
ပရိသတ် တော်တော်များများ အားပေးကြတဲ့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ လတ်တ လောရှိုးပွဲတွေမှာ သီချင်းတွေ သီဆို ဖြစ်နေတယ်လို့ သိရပါတယ်။ ဖြိုးမြတ်အောင်လို့ ပြောလိုက်တာနဲ့ အားပေးတဲ့ပရိသတ်တွေ အခိုင်အ မာရရှိ နေသူလည်း ဖြစ်ပါတယ်။ Myanmar Idol ပြိုင်ပွဲကနေ ပြိုင်ပွဲ ပြီးဆုံးပြီး အခုအချိန်ထိ ပရိသတ် အားပေးမှု ရရှိထားတဲ့အပေါ် ဖြိုး မြတ်အောင်က…
”ဒါက ကျွန်တော့်ရဲ့ ပရိသတ် တွေကို ကျွန်တော်အတုအယောင် တွေ ပေးတာမဟုတ်ဘူး။ ကိုယ့်ရဲ့ မေတ္တာနဲ့ပဲ ဆက်ဆံပြီး ကျွန်တော့်မှာ ရှိတဲ့ အနုပညာတွေကို ပရိသတ်တွေ အကောင်းဆုံး နားဆင်နိုင်အောင် သီဆိုပေးတဲ့အတွက် သူတို့ကလည်း ကျွန်တော့်ကို မေတ္တာတွေ ထားကြ တာပေါ့။ မေတ္တာရောင်ပြန်ဟပ်တယ် လို့ ပြောရမှာပေါ့။ သူတို့ကို ကျွန်တော်တအားကျေးဇူးတင် တယ်။ ကျွန်တော့်ရဲ့လိုအပ်ချက်မှန် သမျှကို နောက်ကနေပြီး ထောက်ပံ့ ပေးတယ်။ မိသားစုတစ်ယောက်လို ကူညီပေးတဲ့အတွက် ကျေးဇူးတအား တင်မိတယ်။ ပိုပြီးတော့လည်း ချစ် တယ်ပေါ့နော် (ရယ်လျက်)”လို့ပြောပါ တယ်။
Myanmar Idol ပြိုင်ပွဲ မဝင်ခင်ကတည်းက ဂီတ အနုပညာနဲ့ ပတ်သက်ပြီး ကြိုးစားနေခဲ့တဲ့ ဖြိုးမြတ်အောင်က လက်ရှိမှာလည်း ပရိသတ်ကြီးအတွက်သီချင်းတွေ အများကြီး ကြိုးစားသီဆိုဦးမယ် ဆိုတာကို….
”ကျွန်တော်ဒီထက်ပိုပြီးတော့ အများ ကြီးအကောင်းဆုံးကြိုးစား မယ်။ ကျွန်တော်အကောင်းဆုံး ကြိုး စားမယ်။ ဂီတက ကျွန်တော့်ရဲ့ဘဝ ပါပဲ။ ကျွန်တော်တအားဝါသနာပါတဲ့ ဂီတနဲ့ ရှေ့ဆက်ပြီး လုပ်စရာတွေ အများ ကြီး ရှိပါတယ်။ သီချင်းတွေ လည်းအများကြီး သီဆိုဖို့ရှိတယ်။ အဲဒီအတွက် ကျွန်တော့်ကို အား ပေးကြပါဦး”လို့ ဖြိုးမြတ်အာင်က ပြောပြခဲ့ပါတယ်။
သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်း
