Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeNewsLocal Newsနိုင်ငံ၏ ဘောလုံးလောကနှင့် ပြိုင်ပွဲများ...

နိုင်ငံ၏ ဘောလုံးလောကနှင့် ပြိုင်ပွဲများ ပိုမိုဖွံ့ဖြိုးလာရေးကြိုးပမ်းရန် အားကစားဝန်ကြီး တိုက်တွန်း

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံ၏ ဘောလုံးလောကနှင့် ပြိုင်ပွဲများ ပိုမိုဖွံ့ဖြိုးစေရေး ကြိုးပမ်းကြရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းမှာကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၂၄)ရက် (၃၃) ကြိမ်မြောက် ဆီးဂိမ်းနှင့် နိုင်ငံတကာပြိုင်ပွဲများ အောင်မြင်ရေး၊ ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ တွေဆုံစဉ် ထိုသို့ တိုက်တွန်းမှာကြားခဲ့ခြင်းဖြစ်သည်။

နည်းစနစ်နှင့် အားကစား ဥပဒေများကို ကစားသမားများ ပိုမိုသိရှိနားလည်၍ လိုက်နာကျင့်သုံးစေရေး၊ ကစားသမားကောင်းများ ဖြစ်စေရန် အားကစား ဆေးပညာ၊ အားကစား စိတ်ပညာ တို့အား စနစ်တကျ အသုံးချရေး၊ ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူများအားလုံး မိသားစုသဖွယ် အပြန်အလှန် ယုံကြည်လေးစားမှုများဖြင့် လုပ်ငန်းများ လက်တွဲဆောင်ရွက်ရေး၊ ယမန်နေ့ ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ကောက်ရိုးမီးသဖွယ် မဖြစ်စေဘဲ စနစ်တကျ အာရုံစိုက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရေးအတွက် လက်တွဲညီစွာဖြင့် ကြိုးပမ်းဆောင်ရွက်ရေး တို့အား တိုက်တွန်းမှာကြားခဲ့သည်။

တွေ့ဆုံပွဲအတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သုဝဏ္ဏကွင်း၊ ဖူဆယ်မိုးလုံလေလုံကွင်း၊ အာရှဘောလုံး အဖွဲ့ချုပ်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့က ပံ့ပိုးကူညီသည့် ဖူဆယ်လေ့ကျင့်ရေးကွင်း တည်ဆောက်ရေး စီမံကိန်း၊ ဧရာဝတီဖောင်ဒေးရှင်းက လှူဒါန်းသည့် မြက်ခင်းတု လေ့ကျင့်ရေးကွင်း နှစ်ကွင်းတည်ဆောက်နေမှု၊ အမျိုးသား ဘောလုံးအကယ်ဒမီတို့အား ရှင်းလင်းပြသခဲ့ကာ မြန်မာ့လက်ရွေးစင် ကစားသမားများ၊ အကယ်ဒမီ သင်တန်းသားများနှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံ ‌ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်)အောင်နိုင်ရေးအတွက် အသင်းများ ပြင်ဆင်ထားရှိမှု၊ မြန်မာ ယူ (၂၂) နည်းပြချုပ် ဂျပန်လက်ရွေးစင်ဟောင်း ခူရိုဆာကီ၊ မြန်မာ ယူ (၁၉) နည်းပြ ဆူအီကာ၊ အမျိုးသမီးအသင်းနည်းပြ ယူကီ၊ ဖူဆယ်နည်းပြ ထိုင်းလက်ရွေးစင်ဟောင်း ပတ္တရားတို့အား ငှားရမ်းခန့်အပ်ထားရှိမှု၊ သက်တမ်းအလိုက်အသင်းများ ဖွဲ့စည်းဆောင်ရွက်မှု၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အမျိုးသမီး ဘောလုံးအကယ်ဒမီ အပါအဝင် အခြေခံအဆောက်အဦးများ တည်ဆောက်မှု၊ သက်တမ်းလိုက် ပြိုင်ပွဲများကျင်းပနေမှုနှင့် အဖွဲ့ချုပ် ငွေစာရင်း ရှင်းလင်းချက်များအား တင်ပြင်အစီရင်ခံခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက ပြိုင်ပွဲ ကျင်းပရေး စီစဉ်ထားရှိမှုများ၊ ဘဏ္ဏာရေး၊ ကစားကွင်းနှင့် လိုအပ်ချက်များ၊ ပြင်ဆင်ဆောင်ရွက်ရန်များအား လည်းကောင်း၊ ဖူဆယ် လက်ရွေးစင် အသင်းများ ပြင်ဆင်လေ့ကျင့်မှု၊ ဖူဆယ်လိဂ် ပြိုင်ပွဲများ ကျင်းပနေမှုနှင့် စပ်လျဉ်း၍ ဖူဆယ်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်က လည်းကောင်း ဆက်လက် အစီရင်ခံ တင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက ဘောလုံးအားကစား တိုးတက်ရေး အတွက် အတူတကွ လက်တွဲဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြိုင်ပွဲများ၊ ကစားကွင်းများနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071