Monday, August 3, 2026

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင်...

၂ နှစ်အရွယ် ကလေးငယ် ရထားတိုက်မိ၍...

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မီးရထားသံလမ်းပေါ် ရောက်ရှိနေစဉ် မန္တလေး-ရန်ကုန် အမှတ် (၆) အစုန်...

အင်းလျားကန် ဘေးကင်းကြံ့ခိုင်ရေးအတွက် ဘူမိရူပဗေဒ စစ်ဆေးလေ့လာမှုများ...

ရန်ကုန်၊ ဩဂုတ် ၃ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့ခိုင်မာရေးအတွက် ဘူမိရူပဗေဒ (Geophysics) တိုင်းတာစစ်ဆေး စူးစမ်းလေ့လာမှုများကို ဇူလိုင် ၁၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နှစ်နိုင်ငံ စွမ်းအင်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းဆက်ဆံရေး မြှင့်တင်ရေး အမြင်ချင်းဖလှယ် ဒါကာ၊ ဩဂုတ် ၃ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စွမ်းအင်နှင့် တွင်းထွက်ရင်းမြစ်များဝန်ကြီး H.E....
HomeNewsLocal Newsနိုင်ငံအတွင်းကိုဗစ်ကူးစက်မှု ၃ရက်ဆက်တိုက် တစ်ရက်...

နိုင်ငံအတွင်းကိုဗစ်ကူးစက်မှု ၃ရက်ဆက်တိုက် တစ်ရက် ၃၀၀၀ ကျော်အထိရှိလာ

(Unicode)

နိုင်ငံအတွင်းကိုဗစ်ကူးစက်မှု ၃ရက်ဆက်တိုက် တစ်ရက် ၃၀၀၀ ကျော်အထိရှိလာ

ဖေဖော်ဝါရီ ၁၈ ရက်က စပြီး နိုင်ငံအတွင်း နေ့စဉ်ကိုဗစ်ကူးစက်မှုဟာ တစ်ရက်ကို လူနာဦးရေ ၃၀၀၀ကျော်အထိ ရှိလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်များအရ သိရသည်။

ဖေဖော်ဝါရီ ၂၀ရက် ည (၈:၀၀) နာရီထုတ်ပြန်ချက်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၃၀၃) ဦး တွေ့ရှိရပြီး ယင်းနေ့ ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၈.၈၂) ရာခိုင်နှုန်း ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

ကိုဗစ်ကြောင့် ဖေဖော်ဝါရီ ၂၀ရက်ထုတ်ပြန်ချက်တွင် ထပ်မံသေဆုံးသူ(၄)ဦး အထိရှိလာသည်။

ဖေဖော်ဝါရီ ၁၉ ရက် ည (၈:၀၀) နာရီထုတ်ပြန်ချက်တွင်လည်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၀၅၀) ဦး တွေ့ရှိရကာ ယင်း နေ့အတွက် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁၀.၀၃) ရာခိုင်နှုန်း ရှိခဲ့ပြီး COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၅) ဦး ရှိခဲ့သည်။

ဖေဖော်ဝါရီ ၁၈ရက် ည (၈:၀၀) နာရီက COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၀၅၈) ဦး ၊ ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၉.၃၀) ရာခိုင်နှုန်း၊ထိုနေ့ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၃) ဦးရှိခဲ့၍ နိုင်ငံအတွင်း ကိုဗစ်စတင်ကူးစက်ချိန်မှ ယနေ့အထိ သေဆုံးသူ ၂၀၀၀၀နားအထိ ကပ်လာပြီဖြစ်သည်။

ယခင်ရက်များက ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ လူနာအသစ်မှာ ၂၀၀၀ကျော်၊၁၀၀၀ကျော်နှင့် ၁၀၀၀အောက် ရှိရာမှ ထိုးတက်လာခြင်းဖြစ်သည်။

ကူးစက်မှုအများဆုံးမှာ ရန်ကုန်တိုင်းကဖြစ်ပြီး သေဆုံးမှုကလည်း ရန်ကုန်တိုင်းကပင် အများဆုံးဖြစ်နေသည်။

“အရင်ကဆို ကိုဗစ်လူနာတွေ ပို့ရတာက တစ်ယောက်စ နှစ်ယောက်စ၊အခု က နည်းနည်းများလာပြီ”ဟု ရန်ကုန်အခြေစိုက်ပရဟိတသမားတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းအတွင်း ယခု ၃ရက်အတွင်း ကိုဗစ်လူနာသစ်တွေ့ရှိမှုက တစ်ရက်လျှင် ၁၀၀၀အထိ ကပ်လာသည်။

(Zawgyi)

ႏိုင္ငံအတြင္းကိုဗစ္ကူးစက္မႈ ၃ရက္ဆက္တိုက္ တစ္ရက္ ၃၀၀၀ ေက်ာ္အထိရွိလာ

ေဖေဖာ္ဝါရီ ၁၈ ရက္က စၿပီး ႏိုင္ငံအတြင္း ေန႔စဥ္ကိုဗစ္ကူးစက္မႈဟာ တစ္ရက္ကို လူနာဦးေရ ၃၀၀၀ေက်ာ္အထိ ရွိလာေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ေဖေဖာ္ဝါရီ ၂၀ရက္ ည (၈:၀၀) နာရီထုတ္ျပန္ခ်က္တြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၃,၃၀၃) ဦး ေတြ႕ရွိရၿပီး ယင္းေန႔ ေရာဂါ ပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းမွာ (၈.၈၂) ရာခိုင္ႏႈန္း ရွိခဲ့သည္ဟု က်န္းမာေရးဝန္ႀကီးဌာနကဆိုသည္။

