Sunday, May 3, 2026

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့်...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက်...

မုံရွာမြို့ ချင်းတွင်းမြစ်ရိုးတလျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊...

ခန္တီးမြို့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ရန်ကင်း‌တောင်ပေါ်ရှိ မြို့ညွှန့်ဗိမာန်တော်တွင် မေလ (၂) ရက်၊ နေ့လယ်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ ခန္တီးမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်...
HomeNewsLocal Newsနာဂစ်မုန်တိုင်း (၁၈) နှစ်ပြည့်...

နာဂစ်မုန်တိုင်း (၁၈) နှစ်ပြည့် ကပ်ဘေးဆိုးကြီး

လွန်ခဲ့သော ၁၈ နှစ် (၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်) ညက မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် “နာဂစ်” (Nargis) ဆိုင်ကလုန်းမုန်တိုင်းကြီးသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို တစ်ညလုံး ပြင်းထန်စွာ တို-က်ခတ်ဖျ-က်ဆီးခဲ့သည်။

ဆုံးရှုံးမှုအတိုင်းအတာ

လူပေါင်း တစ်သိန်းကျော် ‌ေ-သဆုံး နှင့်ပျေ-ာက်ဆုံးခဲ့ရပြီး၊ လူဦးရေ သိန်းနှင့်ချီကာ အိုးအိမ်မဲ့ ဘဝပျ-က်ခဲ့ကြရသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ကျေးရွာပေါင်းများစွာမှာ မြေပုံပေါ်မှ ပျောက်ကွယ်သွားသည်အထိ ပျက်စီးဆုံးရှုံးခဲ့ရသည်။

မုန်တိုင်း၏ ပြင်းအား

နာဂစ်မုန်တိုင်းသည် Category 4 အဆင့်ရှိ အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်သည်။

သံဝေဂ နှင့် ကုသိုလ်မျှဝေမှု

ဤကဲ့သို့သော နေ့မျိုးတွင် အစုလိုက်အပြုံလိုက် ဘဝတပါး ပြောင်းသွားကြခဲ့ရသူများအတွက် ရည်စူး၍ ကုသိုလ်မျှဝေခြင်းများ ပြုလုပ်ကြသလို၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် ပညာပေးလုပ်ငန်းများ၏ အရေးပါမှုကိုလည်း ပြန်လည်သတိပြုမိစေသည်။

နာဂစ်သည် အောက်မြန်မာပြည်သူများခံစားခဲ့ရသည့် သဘာဝေဘေးကြီးတခုဖြစ်သလို ၁ရ နှစ်အကြာတွင် အထက်မြန်မာပြည်ကလည်း မန္တလေးငလျင်ကြီးဘေးခံစားခဲ့ရသည်။ မတည်မြဲခြင်းသဘောကို သံဝေဂဖြစ်စေသည့် သဘာဝကပ်ဘေးကြီးများပင်ဖြစ်သည်။

နာဂစ်မုန်တိုင်းအလွန် ကယ်ဆယ်ရေးနှင့် အရေးပေါ်ထောက်ပံ့မှု စီမံခန့်ခွဲမှုများ

နာဂစ်မုန်တိုင်း ကျရောက်ပြီးနောက် မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အောက်ပါ စီမံခန့်ခွဲမှုနည်းလမ်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည် ။

၁။ အရေးပေါ် အစားအစာနှင့် ရေဖြန့်ဖြူးမှု

ဘေးသင့်ဒေသများသို့ ရဟတ်ယာဉ်များအသုံးပြု၍ အစားအစာနှင့် ရေသန့်များကို လေကြောင်းမှတစ်ဆင့် လိုက်လံချပေးခဲ့သည်။

၂။ ကယ်ဆယ်ရေးစခန်းများ စုစည်းခြင်း

မုန်တိုင်းသင့်ပြည်သူများအား တည်နေရာများ စနစ်တကျ မှတ်သားပြီး ဘေးကင်းရာ ကယ်ဆယ်ရေးစခန်းများသို့ တတ်နိုင်သမျှစုစည်းပို့ဆောင်ပေးခဲ့သည်။

