Thursday, May 7, 2026

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...

မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...

မြောက်ဥက္ကလာရှိ ဗေဒင်ဆရာနေအိမ် ဓားပြတိုက်မှု ကျူးလွန်သူ...

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၊ ၂ ရပ်ကွက် ၊ သုဇိတာ ၇ လမ်းတွင်ရှိသည့်ဗေဒင်ဆရာနေအိမ်ကို ဓားမြတိုက်သည့် ကျူးလွန်သူ ၃ ဦးကို...
HomeMyanmar Theatrical Traditionပရိသတ်တွေ ဆုချသောငွေကြေးတွေနဲ့ မင်းရွှေရောင်တင်...

ပရိသတ်တွေ ဆုချသောငွေကြေးတွေနဲ့ မင်းရွှေရောင်တင် စာကြည်တိုက် ဖွင့်လှစ် ပေးခဲ့တဲ့ တင်မောင် ဆန်းမင်းဝင်း

တင်မောင်ဆန်းမင်းဝင်းတို့ မိသားစု၏ ကထိန်ခင်း၊ ရဟန်းခံ၊ ရှင်ပြု၊ တံတားတည် ဆောက်ခြင်း၊ လမ်းပြုပြင်ခြင်းနဲ့ မင်းရွှေရောင်တင် စာကြည့်တိုက်ဖွင့်လှစ်ပွဲကို ဒိုးအင်း အခြေခံပညာ အထက်တန်းကျောင်းမှာ နိုဝင်ဘာ၂၆ ရက်နေ့ ကပြုလုပ်ခဲ့ပါတယ်။ မင်းရွှေရောင်တင်ကို ပညာတတ်ကြီးဖြစ်စေဖို့အတွက် ရည်ရွယ်ကာ သားဖြစ်သူရဲ့ နာမည်နဲ့ စာကြည်တိုက်ဖွင့်လှစ်ခြင်းဖြစ်တယ်လို့ တင်မောင်ဆန်းမင်းဝင်းကပြောပြ ပါတယ်။ ဒါကလည်း မျှော်စင်ကျွန်းမှာ ကပြတုန်းက ပရိသတ်တွေမှ ဆုချတဲ့ ငွေတွေကို စုပြီးလုပ်ပေးဖြစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

” ဒါကသူ့အတွက်လည်း ရည်ရွယ်ချက်ကောင်းတယ်လေ။ ဒါကြောင့်လည်း သူ့နာ မည်နဲ့ပဲ လုပ်ဖြစ်ခဲ့တာပါ။ အဲဒီမှာက စာကြည့်တိုက်မရှိသေးဘူး။ ပြီးတော့ကျောင်း ကလည်း မူလတန်းကျောင်းကနေ အလယ်တန်းကျောင်းဖြစ်တာ တစ်နှစ် လောက်ပဲ ရှိသေးတယ်။ အဲဒီ့မှာ စာကြည့်တိုက်ကလည်း လိုအပ်နေတဲ့အ တွက် လုပ်ပေးဖြစ်ခဲ့တာပါ” လို့ မင်းရွှေရောင်တင်နာမည်နဲ့ စာကြည့်တိုက် ဖွင့် ဖြစ်ခြင်း အကြောင်းကို တင်မောင်ဆန်းမင်းဝင်းက ပြောပြပါတယ်။

တင်မောင်ဆန်းမင်းဝင်းနဲ့ မအေးမမလှိုင်တို့ရဲ့ သားဖြစ်သူ မင်းရွှေ ရောင်တင်က အလှုအတန်း တွေနဲ့ ဘာသာရေးပိုင်းမှာ အမြဲမပြတ် လုပ်ဆောင်ချင်နေသူ တစ်ဦးပါ။ သူဟာမွေးနေ့တိုင်းမှာ ကိုရင် ဝတ်ခဲ့ သလို လူကြီးသူမကိုလည်း အရွယ်နဲ့ မလိုက်အောင် ရိုသေလေးစား တတ် သူတစ်ဦးရယ်ပါ။ “သူကိုယ်တိုင်ကိုက ဆန္ဒပြင်းပြတာပါ။ မွေးနေ့ မှာ ဘာလုပ်မလဲလို့ မေးလိုက်တိုင်း ကိုရင်ဝတ်မယ်ပဲပြောတယ်။ သူ့ဆန္ဒ လည်းပါတယ်။ အစ်ကို တို့ပံ့ပိုးပေးတာလည်း ပါတယ်။ ဒါကြောင့် လည်း နှစ်တိုင်းသာသနာ့ ဘောင်ဝင်ဖြစ်တယ်” လို့ သားဖြစ် သူနဲ့ ပတ်သက်လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပြပါတယ်။ဒါ့အပြင် တင်မောင်ဆန်းမင်းဝင်းတို့ မိသားစုက ဇာတ်အဖွဲ့သား တွေကိုလည်း ရဟန်းခံပေးခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071