ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် ယနေ့ ဧပြီ ၁၉ ရက်မွန်းလွဲ ၂ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့၍ ဘူတာရပ်ကွက်၊ နယ်မြေ(၁၀)၊ ဇီဝကလမ်း၊ ယာယီညဈေးတန်းအနီးမှ သစ်ပင်များလဲကျခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် နောင်ချိုမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက လဲကျနေသည့်သစ်ပင်များအား ခုတ်ထွင်ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဧပြီ ၁၉ ရက်မွန်းလွဲပိုင်းထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၄ နာရီအတွင်းက ရှမ်းပြည်နယ်တွင်နေရာကျဲကျဲမိုးရွာသွန်းခဲ့ကာ မနက်ဖြန် ဧပြီ ၁၉ ရင်နံနက်ပိုင်းအထိခန့်မှန်းချက်အရလည်း ရှမ်းပြည်နယ်တွင်နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း သိရသည်။
