Friday, April 24, 2026

LNG တင်သွင်းရေးအတွက် ဒေါ်လာ ၄...

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းသည့်ကုမ္ပဏီတစ်ခုသို့ အမေရိကန်ဒေါ်လာ ၄ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဧပြီလ ၂၃ ရက်နေ့တွင်...

နိုင်ငံတကာတွင် မြန်မာ့အလံလွှင့်ထူနိုင်ရန် Esports Nations...

​မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် လာမည့် Esports Nations Cup (ENC) 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် အသင်းများကို...

FIFA Football for School...

​မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် FIFA Football for School Program နှင့် Smart School အစီအစဉ်ကို ရန်ကုန်၊...

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်းနေ၊...

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ရေနည်းသတိပေးမှတ်အောက်သို့ ရောက်ရှိနေပြီး ရှေ့လာမည့်ရက်များတွင်လည်း ထပ်မံကျဆင်းနိုင်ခြေရှိသဖြင့် မြစ်ကြောင်းတစ်လျှောက် သွားလာနေကြသည့် ရေယာဉ်များအနေဖြင့်အထူးသတိပြုသွားလာကြရန် လိုအပ်ကြောင်း မိုးဇ/လက ယနေ့တွင် သတိပေးထားသည်။ မိုးလေဝသနှင့်...
HomeCelebrities' Newsနယူးယောက်နိုင်ငံက NBC Channel...

နယူးယောက်နိုင်ငံက NBC Channel မှာပြသမဲ့ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မယ့် မင်းသမီးကြီး မေဝင်းမောင်

နယူးယောက်နိုင်ငံက NBC Channel မှာပြသမဲ့ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မယ့် မင်းသမီးကြီးမေဝင်းမောင်

မင်းသမီးကြီး သရုပ်ဆောင်မေဝင်းမောင်ဟာ နှစ်ပေါင်း ၃၀အတွင်း သူမရဲ့ အနုပညာတွေကို မဖော်ထုတ်ဘဲ နေလာခဲ့ပေမယ့် NBC Channel ကတင်ဆက်တဲ့“ New Amsterdam “ တီဗီဇာတ်လမ်းတွဲမှာ “ဟေမာတံခွန်”ဆိုတဲ့ မြန်မာအမျိုးသမီးကြီး တစ်ယောက် အနေနဲ့ပါဝင်သရုပ်ဆောင်မှာ ဖြစ်တဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်

“ အတွေအကြုံ
“အသစ်မဟုတ်သောအသစ်”

နှစ်ပေါင်းသုံးဆယ်လောက်အတွင်းမှာ လုံးဝ နီးပါး ခေါက်ထားခဲ့ရတဲ့ ကိုယ့်ရဲ့အနုပညာ နဲ့ပါတ်သက်ပြီး လှုပ်ရှားမှုတစ်ခု အတွက် ပါဝင်ဖို့ အခွင့် အရေးတစ်ခုပေါ်လာခဲ့ပါတယ်။

တီးခေါက်ကြည့်တယ်။
ဖြစ်နိုင်မယ်လို့ထင်တယ်။
ကြိုးစားကြည့်တယ်။
လှုပ်ရှားခွင့်ရခဲ့ပါတယ်။

ဒီလိုနဲ့ပဲ တစ်ယောက်တည်း တစ်စိမ်းစစ်စစ်မဟုတ် တဲ့ တစ်စိမ်းတို့အလည် New York ကို ချီတက်လာခဲ့ပါတယ်။

လှုပ်ရှားဖြစ်တော့လည်း အဆင်ပြေပါတယ်။ တစ်စိမ်းတွေရဲ့အလည်မှာ လို့ဆိုရင်ရပေမယ့် တကယ်တော့ကိုယ် တစ်သက်လုံး ရင်းနှီးခဲ့တဲ့ လုပ်ငန်းခွင်မို့ စိမ်းတယ်လို့မခံစားရပဲ စိတ်အေးချမ်းစွာသက်တောင့်သက်သာ ရှိခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဒီက Television ဇာတ်လမ်းတွဲတစ်ခုမှာ မြန်မာလူမျိုးသရုပ်ဆောင် အမျိုးသမီး လိုတယ်ဆိုလို့ လျှောက်ကြည့်ရာက Zoom နဲ့ audition လုပ် ဖြစ်ခဲ့ပြီး အရွေးခံရပြီး New York ကိုသွားဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ LAက မြန်မာပြည်အတွက်ရံပုံငွေပွဲ မှာ ပါဝင်ဖို့ ရှိနေတဲ့အတွက် New Yorkကို နှစ်ခေါက်သွားခဲ့ရပါတယ်။

မြန်မာလူမျိုး နောက်ထပ်နှစ်ယောက်နဲ့လည်းတွေ့ဆုံဖြစ်ပြီး အတူတွဲပြီးသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

“ဟေမာတံခွန်” ဆိုတဲ့ မြန်မာအမျိုးသမီးကြီး အဖြစ် NBC channel က “New Amsterdam” ဆိုတဲ့ TV Series မှာ ဧည့်သည် သရုပ်ဆောင် (Guest Star) အနေနဲ့ပါဝင်ခွင့်ရခဲ့တာပါ။

New Amsterdam က ဆေးရုံတစ်ရုံကအဖြစ်အပျက်တွေကို တင်ပြတဲ့ series ဖြစ်ပါတယ်။ “ဟေမာ” ခေါ် “Miss Takhon”က လူနာတစ်ဦးပေါ့။ တစ်ခြားမြန်မာသရုပ်ဆောင် တစ်ဦးက ဟေမာရဲ့ မြေးမလေးအဖြစ် သရုပ်ဆောင်ရပြီး နောက်တစ်ဦးကတော့ မြန်မာ သံရုံး က အမှုထမ်းတစ်ယောက်အနေနဲ့သရုပ်ဆောင်ရပါတယ်။

တွဲပြီးသရုပ်ဆောင်ရတဲ့ အဓိကသရုပ်ဆောင် ဆရာဝန် “Max”အဖြစ်သရုပ်ဆောင်သူက Ryan Eggold ဖြစ်ပါတယ်။ Blacklist ကိုကြည့်ဖူးရင် သူ့ကိုသိပါလိမ့်မယ်။

တိုတိုပြောရရင်တော့အစစ အဆင်ပြေပါတယ်။ နောက်မှရိုက်ကွင်းအတွေ့အကြုံလေးတွေကို စိတ်ဝင်စားကြတယ်ဆိုရင် ရေးပါဦးမယ်။

Season 4 ရဲ့ Episode 5 “This Be The Verse” မှာ ပါဝင်ရတာပါ။ Season 4 ကအခုစနေပါပြီ။ Episode 5 က October လထဲမှာ လွှင့်မှာဖြစ်ပါတယ်။ Tuesday တွေမှာ လွှင့်ပါတယ်။ ကြားထဲမှာ ဘာအကြောင်းကြောင့်မှအပြောင်းအလဲမရှိပဲ အစီအစဉ် အတိုင်းပြရင် October 19th မှာဖြစ်ပါမယ်။

မြင်နေကျ မေဝင်းမောင်နဲ့တော့တူမှာမဟုတ်ပါ။
နှစ်သက်နိုင်ကြပါစေလို့ဆုတောင်းပါတယ်။ “ လို့ရေးသားထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071