Tuesday, August 4, 2026

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...
HomeInternationalနောက်တစ်ပတ်တွင်တွေ့ရန်ထရမ့်ပ်က မိုဒီကို အိမ်ဖြူတော်သို့...

နောက်တစ်ပတ်တွင်တွေ့ရန်ထရမ့်ပ်က မိုဒီကို အိမ်ဖြူတော်သို့ ဖိတ်ခေါ် 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လာမည့်သီတင်းပတ်တွင် အိမ်ဖြူတော်သို့ အလည်အပတ်လာရောက်ရန် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို ဖိတ်ကြားခဲ့သည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦးက တနင်္လာနေ့တွင် အတည်ပြုပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ဖေါ်ပြသည်။

ရာထူးတာဝန်စတင်ထမ်းဆောင်ပြီးနောက် ထရမ့်ပ်သည် ဇန်နဝါရီ ၂၇ ရက်တွင် မိုဒီနှင့် ဖုန်းဆက်သွယ်ဆွေးနွေးမှုလုပ်ခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်မှု ညီမျှစေရေးနှင့် အမေရိကလုပ် လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာများကို အိန္ဒိယက ပိုမိုဝယ်ယူရန် အရေးပါကြောင်းကို ထရမ့်ပ်က အလေးပေးပြောကြားခဲ့သည်။

ဒေလီသည် ဝါရှင်တန်နှင့် ကုန်သွယ်မှု ဆက်ဆံရေးမြှင့်တင်ရန်နှင့် ၎င်း၏ နိုင်ငံသားများ ကျွမ်းကျင်လုပ်သားဗီဇာရရှိရေး လျင်မြန်လွယ်ကူစေရန် အသင့်ပြင်ထားသည်။ တရုတ်နိုင်ငံကို တန်ပြန်ရာတွင် အိန္ဒိယသည် အမေရိကန်ပြည်ထောင်စု၏ မဟာဗျူဟာမိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။

အိန္ဒိယသည် အမေရိကန်ထုတ်ကုန်များအပေါ် စည်းကြပ်ခွန်မြင့်မားစွာကောက်ခံမှုအတွက် အမေရိကန်သမ္မတက သတိပေးမှုလုပ်ထားခဲ့ဖူးပြီး မိုဒီနှင့် ထရမ့်ပ်တို့ ဆွေးနွေးမှုအတွင်း ယင်းကုန်သွယ်ရေးစည်းကြပ်ခွန်များကိစ္စလည်း ပါဝင်နိုင်သည်။

ဝန်ကြီးချုပ် မိုဒီ အမေရိကန်သို့ ဆောလျင်စွာ လာရောက်နိုင်ငံရေး နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖေဖော်ဝါရီလတွင် ဖြစ်နိုင်ဖွယ်ရှိကြောင်း အစောပိုင်းတွင် ဗဟိုအစိုးရက အတည်ပြုထားခဲ့သည်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အမေရိကသည် အိန္ဒိယ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၁၁၈ ဘီလျံကျော်လွန်ခဲ့ပြီး ယင်းတွင် အိန္ဒိယက ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၃၂ ဘီလျံရှိကြောင်း ဆိုခဲ့သည်။

Ref: အင်းဒီးယန်းအိတ်စ်ပရက်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ – ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုး - ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071