Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeNewsLocal Newsနိုင်ငံကူးလက်မှတ် တရားမဝင် သက်တမ်းတိုးသူများကိုအရေးယူမည်ဟု...

နိုင်ငံကူးလက်မှတ် တရားမဝင် သက်တမ်းတိုးသူများကိုအရေးယူမည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးကြေညာ

ကိုရီးယားရောက်မြန်မာများအနေဖြင့် နိုင်ငံကူးလက်မှတ်ကို တရားမဝင် သက်တမ်းတိုးပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကထုတ်ပြန်အသိပေးထားသည်။

နိုင်ငံကူးလက်မှတ်များ၏ တရားဝင်မှုသည် ကိုင်ဆောင်အသုံးပြုသူများအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သကဲ့သို့ ကိုင်ဆောင်အသုံးပြုရာတွင်လည်း တရားဝင်သက်တမ်းရှိမှု၊ ကိုင်ဆောင် အသုံးပြုခြင်းဆိုင်ရာ စည်းမျည်းစည်းကမ်းသတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိရန် အရေးကြီးကြောင်း သံရုံး၏ အသိပေးချက်တွင် ပါရှိသည်။

ကိုရီးယားသမ္မတနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ အနေဖြင့်လည်း ပြည်ပနိုင်ငံသားများ ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်များ၏ တရားဝင်မှု ရှိ/မရှိကို စစ်ဆေးကြပ်မတ်လျက်ရှိရာ၌ အချို့သော မြန်မာနိုင်ငံသားများ ကိုင်ဆောင်အသုံးပြုနေသည့် နိုင်ငံကူးလက်မှတ်များတွင် တံဆိပ်တုံးရိုက်နှိပ်ပြီး သက်တမ်းတိုးထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ တရားဝင်မှုနှင့် စစ်မှန်မှု ရှိ/မရှိတို့ ကို မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ကိုရီးယား သမ္မတနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနက ဆက်သွယ်မေးမြန်းမှုများအရ မြန်မာသံရုံးက စိစစ်ခဲ့ရာ အချို့သော နိုင်ငံကူးလက်မှတ်များတွင် တရားမဝင် တံဆိပ်တုံး အတုအပဖြင့် ရိုက်နှိပ်ကာ သက်တမ်းတိုးထားပြီးသကဲ့သို့ လုပ်ဆောင်ထားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် လူဝင်မှုကြီးကြပ် ရေးဌာနမှ တာဝန်ရှိသူများက အဆိုပါနိုင်ငံကူးလက်မှတ်ကိုင်ဆောင်အသုံးပြုသူများအား လေဆိပ်မှ ထွက်ခွာခွင့်ကို ငြင်းပယ်ကာ ထိန်းသိမ်းခဲ့သည့်ဖြစ်စဉ် မကြာသေးမီကာလ၌ ဖြစ်ပေါ်ခဲ့ရာ မြန်မာသံရုံး အနေဖြင့် ငြင်းပယ်ထိန်းသိမ်းခံရသူများအတွက် လိုအပ်သော ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

သို့ဖြစ်၍ ကိုရီးယား သမ္မတနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်များကို တရားဝင်သော နည်းလမ်းဖြင့်သာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ကြရန် နှင့် မလိုလားအပ်သော အခက်အခဲများ မဖြစ်ပေါ်စေရေးနှင့် ဥပဒေအရ အရေးယူခံရခြင်း မဖြစ်ပေါ်စေရေးတို့အတွက် သတိပြုလိုက်နာဆောင်ရွက်နိုင်ရန် သံရုံးက အသိပေးကြေညာထားသည်။

ထို့ပြင် တရားမဝင် တံဆိပ်တုံး အတုအပ အသုံးပြုနေသူများကိုလည်း ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် ကိုရီးယားအာဏာပိုင်များနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071