လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးကိစ္စများနှင့် ရွေးကောက်ပွဲကိစ္စများဆွေးနွေးခဲ့
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Michael Dunford နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးတို့ ယနေ့ ဩဂုတ် (၁၃)ရက်နေ့တွင်တွေ့ဆုံခဲ့သည်။
အမှန်တကယ်လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးကိစ္စရပ်များ အထွေထွေရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်များ သဘာဝဘေး၊ပြန်လည်ထူထောင်ရေးကိစ္စရပ်များ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်ဝန်းဖော်ဆောင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)က တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။
