နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ကမ္ဘောဒီး ယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ၏ဖိတ်ကြားချက်အရ က မ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခ ရီးစဉ်(State Visit)အဖြစ် မကြာမှီသွားရောက်မည်ဖြစ် ကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော် အကြီးအကဲ)နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးအတွက် ပူး ပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ကရနေရာများ၊ ရှေးဟောင်းဘုရားများကိုလည်း လေ့လာဖူးမြော်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မြန်မာ-ကမ္ဘော ဒီးယား နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရများကြား၊ လွှတ်တော်များကြားနှင့် ပြည်သူများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ စီးပွားရေး၊ ယဉ် ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်၊
ခရီးစဉ်အား နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါသွားမည်ဖြစ် ကြောင်း သိရသည်။
