မော်စကိုမြို့မြောက်ဘက်ရှိ ကြီးကျယ်ခမ်းနားသော VDNKh ပန်းခြံတွင် ဆိုဗီယက်ခေတ်ဟန်အပြည့် နန်းတော်ပုံများနှင့် ပြခန်းပေါင်း ၂၅၀ကျော်၊ အမိုးခုံးအလှများနှင့် ရေပန်းများ၊ Vostok ဒုံးပျံနှင့် ဆိုဗီယက်လေယာဉ်များဖြင့် အလှဆင်ထားသည်။
ဆိုဗီယက်အမည် VDNKh သည် “နိုင်ငံ့စီးပွားရေးအောင်မြင်မှုများပြခန်း” ဟုအဓိပ္ပာယ်ရသည့်အတိုကောက်ဖြစ်သည်။
လမ်း၏ ဝဲယာ တဘက်တချက်တွင် သစ်ပင်များစီတန်းစိုက်ထားသောလမ်းများ၊ ရင်ပြင်များနှင့် ဥယျာဉ်များပါရှိသော အံ့ဖွယ်မြို့လေးပုံစံဖြစ်သည်။
ပန်းခြံကို စတာလင်ခေတ် ၁၉၃၀ပြည့်လွန်နှစ်များတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၅၄ခုနှစ်တွင် ယနေ့မြင်တွေ့နေရသည့် ဗိသုကာလက်ရာများဖြင့်အပြီးသ-တ်ခဲ့သည်။
ဆိုဗီယက်အင်ပါယာ၏ အောင်မြင်မှုများကို ခင်းကျင်းပြသရန် ဖန်တီးထားသည့် VDNKh တွင် နယ်ပယ်စုံ (အင်ဂျင်နီယာ၊ အာကာသ၊ အနုမြူစွမ်းအင်၊ ပြည်သူ့ပညာရေး၊ ဆိုဗီယက်ယဉ်ကျေးမှုနှင့် အခြားအရာများစွာ) အတွက် ရည်ရွယ်ထားသောပြခန်းများပါရှိသည်။
ခေတ်အဆက်ဆက်ဆိုဗီယက်ပြည်သူ့သမ္မတနိုင်ငံကို ကိုယ်စားပြုသည့်ပြခန်းများလည်း ရှိပြီး တစ်ခုချင်းစီတွင်ထူးခြားသော ကိုယ်ပိုင်ဗိသုကာဒီဇိုင်းများကို ဝံ့ကြွားစွာပြသထားသည်။
VDNKh အောင်မြင်မှု အထိမ်းအမှတ်ပန်းခြံတွင် လာရောက်ကြသည့်သူများမဖြစ်မနေ သွားကြသည့်နေရာ ၇ခု ရှိသည်။
ရိုးရာဝတ်စုံဝတ်ဆင်ထားသော မိန်းကလေး ၁၆ ဦး၏ ပန်းပု ရုပ်ထုများဖြင့် “ပြည်သူ့ချစ်ကြည်ရေး” ရေပန်း၊ပုံပြင်များကိုအခြေခံကာ သရုပ် ဖေါ်ထားသည့် “ကျောက်ပန်းပွင့်” တို့ကိုတော့ ဦးစားပေးသွားကြည့်ကြသည်။
စက်ဘီးစီးပြီး VDNKh ပန်းခြံ အပြင်က္ခဗေဒဥယျာဉ်များ၏ အေးချမ်းသောနေရာများဆီထိသွားကြသည်။
လေးယောက်ဆံ့ စက်ဘီးများ၊ ကလေးထိုင်ခုံပါသော စက်ဘီးများအပြင်စကူတာများပါငှားရမ်းပေးသည်။
ဆောင်းရာသီဆိုလျှင် VDNKh ပန်းခြံသည် စကိတ်စီးရန် နေရာကောင်းတစ်ခုဖြစ်သည်။ မော်စကိုရှိအကြီးဆုံးစကိတ်ကွင်းသည် ဗဟိုပြခန်းကြီး၏ဘေးတွင်ရှိသည်။
အာကသပြခန်းတွင် ဒစ်ဂျစ်တယ် ဖန်သားပြင်များ၊ ဒုံးပျံ၊ အာကာသရှိုးပွဲများ၊ MIR အာကာသစခန်း၏ မော်ဒယ်အတွင်းသို့ ဝင်ရောက်ခြင်း၊ virtualဖြင့် ရှုမြင်ခြင်းတို့ ပါဝင် သည်။
မော်စကိုမြို့ကို ၁ အချိုး ၄၀၀ အရွယ်ဖြင့် မော်စကိုမြို့၏ အဆောက်အအုံများ၊ လမ်းများနှင့် ရင်ပြင်များကို ပုံစံငယ်ပြုလုပ်ထားသည်က ချစ်စရာ။ လည်ပတ်ရန် အကောင်းဆုံးအချိန်မှာ မီးများဖွင့်ခြင်း၊ တေးဂီတရှိုးများကို ဖွင့်ထားသည့်အချိန်မျိုးဖြစ်သည်။
စက်မှုလုပ်သားတစ်ဦးနှင့် စုပေါင်းလယ်ယာမှ လယ်သူမလေး၏ အထင်ကရရုပ်တုသည်လည်း နာမည်ကျော်သည်။ အဆိုပါပန်းပုရုပ်သည် ၁၉၃၇ က ပါရီတွင်ကျင်းပသည့်ကမ္ဘာ့ပြပွဲအတွက် Vera Mukhina က ရေးဆွဲထားသောအနုပညာလက်ရာတစ်ခုဖြစ်သည်။
ပြခန်းများနှင့် စားသောက်ဆိုင်များစွာတွင် ဆိုဗီယက်ရိုးရာအစားအစာ၊ ကော်ဖီဆိုင်တို့ကလူကြိုက်များသည်။
Ref: bridgetomosco
Photo: lovetravellingblog
