Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsLocal Newsနွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့်...

နွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ် အထူးဂရုပြုနေထိုင်ရန် လိုအပ်ဟုဆို

၂၀၂၅ ခုနှစ် နွေရာသီမှာ အပူချိန် မများနိုင်သော်လည်း နွေ ရာသီကာလ ဖြစ်လေ့ရှိသော ပူပြင်းခြောက်သွေ့သည့် လေ ပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုနေထိုင်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်း ပြောဆိုချက်အရ သိရသည်။

လက်ရှိ နွေရာသီကာလအတွင်းသို့ ဝင်ရောက်လာနေပြီဖြစ်သောကြောင့် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာသော်လည်း အယ်လ်နီညိုဖြစ်ခဲ့သည့် ၂၀၂၄ ခုနှစ်လောက် ၂၀၂၅ ခုနှစ် နွေရာသီတွင် အပူချိန်မများနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ရေးထားသည်။

၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖြစ်လာနိုင်သည့် အပူချိန်ကြို တင်ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ချင်းပြ ည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှဖြစ်မြဲ အပူချိန်အထက် ဝ.၅°C မှ ၁°C အထိ ပိုမိုပူပြ င်းနိုင်သော်လည်း ယမန်နှစ်ထက် ၁°C ခန့် လျော့နည်းနိုင်ကြောင်း ၎င်းက ဆိုသည်။

အလားတူ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည် နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြ ည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ဧပြီလ၏ ပျမ်း မျှဖြစ်မြဲအပူချိန်များအထက် ဝ.၂°C မှ ဝ.၅°C အထိ ပိုမိုပူ ပြင်းနိုင်ပြီး ပြီးခဲ့သည့် ၂၀၂၄ အယ်လ်နီညိုနှစ် အပူချိန်များထက် ၁.၅°C ခန့်လျော့နည်းနိုင်ကြောင်း ဦးဝင်းနိုင်က ခန့်မှ န်းထားသည်။

ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ် ကိုင်းတိုင်း အထက်ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှ ဖြစ်မြဲအပူချိန်အထက် ၁°C မှ ၁.၅°C အထိ အပူချိန်ပိုမိုနိုင်ကြော င်းနှင့် အယ်လ်နီညိုဖြစ်ခဲ့သော ၂၀၂၄ ခုနှစ်က အပူချိန်များထက် ပူပြင်းမှု လျော့နည်းနိုင်မည်ဟုလည်း ၎င်းက ဆိုသ ည်။

သို့သော် နွေရာသီကာလအတွင်း ဖြစ်လေ့ရှိသည့် ပူပြင်းခြောက်သွေ့မှုကြောင့် အပူချိန် ၄၀°C ဝန်းကျင်အထိ ဖြစ် လာနိုင်ပြီး အပူရှိန်နှင့် ခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို ပေါ့ဆ၍ မရကြောင်း ၎င်းက သတိပေးရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071