလမ်းဆုံတွင် ကားလေး(၃)စီးဆင့်တိုက်မိကာ အမျိုးသမီး(၂)ဦးတွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့် မစိုးရိမ်ရ)များရရှိခဲ့သဖြင့် လှိုင် လူမှုကယ်ဆယ်ရေးအသင်းမှအဖွဲ့ဝင်များက မိတ်ဖက်အသင်းဝင်များနှင့်အတူ ကူညီကယ်ဆယ်မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရခဲ့သည့် အမျိုးသမီး(၂)ဦးအား မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
