Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeNewsLocal Newsနွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင်...

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်ဟု ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေးပြော

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်သည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေး ကပြောသည်။

နေပြည်တော်၌ ဖေဖော်ဝါရီ ၁၈ ရက်မွန်းလွဲပိုင်းကကျင်းပသည့် မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင် ရွက်ရေးကော်မတီ၏ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအနေဖြင့် Fire Hot-spot ဖြစ်ပေါ်မှု(၅၆၅၀၄)ကြိမ်ရှိပြီး ၂၀၂၄ ခုနှစ်တွင် (၅၁၀၉၁)ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလတွင် Fire Hotspot ဖြစ်ပေါ်မှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၁၂၇၉)ကြိမ်ဖြစ်ပေါ်ခဲ့ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် (၁၀၅၇)ကြိမ်ဖြစ်ပေါ်ခဲ့၍ (၂၂၂)ကြိမ်လျော့ကျခဲ့သည်ဟု ပြောသည်။

ထို့ပြင် ASMC website မှရရှိသည့် Fire Hotspot ဆိုင်ရာအချက်အလက်များအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၏ ပထမသီတင်းပတ်တွင် (၁၂၃)ကြိမ်၊ ဒုတိယသီတင်းပတ်တွင် (၂၀၁)ကြိမ်၊ တတိယသီတင်းပတ်တွင် (၂၈၆)ကြိမ်နှင့် စတုတ္ထ သီတင်းပတ်တွင် (၄၄၇) ကြိမ်ဖြင့် တဖြည်းဖြည်းမြင့်တက်လာသည်ဟု ပြောသည်။

” Fire Hotspot ဖြစ်ပေါ်မှုမှာ ရှမ်းပြည်နယ်က (၂၅၅)ကြိမ်နဲ့ အများဆုံးဖြစ်ပေါ်ခဲ့ပါတယ် ဒုတိ ယအနေနဲ့ စစ်ကိုင်းတိုင်းက (၂၁၄)ကြိမ်ပါ။ နှစ် စဉ် နွေရာသီကာလဖြစ်တဲ့ မတ်၊ ဧပြီလတွေမှာ Hotspot အရေအတွက်ပိုမိုများပြားလာနိုင်တဲ့အတွက် နေပြည်တော်၊ တိုင်းနဲ့ ပြည်နယ်အလိုက် ပညာပေးဆွေးနွေးရေး၊ စစ်ဆေးရေးအဖွဲ့တွေအနေနဲ့ အသိပညာပေးဟောပြောတာ၊ စစ်ဆေးကြပ်မတ်တာနဲ့ လိုက်နာမှုရှိစေရေးဆောင်ရွက်မှုတွေကို အထူးအလေးထားကြပ်မတ်ဆောင်ရွက်ဖို့လိုပါတယ်”ဟု ဗိုလ်ချုပ်ကိုလေး ကပြောသည်။

ထို့အတူ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များအနေ ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို အချက်အလက်၊ ကိန်းဂဏန်း၊ မှတ်တမ်းဓာတ်ပုံများနှင့်တကွပေးပို့ကြရမည်ဖြစ်ပြီး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျော့ချနိုင်ရန် ကုန်းမြင့်လယ်ယာဖော်ထုတ်မှု၊ လယ်ယာထွက်အမှိုက်များစုပုံမီးရှို့မှုမရှိစေရေး၊ တောမီးရှို့မှုမရှိစေရေး ပညာပေးဆွေးနွေးမှုတို့ကို ပိုမိုတိုးမြှင့်လုပ် ဆောင်ကြရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့ပြင် ဒု-ဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်မှလည်း ရွှေ့ ပြောင်းတောင်ယာစနစ်မှ ကုန်းမြင့်လယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရန် နေရာနှင့် ရေအရင်းအမြစ်ရှိပါက ဆိုလာရေတင်စနစ်ကိုဆောင်ရွက်သင့်ပြီး ကုန်းမြင့်လယ်ယာဆောင်ရွက်လိုသည့် နေရာများရှိလျင် နည်းပညာကူညီပေးမည်ဟု ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071