Thursday, April 30, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsLocal Newsနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှ...

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး၊ အဖွဲရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ သံရုံးအကြီးအကဲများနှင့် နိုင်ငံရေး အခြေအနေများကို video Conferencing ဖြင့်ဆွေးနွေး

Photo – mofamyanmar facebook
ဩဂုတ်လ ၁၁ရက်နေ့က နစက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး များနှင့် အာရှပစိဖိတ်ဒေသများရှိ မြန်မာသံရုံး၊အဖွဲရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ တာဝန်ရှိသူများ Video Conferencing စနစ်ဖြင့်တွေ့ဆုံခဲ့ပါတယ်။
အစည်းအဝေးကို နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ ဦးဆောင်၍ အာရှပစိဖိတ်ဒေသနိုင်ငံများရှိ မြန်မာသံရုံး၊အဖွဲရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ မြန်မာသံအမတ် ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးအကြီးအကဲများအား လက်ရှိဖြစ်ပေါ်တိုးတက်လျက်ရှိသော နိုင်ငံရေးအခြေအနေ များနှင့် ဆောင်ရွက်ချက်များကို Video Conferencing စနစ်ဖြင့် အသိပေးရှင်းလင်းခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့မှ လက်ရှိနိုင်ငံရေး အခြေအနေ နှင့်ဆောင်ရွက်ချက်များ၊ ၅၄ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပခဲ့ခြင်းနှင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များအား အသိပေးရှင်းလင်းပြောကြား၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပါတယ်။
ဒါ့အပြင် သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီတာဝန်ခံများ၏ မေးမြန်းချက်များ၊ အကြံပြုဆွေးနွေး တင်ပြချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Video Conferencing ဖြင့်တွေဆုံသည့် အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတန်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာှန်ရှိသူများ တက်ရောက်ခဲ့ ကြပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071