Tuesday, May 5, 2026

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ...

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ကို ဧပြီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့‌ကြောင်း...
HomeCelebrities' Newsပရိသတ်အကြိုက် သီချင်းတွေ ဆက်လက်သီဆိုသွားမယ့်...

ပရိသတ်အကြိုက် သီချင်းတွေ ဆက်လက်သီဆိုသွားမယ့် ချမ်းမြေ့မောင်ချို (Myanmar Idol)

Myanmar Idol ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုကတော့ သူ့ကို Grand Final အထိ တက်ရောက်နိုင်အောင် ဠသအန ပေးခဲ့ကြတဲ့ ပရိသတ်များနဲ့ တွေ့ဆုံ ပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ပရိသတ်များက တစ်ခဲနက် လာရောက်အား ပေးခဲ့ကြပြီး သူ့အတွက် အင်အားတွေဖြစ်ခဲ့ရပါတယ်လို့ ပြောလာတဲ့ ချမ်းမြေ့ မောင်ချိုက …

“ပရိသတ်တွေအများကြီး လာရောက်အားပေးကြတာတွေ့တော့ တအား ပျော်ပါတယ်။ ပျော်လွန်းလို့ မျက်ရည်တောင်ကျမိပါတယ်။ ဒီရက်ပိုင်းမှာ မောင်ချို နည်းနည်းစိတ်ညစ်နေတာတွေရှိတယ်။ အခုပရိသတ်တွေကို မြင်လိုက် ရတော့ စိတ်ညစ်စရာတွေလည်း အကုန်ပျောက်သွားပါတယ်။ တကယ်လည်း အားပြန်ဖြစ်ရပါတယ်။ ပရိသတ်တွေ၊ We Love တွေက မောင်ချို့ကို အမြဲအား ပေးကြတယ်။ သူတို့ကြောင့်လည်း မောင်ချိုဆိုတာ ဖြစ်လာတဲ့အတွက် သူတို့ စကားကို နားထောင်တယ်။ သူတို့ကတောင် ကိုယ့်ကို အားပေးနေသေးတာပဲ။ ကိုယ်က ဘာဖြစ်လို့ အားငယ်ရမှာလဲ။ သူတို့အပေါ်မှာလည်း ကျေးဇူးဆပ်ချင်တဲ့အတွက် ပြန်ပြီးအားတင်းထားပါတယ်။Winner ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ ဒီအနုပညာလောကမှာ သီချင်းတွေ ဆက်လက်သီဆိုသွားမယ်။ ပရိသတ်တွေ အကြိုက်ကိုလိုက်ပြီး သီချင်းလေး တွေ သေချာဖန်တီးသွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။ အားပေးတဲ့ပရိသတ်ရှိသလို ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့နေရတဲ့ အတွက် သူ့ရဲ့ စိတ်ခံစားမှုက ဘယ်လိုရှိမလဲဆိုတာ ဆက်လက်မေးမြန်းခဲ့ရာ …

“ဝေဖန်မှုတွေကို မောင်ချို လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ မောင်ချိုက ငယ်လည်းငယ်သေးတယ်။ သင်ယူရမယ့် ဟာတွေလည်း အများကြီးရှိသေးတယ်။ မောင်ချို့ကို ကောင်းစေချင်လို့ ပြောတာဆိုရင်တော့ မောင်ချိုအားလုံးကို လက်ခံပါတယ်။ သက်သက် ပုတ်ခတ်တာ ဆိုရင်တော့ ခေါင်းထဲမထည့်ပါဘူး။ အခုချိန်ထိတော့ မောင်ချို ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေပါတယ်”လို့လည်း ချမ်းမြေ့မောင်ချိုက ပြောပြခဲ့ပါတယ်။

 

ဇော်ဝင်းအောင်

Ads Space Available


Continue reading

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ အလှမယ်၏လုပ်ရပ်နှင့်ပတ်သက်သည့် ရုပ်သံဖိုင်များမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ဗုဒ္ဓဘာသာဝင်များကြား ဝေဖန်မှုများပြင်းထန်ခဲ့သဖြင့် သာသနာရေးဝန်ကြီးဌာနက အလှမယ်အိမွန်လွင်အပါအဝင် ပြိုင်ပွဲကျင်းပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလိုစိစစ်ဖော်ထုတ်အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ယနေ့ မေ ၅ ရက်တွင်တရားဝင်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုဖြစ်စဉ်သည် အနုပညာနှင့် ဖက်ရှင်ဖန်တီးမှုနယ်ပယ်တွင် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအရေးကြီးသည့် စည်းမျဉ်းများကို သတိပြုရန်သင်ခန်းစာတစ်ခုဖြစ်လာခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071