Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeInternationalနန်စီပေလိုစီ ထိုင်ဝမ်သွားပါက ပြင်းထန်စွာ...

နန်စီပေလိုစီ ထိုင်ဝမ်သွားပါက ပြင်းထန်စွာ အရေးယူမည်ဟု တရုတ် သတိပေး

နန်စီပေလိုစီ ထိုင်ဝမ်သွားပါက ပြင်းထန်စွာ အရေးယူမည်ဟု တရုတ် သတိပေး

 

ပေကျင်း၊ ဇူလိုင် ၁၉ ရက်

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ သည်ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ပါက ပြင်းထန်သော အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ဇူလိုင်လ ၁၉ ရက် အင်္ဂါနေ့ တွင် သတိပေးခဲ့သည်။

အဆိုပါ သတိပေးချက်သည် Financial Times သတင်းဌာနက နန်စီပေလိုစီသည် နောက်လတွင် ထိုင်ဝမ်သို့ သွားရောက်မည်ဟု ကြေငြာပြီးနောက်ပိုင်း ထွက်ပေါ်လာခဲ့သည်။

နန်စီပေလိုစီနှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှားနှင့် စင်္ကာပူ နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်ပြီး အမေရိကန် အင်ဒို-ပစိဖိတ်ဒေသ ကွပ်ကဲမှုဌာနချုပ်ရှိရာ ဟာဝိုင်ယီတွင်လည်း အနားယူသွားမည်ဖြစ်ကြောင်း အဆိုပါ ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နန်စီပေလိုစီ၏ ရုံးနှင့် အမေရိကန် နိုင်ငံခြားရေးဌာနသည် ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်များကို ချက်ချင်း တုံ့ပြန်ခြင်းမရှိခဲ့ပေ။ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ၎င်းခရီးစဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ပေးပို့သည့် သတင်းအချက်အလက်များ မရရှိသေးကြောင်း ပြောကြားခဲ့သည်။

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် ဧပြီလမှစ၍ နောက်သို့ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက နန်စီပေလိုစီ၏ ခရီးစဉ်တိုင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်ဟု ပေကျင်းတွင် ပြောကြားခဲ့သည်။

အမေရိကန်ဘက်မှ ယင်းခရီးစဉ်ကို ဆက်လက်ပြုလုပ်သွားပါက တရုတ်နိုင်ငံဘက်မှ ပြတ်ပြတ်သားသားနှင့် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး ထိုအရေးယူမှု၏ အကျိုးဆက်တိုင်းအတွက် အမေရိကသည် အပြည့်အဝ တာဝန်ယူသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နန်စီပေလိုစီသည် တရုတ်နိုင်ငံနှင့် စပ်လျဉ်း၍ အချိန်အတန်ကြာ ဝေဖန်ခဲ့သူဖြစ်ပြီး ပေကျင်း၌ ပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကိုလည်း သံတမန်ရေးအရ ဆန္ဒပြရန် လွှတ်တော်၌ တင်သွင်းခဲ့ဖူးသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ရတက်မအေး

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ရန် သဘောတူခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ မြင့်တက်လာခြင်းသည် ဒေသတွင်း အလားအလာအပေါ် ဆိုးကျိုးအန္တရာယ်များကို သိသိသာသာတိုးပွားစေခဲ့သည့် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်တွင် ကျင်းပသော အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးပွဲများတွင် အတည်ပြုခဲ့သော ကြေညာချက်၌ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက ပြောကြားခဲ့သည်။ ငွေကြေးဈေးကွက်များတွင် အလွန်အကျွံ့မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသော လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071