Friday, December 5, 2025

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှုတိုင်းတာစစ်ဆေးစံ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

တရုတ်နိုင်ငံသား(၂၇၈)ဦးကိုပြည်နှင်လွှဲပြောင်းပေးပြီး (၂၄၈)ဦးကို ထပ်မံထိန်းသိမ်း

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒု စရို-က်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၇၈)ဦးကို ယနေ့ ဒီဇင်ဘာ ၄ ရက်က သက်ဆိုင်ရာနိုင်ငံသို့...
HomeDhammaပန်းမွေ့ယာဖြင့်ပူဇော်သည့် ဝါခင်းကုန်းမာရ်အောင် ရတနာစေတီတော်

ပန်းမွေ့ယာဖြင့်ပူဇော်သည့် ဝါခင်းကုန်းမာရ်အောင် ရတနာစေတီတော်

မန္တလေးတိုင်းဒေသကြီးတွင် ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါခင်းကုန်း ဟူ၍ အဆိုရှိသည်။ ဝါလကင်းလွတ် သီတင်း ကျွတ် ဘုရားသုံးဆူမှ ပွဲစတင်ပြီး တပို့တွဲ လပြည့်ကျော်၃ ရက်တွင်ပြုလုပ်သည့် ဝါခင်း ကုန်းမာရ်အောင် ရတနာစေတီ ဗုဒ္ဓပူဇနိယပွဲ ပြီးပါက ဘုရားပွဲ များအားလုံး ပြီးစီးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဝါခင်းကုန်းမာရ် အောင်ရတနာစေတီတော် မြတ်ကြီးကို ရတနာ ပုံခေတ် ဒုတိယနန်းစံ မင်းဖြစ်သည့် သီပေါမင်း က ၁၂၄၁ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက် (ခရစ်နှစ် ၁၈၇၉ ခုနှစ် ဧပြီလ ၂၃ ရက်)နေ့တွင်စတင်တည်ထားခဲ့ခြင်းဖြစ်သည်။

စေတီ တော်၏ပုံတော်မှာ ခမည်းတော် မင်းတုန်းမင်း တရားကြီး၏ကောင်းမှုဖြစ်သည့်မဟာ လောက မာရဇိန် ကုသိုလ်တော်ဘုရား အတိုင်း ဖြစ်ပေသည်။ မာရ်အောင် ရတနာစေတီ တော်၏ ဖိနပ်တော်သည် သံတောင် ၅၅ တောင်၊ ဥာဏ် တော် သံတောင် ၅၆ တောင်ဖြစ် သည်။ ဌာပနာတိုက် ၄ တိုက်ရှိပြီး ရုပ်ရှင်တော်၊ ဓာတ်တော်၊ မွေတော်များ ထည့်သွင်း ဌာပနာခဲ့သည်။

၁၂၄၄ ခုနှစ်တွင်ပြီးစီးခဲ့ပြီး သီပေါ မင်းကိုယ် တိုင် ထီးတော်တင်လှူကိုရေ စက်သွန်းချခဲ့သည်။ ထို့ပြင်ဘုရားပွဲ တော်အား နှစ်စဉ် တပို့တွဲ လပြည့်ကျော် ၃ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ပေးခဲ့သည့်အပြင် ဂေဇက် ရဘုရား အဖြစ်လည်း သတ်မှတ်ပေးခဲ့သည်။န္တလေးတိုင်းဒေသကြီးတွင် ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါခင်းကုန်း ဟူ၍ အဆိုရှိသည်။ ဝါလကင်းလွတ် သီတင်း ကျွတ် ဘုရားသုံးဆူမှ ပွဲစတင်ပြီး တပို့တွဲ လပြည့်ကျော်၃ ရက်တွင်ပြုလုပ်သည့် ဝါခင်း ကုန်းမာရ်အောင် ရတနာစေတီ ဗုဒ္ဓပူဇနိယပွဲ ပြီးပါက ဘုရားပွဲ များအားလုံး ပြီးစီးသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဝါခင်းကုန်းမာရ် အောင်ရတနာစေတီတော် မြတ်ကြီးကို ရတနာ ပုံခေတ် ဒုတိယနန်းစံ မင်းဖြစ်သည့် သီပေါမင်း က ၁၂၄၁ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက် (ခရစ်နှစ် ၁၈၇၉ ခုနှစ် ဧပြီလ ၂၃ ရက်)နေ့တွင်စတင်တည်ထားခဲ့ခြင်းဖြစ်သည်။ စေတီ တော်၏ပုံတော်မှာ ခမည်းတော် မင်းတုန်းမင်း တရားကြီး၏ကောင်းမှုဖြစ်သည့်မဟာ လောက မာရဇိန် ကုသိုလ်တော်ဘုရား အတိုင်း ဖြစ်ပေသည်။ မာရ်အောင် ရတနာစေတီ တော်၏ ဖိနပ်တော်သည် သံတောင် ၅၅ တောင်၊ ဥာဏ် တော် သံတောင် ၅၆ တောင်ဖြစ် သည်။

