Saturday, June 21, 2025

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...
HomeMyanmar Theatrical Traditionပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ရွှေညီကို...

ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ရွှေညီကို လူရွှင်တော်အဖွဲ့ ပြိုကွဲခဲ့ရခြင်းအကြောင်း

တစ်ချိန်တုန်းက ရွှေညီကိုလူ ရွှင်တော်အဖွဲ့ကိုပရိသတ်တွေ မှတ်မိ ကြဦးမှာလို့ ယုံကြည်ပါတယ်။ သူတို့ အဖွဲ့ဟာ သိပ်ကိုအတွဲညီခဲ့ကြပြီး ညီအစ်ကိုရင်းတမျှချစ်ခင်ခဲ့ကြတဲ့ သူတွေလည်းဖြစ်ပါတယ်။ ဒီအဖွဲ့ မှာတော့ ငြိမ်းချမ်း၊ကောင်းကျော်၊   ဝိုင်းချစ်၊ထက်ထက်၊ ရှဲဒိုးတို့ပါဝင်ပြီး ၇နှစ်တာကာလကို ဖြတ်သန်းခဲ့ကြ ပါတယ်။ သို့ပေမယ့်လည်း အခုအ ချိန်မှာတော့ ဒီအဖွဲ့ဟာပြိုကွဲခဲ့ပြီ ဖြစ်ပြီး ရှဲဒိုးကတော့ ကွယ်လွန်သွား ခဲ့ပြီလည်းဖြစ်ပါတယ်။ သူတို့အဖွဲ့ ပြိုကွဲခဲ့မှုအပေါ် ပရိသတ်တွေက လည်း နှမြောတသဖြစ်ခဲ့ကြရပြီး သူတို့ကလည်း စိတ်ဝယ်ထိခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

“ရွှေညီကိုအဖွဲ့ကွဲခဲ့ရတဲ့ အ ကြောင်းတရားတွေကတော့ သဘာဝ တရားကြီးကြောင့်ပေါ့။ ကံဆုံတော့ တွဲခဲ့ကြတယ်။ ကံကုန်တော့ကွဲခဲ့ ကြတယ်။ အောင်မြင်မှုကလည်း အထွတ် အထိပ်ကိုရောက်ခဲ့ကြတယ်။ အောင်မြင်မှုရဲ့ နောက်ကပါလာတဲ့ မသိတဲ့အရွယ်တုန်းက အတ္တတွေမာန တွေကြောင့် ကွဲခဲ့ကြတာပါပဲ။ အား လုံးရဲ့အပြစ်ပါပဲ။ တစ်ဦးတစ်ယောက် တည်းရဲ့ အပြစ်ကြောင့်မဟုတ်ဘူး။ လူဆိုတာအောင်မြင်လာရင် အတ္တ ဆိုတဲ့ အတ္တစွဲလေးတွေကပါလာ တတ်တယ်။ မင်းကောင်းလို့ ငါကောင်းလို့ မင်းကဘယ်လိုငါက ဘယ်လိုဆိုတာတွေကြောင့်ပေါ့။ ကွဲခြင်း အစအဲဒီကနေစတာပဲ။ နှစ်ယောက်ထဲတောင်ကွဲကြတာလေ။ အဖွဲ့တွေကတော့ ပေါင်းပြီးကွဲကြ မှာပဲ။ အချိန်တန်ရင်ကိုယ့်လမ်းကိုယ် လျှောက်ကြရမှာပဲ။ အဲဒီသဘောပါပဲ” လို့ ရွှေညီကိုအဖွဲ့ကွဲရခြင်းအကြောင်း ကောင်းကျော်ကပြောပါတယ်။  ရွှေညီကိုအဖွဲ့ဟာ ၇နှစ်တာ ကာလက ဖြတ်သန်းခဲ့ကြတယ် ဆိုပေမယ့် အောင်မြင်အရှိန်ကတော့တော်တော်မြင့်ခဲ့တယ်လို့ဆိုရမှာပဲ။ သူတို့ရဲ့ပြက်လုံးတွေနဲ့ အတွဲညီမှုတွေ ဟာ ပရိသတ်တွေရဲ့ ကြားထဲမှာသိပ် ကိုရေပန်းစားခဲ့ပါတယ်။

