Thursday, August 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ မြန်မာ–ထိုင်း...

မြန်မာ–ထိုင်း–အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးက ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အချက်အချာကျသည့် အခန်းကဏ္ဍကို မြှင့်တင်ပေးမည် ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit)...

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ...

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ကို ကြိုဆိုအသိအမှတ်ပြုဟု...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ဖြစ်၍ ကြိုဆိုအသိအမှတ်ပြုသည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊...

မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသည် အာဆီယံနှင့် အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုများကို...

ယနေ့ ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်သီးသန့်တွေ့ဆုံမှုအပြီး မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံ၏...
HomeNewsLocal Newsနေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်...

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ခြောက်ဆိုင်တွင် အထူးဈေးနှုန်းဖြင့် ဒီဇယ်ဆီများရောင်းချပေးနေ

(Unicode)

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ခြောက်ဆိုင်တွင် အထူးဈေးနှုန်းဖြင့် ဒီဇယ်ဆီများရောင်းချပေးနေ

နေပြည်တော် ဇန်နဝါရီ ၁၄

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ခြောက်ဆိုင်တွင် စက်သုံးဆီ သုံးစွဲသူအများပြည်သူများ အဆင်ပြေစေရန်အတွက် ဒီဇယ်ဆီနှင့် ပရီမီယံဒီဇယ်တို့ကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း နေပြည်တော် စားသုံးသူရေးရာဦးစီးမှူးရုံးမှ သိရသည်။

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (၃၄) သန်းဖြင့် စက်သုံးဆီမှာယူတင် သွင်းခဲ့သည့် ကုမ္ပဏီ (၂၆) ခုမှ ဒီဇယ်ဆီဂါလန် (၁၂ ဒသမ ၅၄) သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှစတင်၍ ကုမ္ပဏီ (၁၀) ခုမှ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်စုစုပေါင်း (၉၉) ဆိုင်တွင်စတင် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင် ခြောက်ဆိုင်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့မှစ၍ အထူးဈေးနှုန်းများဖြင့် စတင်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

 “ နေပြည်တော်ထဲမှာတော့ အရောင်းဆိုင် ခြောက်ဆိုင်ရှိပါတယ်။ ပျဉ်းမနားမှာက တစ်ဆိုင်၊ တပ်ကုန်းမှာက နှစ်ဆိုင်၊ လယ်ဝေး သာဝတ္ထိမှာက တစ်ဆိုင်၊ ဥတ္တရသီရိမြို့နယ်မှာက တစ်ဆိုင်၊ ဒက္ခိဏသီရိမြို့နယ်မှာက တစ်ဆိုင်ပေါ့။ ရောင်းတာကတော့ ဇန်နဝါရီ ၁၃ ရက်နေ့ကတည်းကစ ရောင်းချပေး နေပါပြီ” ဟု နေပြည်တော်စားသုံးသူရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က ပြောသည်။

 ပြည်သူများအနေဖြင့် အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည့် စက်သုံးဆီ အရောင်းဆိုင်များတွင် ဒီဇယ်ဆီများကို မြန်မာရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ပြည်သူများအနေဖြင့် ဒီဇယ်ဆီများကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းဖုန်း ၀၉၄၂၁၀၀၆၇၉၄တို့ကို ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

(Zawgyi)

ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမအတြင္းရွိ စက္သုံးဆီအေရာင္းဆိုင္ ေျခာက္ဆိုင္တြင္ အထူးေဈးႏႈန္းျဖင့္ ဒီဇယ္ဆီမ်ားေရာင္းခ်ေပးေန

ေနျပည္ေတာ္ ဇန္နဝါရီ ၁၄

 ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမအတြင္းရွိ စက္သုံးဆီအေရာင္းဆိုင္ေျခာက္ဆိုင္တြင္ စက္သုံးဆီ သုံးစြဲသူအမ်ားျပည္သူမ်ား အဆင္ေျပေစရန္အတြက္ ဒီဇယ္ဆီႏွင့္ ပရီမီယံဒီဇယ္တို႔ကို အထူးေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း ေနျပည္ေတာ္ စားသုံးသူေရးရာဦးစီးမႉး႐ုံးမွ သိရသည္။

 စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံ စက္သုံးဆီ တင္သြင္းျဖန႔္ျဖဴး ေရာင္းခ်ေရးအသင္းတို႔ ပူးေပါင္းစီစဥ္မႈျဖင့္ျပည္သူမ်ား သက္သာေသာ ေဈးႏႈန္းျဖင့္ ဝယ္ယူရရွိႏိုင္ရန္ ရည္႐ြယ္၍ ဗဟိုဘဏ္မွ ရည္ၫႊန္းေငြလဲႏႈန္းျဖင့္ တိုက္႐ိုက္ ေရာင္းခ်ေပးသည့္ ႏိုင္ငံျခားေငြ အေမရိကန္ေဒၚလာ (၃၄) သန္းျဖင့္ စက္သုံးဆီမွာယူတင္ သြင္းခဲ့သည့္ ကုမၸဏီ (၂၆) ခုမွ ဒီဇယ္ဆီဂါလန္ (၁၂ ဒသမ ၅၄) သန္းခန႔္ကို အထူးေဈးႏႈန္းျဖင့္ ျဖန႔္ျဖဴး ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး ဇန္နဝါရီ ၁၁ ရက္မွစတင္၍ ကုမၸဏီ (၁၀) ခုမွ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားရွိ စက္သုံးဆီ အေရာင္းဆိုင္စုစုေပါင္း (၉၉) ဆိုင္တြင္စတင္ ျဖန႔္ျဖဴးေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း၊ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမအတြင္းရွိ စက္သုံးဆီ အေရာင္းဆိုင္ ေျခာက္ဆိုင္တြင္ ဇန္နဝါရီလ ၁၃ ရက္ေန႔မွစ၍ အထူးေဈးႏႈန္းမ်ားျဖင့္ စတင္ေရာင္းခ် ေပးလ်က္ရွိေၾကာင္း သိရသည္။

 “ ေနျပည္ေတာ္ထဲမွာေတာ့ အေရာင္းဆိုင္ ေျခာက္ဆိုင္ရွိပါတယ္။ ပ်ဥ္းမနားမွာက တစ္ဆိုင္၊ တပ္ကုန္းမွာက ႏွစ္ဆိုင္၊ လယ္ေဝး သာဝတၳိမွာက တစ္ဆိုင္၊ ဥတၱရသီရိၿမိဳ႕နယ္မွာက တစ္ဆိုင္၊ ဒကၡိဏသီရိၿမိဳ႕နယ္မွာက တစ္ဆိုင္ေပါ့။ ေရာင္းတာကေတာ့ ဇန္နဝါရီ ၁၃ ရက္ေန႔ကတည္းကစ ေရာင္းခ်ေပး ေနပါၿပီ” ဟု ေနျပည္ေတာ္စားသုံးသူေရးဦးစီးမႉး႐ုံးမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာေဇာ္လြင္က ေျပာသည္။

 ျပည္သူမ်ားအေနျဖင့္ အထူးေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးမည့္ စက္သုံးဆီ အေရာင္းဆိုင္မ်ားတြင္ ဒီဇယ္ဆီမ်ားကို ျမန္မာေရနံႏွင့္ ေရနံထြက္ပစၥည္း ႀကီးၾကပ္စစ္ေဆးေရး ဦးစီးဌာနမွ ထုတ္ျပန္ထားေသာ ရည္ၫႊန္းေဈးႏႈန္းအတိုင္း ဝယ္ယူရရွိႏိုင္မည္ျဖစ္ေၾကာင္း၊ ထိုသို႔ ျပည္သူမ်ားအေနျဖင့္ ဒီဇယ္ဆီမ်ားကို တိုင္းေဒသႀကီး/ ျပည္နယ္အလိုက္ သတ္မွတ္စက္သုံးဆီ အေရာင္းဆိုင္မ်ားတြင္ သတ္မွတ္ေဈးႏႈန္းမ်ားအတိုင္း ဝယ္ယူရရွိျခင္း မရွိပါက ကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ေစေရး လုပ္ငန္းေကာ္မတီ ဖုန္း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူေရးရာဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး ဖုန္း ၀၁-၂၅၀၂၇၀၊ ျမန္မာႏိုင္ငံ စက္သုံးဆီ တင္သြင္းျဖန႔္ျဖဴးေရာင္းခ်ေရးအသင္းဖုန္း ၀၉၄၂၁၀၀၆၇၉၄တို႔ကို ဆက္သြယ္ တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071