ဌာပနာတိုက် ၄ တိုက်ရှိပြီး ရုပ်ရှင်တော်၊ ဓာတ်တော်၊ မွေတော်များ ထည့်သွင်း ဌာပနာခဲ့သည်။ ၁၂၄၄ ခုနှစ်တွင်ပြီးစီးခဲ့ပြီး သီပေါ မင်းကိုယ် တိုင် ထီးတော်တင်လှူကိုရေ စက်သွန်းချခဲ့သည်။ ထို့ပြင်ဘုရားပွဲ တော်အား နှစ်စဉ် တပို့တွဲ လပြည့်ကျော် ၃ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ပေးခဲ့သည့်အပြင် ဂေဇက် ရဘုရား အဖြစ်လည်း သတ်မှတ်ပေးခဲ့သည်။ ဝါခင်းကုန်းမာရ်အောင်ရတနာစေတီ တော်မြတ်ကြီးသည် ချမ်းအေး သာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြား၊ ၃၃ လမ်းနှင့် ၃၄ လမ်းအကြားတွင် တည် ရှိပေသည်။

မာရ်အောင်ရတနာ စေတီကို ဝါခင်းကုန်း ဘုရားဟု လူ သိများပြီး ပန်းမွေ့ ယာခင်းလှူဒါန်းမှုကြောင့်လည်း လူသိများ ထင်ရှားသည်။ ဗုဒ္ဓပူဇနိယပွဲတော်အကြိုနေ့ ဖြစ်သည့် တပို့တွဲလပြည့်ကျော် ၂ ရက်နေ့တွင် ဘုရားကြီး၏သာသနာ့ ဒါယကာ ရပ်ကွက် ကျေးရွာများ ဖြစ်သည့် ကန်ကောက်ဟောင်း၊ ကန်ကောက်သစ်၊ ကန်ကောက်ကြီး၊ ရွှေဂဲပွား၊ ယာဉ်ပျံ၊ ကျန်းမာရေး၊ ရွှေယဉ်မွန်ရပ်ကွက် များနှင့် ကန်ကောက်အရှေ့ရွာ၊ ကွေ့ကြီး ကုန်းကျေးရွာများမှ မိန်းမပျိုလေး များက ရာသီပန်းမျိုးစုံကို လှပယဉ်ကျေးသိမ်မွေ့စွာ ကိုင် ဆောင်၍လည်းကောင်း၊ လူငယ်များ က  အိုးစည်၊ ဒိုးပတ်၊ အဆို၊ အက၊ တီးဝိုင်းများနှင့် စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကြသည်။ ထို့အပြင် စေတီတော်ရင် ပြင်တွင်ပန်းမျိုးစုံကို အလှအပစီခြယ်ပြီး ပန်း မွေ့ရာဖြင့်လည်း ပူဇော်ကြသည်။

