အာရှဖူဆယ် ခြေစစ်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲများအတွက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသော ပဏာမ မြန်မာ့လက်ရွေးစင်အသင်းရှိ ကစားသမားနှစ်ဦး အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော်မတီက ယနေ့တွင် အသိပေးထားသည်။
ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအတွက် ခေါ်ယူထားသော TG United FC မှ ထွန်းမင်းလှိုင်နှင့် MIU FC အသင်းမှ သက်ထွန်းတို့ အစား Winner Soccer FC မှ လပိုင်ဇော်လွန်းနှင့် YRG FC အသင်းမှ ဟင်္သာ တို့ကို အစားထိုးခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ပဏာမ ကစားသမား (၁၉) ဦးအနေဖြင့် အပတ်စဉ် လေ့ကျင့်ခန်း အစီအစဉ် (တစ်ပတ်လျှင် ၂ ရက်) ကို ယနေ့ မေ (၂၆) နံနက်ပိုင်း၌ MFF Futsal Stadium တွင် ဆက်လက်ပြုလုပ်လျက်ရှိပြီး အသင်းအား Mr. Pattaya Piemkum က တာဝန်ယူကိုင်တွယ်ချက်ရှိသည်။
