Saturday, May 9, 2026

ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ...

​စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်(၉)ဘီလီယံကျော်တန် ဖိုးရှိ ဘိန်းဖြူ(၇၇)ကီလိုနှင့် စိတ်ကြွဆေးပြား(၄)သန်းကို ကွင်းဆက်တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ...

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း...

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့်...

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင်...

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန်...

ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်‌ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ...
HomeNewsLocal Newsနိုင်ငံအတွက်၊ ဒေသအတွက်အကျိုးပြုနိုင်မည့်သူကိုရွေးကောက်ပွဲ၌ ကိုယ်စားလှယ်အဖြစ်ရွေးချယ်ရန်လို...

နိုင်ငံအတွက်၊ ဒေသအတွက်အကျိုးပြုနိုင်မည့်သူကိုရွေးကောက်ပွဲ၌ ကိုယ်စားလှယ်အဖြစ်ရွေးချယ်ရန်လို ကြောင်းမြန်မာနိုင်ငံတော်ယာယီသမ္မတပြော

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့် မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ မိသားစုများ၊ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ စက်တင်ဘာ ၂ ရက်ညနေ ၅ နာရီတွင် မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်

တွေ့ဆုံစဥ် မိမိတို့အနေဖြင့် လာမည့်ဒီဇင်ဘာလအ တွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရာ၌ မဲဆန္ဒရှင်စာ ရင်းများနှင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အထောက်အကူပြုသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းကောင်စာရင်းကိုအောင်မြင်စွာကောက်ယူနိုင်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

” ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအားလုံး ဆန္ဒမဲပေးနိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ရွေးကောက်ပွဲကို ဒေသအလိုက်တည်ငြိမ်အေးချမ်းမှုကိုအခြေခံပြီး အပိုင်းလိုက်ကျင်းပသွားမှာပါ။ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းမှုမရှိစေဖို့အတွက် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM)နဲ့ဆောင်ရွက်ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအနေဖြင့် ပညာတတ်များဖြစ်ရန်လိုကာ ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံ အတွက်၊ ဒေသအတွက်အကျိုးပြုနိုင်မည့်သူကို ကိုယ်စားလှယ်အဖြစ်ရွေးချယ်နိုင်ရန်လိုသည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင် ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံရေးစနစ် အမျိုးမျိုး၊ စီးပွားရေးစနစ်အမျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ရမှု၊ တပ်မတော်မှ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပကာ နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနိုင်ရေးဆောင်ရွက်ပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာမှုရှိစေရေးအတွက် တပ်မ တော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ ဒီမိုကရေစီပထမအစိုးရသက်တမ်းတွင် ဒီမိုကရေစီစနစ်ခိုင်မာစေရေးကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန်ကြိုးပမ်းဆောင် ရွက်ခဲ့မှု ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် ပြည် တွင်းငြိမ်းချမ်းရေးမဖြစ်မနေလိုအပ်မှု၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်၍ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဆက်လက်လျှောက်လှမ်းနိုင်ရေးကြိုး ပမ်းဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို ကွင်းဆက်လိုက်ဖမ်းဆီးရမိ

​စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်(၉)ဘီလီယံကျော်တန် ဖိုးရှိ ဘိန်းဖြူ(၇၇)ကီလိုနှင့် စိတ်ကြွဆေးပြား(၄)သန်းကို ကွင်းဆက်တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နံနက်ပိုင်းက ကလေးမြို့အဝင်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က NISSAN CONDOR ကားနှင့် GOLDEN TRUCK ကားတို့ပေါ်မှ ဘိန်းဖြူ(၄၈ ဒသမ ၄)ကီလိုကို သက်ပိုင်စိုး၊ ဇော်ထိုက်၊ မျိုးရဲနိုင်၊ ကျော်လင်းတို့နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ​စစ်ဆေးချက်များအရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း ၌ နိုင်လင်းဇော်နှင့် နေလင်းဦး(ခ)ဆေးဆရာတို့မောင်းနှင်လာသည့်ကားပေါ်မှ ဘိန်းဖြူ(၂၈ ဒသမ...

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း နေအိမ်များစွာပျက်စီး

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များစွာ အမိုးလန်ခြင်း၊ အကာအရံများပျက် စီးခြင်း၊ ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကာ ငါးဖားကျေးရွာရှိ "ဇိနမာန်အောင်"စေတီတော်၏ ထီးတော်တိမ်းစောင်းသွားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ပျက်စီးမှုများအားဖယ်ရှားရှင်းလင်းခြင်း၊ ပျက်စီးနေအိမ်များတွင်နေထိုင်သူများ ယာယီနေထိုင်နိုင်ရန်စီစဥ်ပေးခြင်း၊ လိုအပ်သည့် ထောက်ပံ့ပစ္စည်းများပံ့ပိုးပေးနိုင်ရန်စီစဥ်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင် တိုက်တွန်း

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က တောင်းဆိုခဲ့သည်။  အရှေ့အလယ်ပိုင်း ပဋိပက္ခကဲ့သို့သော အကျပ်အတည်းများသည် ပိုမိုကျယ်ပြန့်ပြီး ခန့်မှန်းရခက်သော နိုင်ငံတကာအစီအစဉ်ကို ထင်ဟပ်နေကာ ကမ္ဘာ့အခြေအနေများသည် အလျင်အမြန်ပြောင်းလဲနေကြောင်း မစ္စတာ အနူတင်က အလေးပေးပြောကြား ခဲ့သည်ဟု သောကြာနေ့က ဖိလစ်ပိုင်နိုင်ငံ စီဘူးကျွန်းတွင် ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071