ပွဲတော်ရက် အတွင်းတပို့တွဲ လပြည့်ကျော် ၂ ရက်နေ့ နံနက်ပိုင်းတွင် ဝါခင်းကုန်းနယ်မြေအတွင်း ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာ တော်များ အား ပင့်ဖိတ်ပြီး စာရေးတံမဲနှင့် ဆွမ်းသပိတ် ကပ်လှူခြင်း၊ တပို့တွဲ လဆန်း ၈ ရက်မှ လပြည့် နေ့အထိ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ခြင်း၊ လပြည့်နေ့ နေ့လယ် ၁၂ နာရီတွင် ပဋ္ဌာန်းပွဲ ပိတ်သိမ်း ပွဲအဖြစ် ရပ်ကွက်အသီးသီးမှ အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ လပြည့်ကျော် ၁ ရက်နေ့တွင် ဝါခင်းကုန်း နယ်မြေရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သက်တော်ရှည်ဆရာတော်ကြီးသုံးပါးအားပူဇော်ပွဲကိုလည်းထည့်သွင်းကျင်းပကြသည်။

စေတီတော်မြတ်ကြီးအား လွတ် လပ်ရေး မရမီခေတ်က လှထွေ ကျောင်းတိုက်၊ ကျောက် စေတီရွာကျောင်း၊ သရက်တော ကျောင်း၊ ကန်ကောက်ရွာဟောင်း ကျောင်း၊ ဗိုလ်ကျောင်း တိုက် ဆရာတော်ကြီးများက သြဝါဒါ စရိယအဖြစ် အစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ ကြသည်။ နောက်ပိုင်းတွင် ဝါခင်း ကုန်းနယ်မြေ အတွင်းရှိ ကျောင်းတိုက် ၁၁ ကျောင်းမှ ဆရာတော်ကြီးများက သြဝါဒါစရိယ အဖြစ် ဆက်လက်ထိန်း သိမ်းစောင့်ရှောက်ခဲ့ သည်မှာမျက်မှောက်ခေတ်သို့ တိုင်ပြီဖြစ်လေ သည်။ စေတီတော်မြတ်ကြီး၏ ထီးတော်ကို ၁၃၂၃ ခုနှစ်တွင် အသစ်တင်လှူခဲ့ပြီး ဖောင်း ရစ်သုံးရစ် တိုင် အောင် ရွှေသင်္ကန်းကပ် လှူခဲ့သည်။

၁၃၂၆ ခုနှစ်တွင် ထီးတော် အသစ်နှင့် ဖောင်းရစ် ငါးရစ်အထိ ရွှေသင်္ကန်း ကပ်လှူခြင်း၊ ၁၃၃၁ ခုနှစ်တွင် ထီးတော်ကြီး အား ရွှေသင်္ကန်းကပ်လှူ ပြီး စေတီတော်သပိတ် နောက်ထိ မှန်သင်္ကန်း ကပ်လှူခြင်း၊ ၁၃၅၅ ခုနှစ်တွင် စိန် ဖူးတော်နှင့် ထီးတော်ရွှေသင်္ကန်းကပ်လှူခြင်းများကို အလှူရှင်အသီးသီးက ကပ်လှူပူဇော်ခဲ့ကြသည်။ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းကို ၉ လက်မ ပတ် လည် ရွှေသင်္ကန်းများဖြင့် ၁၃၅၇ ခုနှစ်နှင့် ၁၃၅၉ခုနှစ်တို့တွင် နှစ်ကြိမ်ခွဲ ကပ်လှူ ပူဇော်ခဲ့ကြပြီး၊ ဒုတိယအကြိမ်အဖြစ် စိန်ဖူး တော်၊ ထီးတော်၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ် လှူခြင်းကို ၁၃၇ဝ ပြည့်နှစ် ဝါဆိုလပြည့်ကျော် ၉ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သဖြင့် ယခုချိန်တွင် စေတီ တော်ကြီးကို ရွှေရောင် တဝင်းဝင်း နှင့် သပ္ပာယ်ကြည်ညိုစွာ ဖူးတွေ့နိုင် ပေသည်။

နိုင်ထွန်း( TGI)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071