ဒါကြောင့် လည်းအဲဒီကာလက သူတို့တွေ အနေနဲ့ အဖွဲ့မကွဲအောင်တစ် ယောက်နဲ့တစ်ယောက် ဘယ်လိုညှို နှိုင်းမှုတွေလုပ်ဆောင်ခဲ့ကြတာတွေ ရှိသေးလဲဆိုတာကိုကောင်းကျော်ကိုမေးကြည့်တဲ့အခါ “ကျွန်တော့်အနေနဲ့ ညှိုနှိုင်းခဲ့ ပါသေးတယ်။ တစ်ခုတော့ရှိတာပေါ့။ အုပ်စုတစ်စုဆိုတာကတော့ ပုဂံပြား လိုပေါ့။ စင်းလုံးချောလှပနေတဲ့ ပုံဂံလေးဟာ ရုတ်တရက်ကျသွားလို့ အက်သွားရင် သူတို့နဂိုအတိုင်းတော့ ပြန်မကောင်းနိုင်တော့ဘူး။ စင်းလုံးချောတော့ပြန်မဖြစ်နိုင်တော့ဘူး။ တစ်ခြားတစ်ခြားသောစိတ်တွေဝင်လာတဲ့အတွက် စုဖို့ကြိုးစားသော လည်း မရတော့ဘူး။အဖွဲ့ဆိုတာ ကလည်း စိတ်ချင်းတူမှလည်းရတာ။ စိတ်ချင်းမတူရင်လည်း ဘယ်လိုမှ အပ်စပ်လို့ မရဘူး။ မောင်နှစ်မဖြစ်စေ ညီအကိုဖြစ်စေတစ်ယောက်နဲ့ တစ် ယောက်ခံယူချက်တွေ၊ ယုံကြည်ချက် တွေတူမှ အဆင်ပြေမှာလေ။ အဲဒီမှ မတူတော့ရင် အဆင်မပြေနိုင်တော့ ဘူးလေ။ အကောင်းဆုံးဖြစ်အောင် တော့ကြိုးစားကြည့်ခဲ့ဖူးသေးတယ်။ ဒါပေမဲ့လည်း တစ်ယောက်နဲ့ တစ် ယောက်ထားတဲ့ခံယူချက်ခြင်းတွေမတူကြတဲ့အတွက်ဘယ်လိုမှ လုပ်လို့မ ရတဲ့အတွက် အဖွဲ့အသစ်အနေနဲ့ ဖွဲ့ လိုက်ရတာပါ” လို့ အဲဒီကာလက ခံစားမှုကို ကောင်းကျော်ကပြန်လည် ပြောပြခဲ့ပါတယ်။

အခုအချိန်မှာတော့ ကောင်း ကျော်၊ဝိုင်းချစ်တို့က အင်ပါယာ လူရွှင်တော်အဖွဲ့ကို ဖွဲ့စည်းပြီးအငြိမ့်ပွဲတွေလိုက်ကနေပါတယ်။ သူတို့အဖွဲ့ အနေနဲ့ အရင်ရွှေညီကိုအဖွဲ့တုန်းက ရရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ သင်   ခန်းစာတွေနဲ့အတူ အခုအသစ်ထပ်ဖွဲ့ လိုက်တဲ့ အင်ပါယာကအဖွဲ့ကို အကောင်းဆုံးဖြစ်အောင်နဲ့ အဖွဲ့ တည်မြဲအောင်လုပ်ဆောင်သွားကြ မယ်လို့လည်း သိရပါတယ်။ “သူငယ်ချင်းဝိုင်းချစ်နဲ့လည်း တွေ့တော့ ငါတို့တွေ အဖွဲ့သစ်ဖွဲ့ရ အောင်။ နာမည်အသစ်၊ လူအသစ်၊ စိတ်အသစ်တွေနဲ့ အတိတ်ကမှားခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီးတော့ လာမယ့်အနာဂတ်မှာ မမှားအောင် တို့တွေတိုင်ပင်ပြီးတော့ လုပ်ကြမယ် ဆိုပြီး အင်ပါယာအဖွဲ့ကို စဖွဲ့စည်း ခဲ့တယ်။  အဖွဲ့အစည်းတစ်ခုမှာအဓိက ပြသနာက ငွေကြေးပါပဲ။ တော် တော်များမှာ ကွဲပြားသွားကြရခြင်းရဲ့ အကြောင်းကတော့ ငွေကြေးကြောင့် ပဲ။ တစ်ယောက်နဲ့တစ်ယောက် မှန် မှန်ကန်ကန်သစ္စာတရားနဲ့ လမ်း လျှောက်ကြတာ အကောင်းဆုံးပဲ။ တစ်ယောက်နဲ့တစ်ယောက် အလိမ် အကောက် အညာတွေမပါကြေး။ ဖြူဖြူစင်စင် ဖြောင့်ဖြောင့်တန်းတန်း သွားကြမယ်ဆိုတဲ့ စိတ်နဲ့အားလုံးညှို ပြီးတော့ ကျွန်တော်တို့အနေနဲ့ အင်ပါယာကို စဖွဲ့ခဲ့တာပါ” လို့ အင်ပါယာအဖွဲ့ကို ဖွဲ့ဖြစ်တဲ့ အကြောင်းကို ကောင်းကျော်က ပြောပြပါတယ်။ အင်ပါယာ အဖွဲမှာ တော့ ကောင်းကျော်၊ ဝိုင်းချစ်၊ချာလီ၊ ဇာနည်၊ ရဲထက်တို့နဲ့ ဖွဲ့စည်းထားတာ ပဲဖြစ်ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071