၃။ ကုန်း၊ ရေ၊ လေ အဆက်မပြတ် ထောက်ပံ့မှု

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မော်တော်ယာဉ်တန်းများဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို စုဆောင်းခဲ့သည်။

ဘေးသင့်မိသားစုများအတွက် လိုအပ်သော အခြေခံပစ္စည်းများကို အိမ်ထောင်စုအလိုက် အထုပ်များပြုလုပ်၍ အမြန်ဆုံး ရောက်ရှိနိုင်ရန် စီမံခဲ့ကြသည်။

၄။ နိုင်ငံတဝှမ်းမှ ပြည်သူများကလည်း နိုးဆာ် ပူးပေါင်း ကူညီမှု

ပြည်သူလုထုကလည်း စိတ်ရောကိုယ်ပါဝိုင်းဝန်းကူညီ ထောက်ပံ့ခဲ့ကြသည်။

ရန်ကုန်မြို့တွင်း ရှင်းလင်းရေးများကိုလည်း အဖွဲ့စည်းပေါင်းစုံနှင်လူထုတို့က အားထည့် လုပ်ဆောင်ကြသည်။

နာဂစ်အလွန် ဧရာဝတီတိုင်းတွင် မုန်တိုင်းဒ-ဏ်ခံ အဆောက်အဦများကို ပြည်သူများက လှူဒါန်းဆောက်လုပ်ခဲ့ကြသည်။ ဧရာဝတီတိုင်းသို့ တနိုင်ငံလုံးက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းလွန်းသဖြင့် ရုံးပိတ်ရက်များတွင် ဧရာဝတီတိုင်းသွားကားတန်းများမှာ တန်းစီစောင့်ဆိုင်းရသည့်အထိ မြန်မာလူထု၏ကူညီလိုသည့် အထုံကိုမြင်ရသည်။ နောက်ပိုင်း လမ်းတွေပါပျ-က်လာသဖြင့် အလှုများကို ထိရောက်မည့်နည်းဖြင့် စီမံခန့်ခွဲခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ချီးကျူးဂုဏ်ပြုသည့် မိန့်ခွန်းပြောကြားသွားမည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။ အောက်တိုဘာလတွင် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် တာကာအိချီ၏ ပထမဆုံးဗီယက်နမ်ခရီးစဉ်သည် စွမ်းအင်လုံခြုံရေး၊ ထောက်ပံ့ရေးကွင်းဆက်၏ ပြန်လည်ရုန်းထနိုင်စွမ်းနှင့် နည်းပညာတီထွင်ဆန်းသစ်မှုတို့တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်ကြောင်း ဗီယက်နမ်အစိုးရပိုင်မီဒီယာများက သတင်းဖော်ပြခဲ့သည်။ သူသည် စနေနေ့တွင် ဝန်ကြီးချုပ် လီမင်ဟွန်းအပြင် ပြီးခဲ့သည့်လကပင် သမ္မတအဖြစ်လည်းတင်မြှောက်ခံခဲ့ရသော ကွန်မြူနစ်ပါတီခေါင်းဆောင် တိုလမ်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ဂျပန်သည် ဗီယက်နမ်၏...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့် တောင်သူလယ်သမားစျေးဖွင့်လှစ်ရောင်းချ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက် မွေးမြူရေးထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ဟင်းသီးဟင်းရွက်အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီ အရောင်းဆိုင်ခန်းများ စုစုပေါင်းဆိုင်ခန်း (၃၀) ကျော်ဖြင့် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချခဲ့မှုအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တောင်သူလယ်သမားစျေးကို လစဉ်ပထမပတ်၏ စနေနေ့တွင်ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကာ နောင်လာမည့်အပတ်တွင်လည်း ဈေးဆိုင်ခန်းများ...

မုံရွာမြို့ ချင်းတွင်းမြစ်ရိုးတလျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်ရေးအတွက် တိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့ စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ (၂) ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်မှ အေးသာယာရပ်ကွက်အထိ ချင်းတွင်းမြစ်ရိုးတလျှောက်ကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။ ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်ရေး၊ ကမ်းနားလမ်းတလျှောက် ပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်စရေး၊ တာရိုးများပေါ်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071