ကိုဗစ္ေၾကာင့္ ေဖေဖာ္ဝါရီ ၂၀ရက္ထုတ္ျပန္ခ်က္တြင္ ထပ္မံေသဆုံးသူ(၄)ဦး အထိရွိလာသည္။

ေဖေဖာ္ဝါရီ ၁၉ ရက္ ည (၈:၀၀) နာရီထုတ္ျပန္ခ်က္တြင္လည္း COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၃,၀၅၀) ဦး ေတြ႕ရွိရကာ ယင္း ေန႔အတြက္ ေရာဂါ ပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းမွာ (၁၀.၀၃) ရာခိုင္ႏႈန္း ရွိခဲ့ၿပီး COVID-19 ေရာဂါျဖင့္ ထပ္မံေသဆုံးသူ (၅) ဦး ရွိခဲ့သည္။

ေဖေဖာ္ဝါရီ ၁၈ရက္ ည (၈:၀၀) နာရီက COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၃,၀၅၈) ဦး ၊ ေရာဂါ ပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းမွာ (၉.၃၀) ရာခိုင္ႏႈန္း၊ထိုေန႔ COVID-19 ေရာဂါျဖင့္ ထပ္မံေသဆုံးသူ (၃) ဦးရွိခဲ့၍ ႏိုင္ငံအတြင္း ကိုဗစ္စတင္ကူးစက္ခ်ိန္မွ ယေန႔အထိ ေသဆုံးသူ ၂၀၀၀၀နားအထိ ကပ္လာၿပီျဖစ္သည္။

ယခင္ရက္မ်ားက ကိုဗစ္ေရာဂါပိုးကူးစက္ခံရသူ လူနာအသစ္မွာ ၂၀၀၀ေက်ာ္၊၁၀၀၀ေက်ာ္ႏွင့္ ၁၀၀၀ေအာက္ ရွိရာမွ ထိုးတက္လာျခင္းျဖစ္သည္။

ကူးစက္မႈအမ်ားဆုံးမွာ ရန္ကုန္တိုင္းကျဖစ္ၿပီး ေသဆုံးမႈကလည္း ရန္ကုန္တိုင္းကပင္ အမ်ားဆုံးျဖစ္ေနသည္။

“အရင္ကဆို ကိုဗစ္လူနာေတြ ပို႔ရတာက တစ္ေယာက္စ ႏွစ္ေယာက္စ၊အခု က နည္းနည္းမ်ားလာၿပီ”ဟု ရန္ကုန္အေျခစိုက္ပရဟိတသမားတစ္ဦးကေျပာသည္။

ရန္ကုန္တိုင္းအတြင္း ယခု ၃ရက္အတြင္း ကိုဗစ္လူနာသစ္ေတြ႕ရွိမႈက တစ္ရက္လွ်င္ ၁၀၀၀အထိ ကပ္လာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန် မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၃၄/၂၀၂၆)အဖြစ် သတိပေးခဲ့သည်။ ယင်း ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းမှ သြဂုတ် ၆ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်...

၂ နှစ်အရွယ် ကလေးငယ် ရထားတိုက်မိ၍ သေဆုံး

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မီးရထားသံလမ်းပေါ် ရောက်ရှိနေစဉ် မန္တလေး-ရန်ကုန် အမှတ် (၆) အစုန် DEMU (Japan) ခရီးသည်တင်ရထား တိုက်မိသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၁ ရက် ညနေ ၄ နာရီခန့်က ဘုရားကြီးဘူတာအနီး မီးရထားလမ်း မိုင်တိုင်အမှတ် (၅၇/၃) နှင့် (၅၇/၄) အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ဘုရားကြီးမြို့ အမှတ် (၁) ရပ်ကွက်နေ အသက်...

အင်းလျားကန် ဘေးကင်းကြံ့ခိုင်ရေးအတွက် ဘူမိရူပဗေဒ စစ်ဆေးလေ့လာမှုများ စတင်ဆောင်ရွက်

ရန်ကုန်၊ ဩဂုတ် ၃ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့ခိုင်မာရေးအတွက် ဘူမိရူပဗေဒ (Geophysics) တိုင်းတာစစ်ဆေး စူးစမ်းလေ့လာမှုများကို ဇူလိုင် ၁၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ထံမှ သိရသည်။ အဆိုပါ လုပ်ငန်းကို YCDC အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကန်၏ မြေသားဖွဲ့စည်းပုံနှင့် တာတမံကြံ့ခိုင်မှုအခြေအနေများကို အသေးစိတ် တိုင်းတာစစ်ဆေးလျက်ရှိကြောင်း သိရသည်။ စစ်ဆေးလေ့လာမှုမှ ရရှိလာသည့် ရလဒ်များအပေါ် မူတည်၍ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှု၊ ကြံ့ခိုင်မှုနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071