Saturday, August 8, 2026

ဘားအံ၊ မဒေါက်၊ မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်...

ဘားအံ၊ဩဂုတ်-၈ သံလွင်မြစ်ရေသည် ယနေ့ မနက်ပိုင်းတိုင်းထွာချက်အရ ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ...

ထိုင်းနှင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီး အစွမ်းကုန် ကြိုးစားမည်ဟု...

ရန်ကုန်၊ ဩဂုတ် ၈ AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် ထိုင်းလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့...

ကရင်ပြည်နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မိုးစပါး...

ဘားအံ၊ ဩဂုတ် ၈ ကရင်ပြည်နယ်အတွင်း တောင်သူများ ဝမ်းစာဖူလုံရေး၊ ဝင်ငွေတိုးတက်ရေးနှင့် ပြည်ပသို့ စပါး ပိုလျှံတင်ပို့နိုင်ရေးတို့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မိုးစပါး ဧက...

တောင်ဆူဒန်နဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒ-ဏ်ပေးဖို့ အမေရိကန်တရားရုံးတွေက...

အမေရိကန်ကို ရောက်နေကြတဲ့ တောင်ဆူဒန်နဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒ-ဏ်ပေးခံရတာကနေ ယာယီကင်းလွတ်ခွင့်ပေးထားတာကို အမေရိကန်အစိုးရက အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက အမေရိကန် တရားလွှတ်တော်ချုပ်ကနေ ဟေတီနဲ့...
HomeInternationalဒေါ်လာအစားထိုးငွေကြေးထုတ်လျှင် ရာနှုန်းပြည့် အခွန်ကောက်မည်

ဒေါ်လာအစားထိုးငွေကြေးထုတ်လျှင် ရာနှုန်းပြည့် အခွန်ကောက်မည်

ဝါရှင်တန်၊ဒီဇင်ဘာ ၂

BRICS ထိပ်သီးအဖွဲ့အနေဖြင့် ဒေါ်လာအစား အခြားငွေကြေးတစ်ခုခုကို အစားထိုးအသုံးပြုခြင်းမျိုးကို ပြုလုပ်လာပါက အဆိုပါအဖွဲ့ဝင်နိုင်ငံများကို ရာနှုန်းပြည့် အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့သည်။

“အကယ်၍ BRICS အဖွဲ့အနေနဲ့ အင်အားကြီး ဒေါ်လာအစား တခြားငွေကြေးအစားထိုးသုံးစွဲတာပဲဖြစ်ဖြစ်၊အဖွဲ့အတွက် သီးသန့်ငွေကြေးယူနစ်ထုတ်လုပ်သုံးစွဲတာပဲ ဖြစ်ဖြစ်လုပ်လာမယ်ဆိုရင် အခွန်စည်းကြပ်မှုကိုလည်း ရာနှုန်းပြည့်ခံရမှာဖြစ်သလို အမေရိကနဲ့လည်း စီးပွားရေးဆက်ဆံမှုလုပ်နိုင်မှာမဟုတ်တာကို ကြိုတွေးထားဖို့လိုပါတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။

“အဖွဲ့ဆီကနေ ဒေါ်လာငွေကြေးအသုံးပြုမှုနှင့်ပတ်သက်ပြီး ခိုင်မာတဲ့ကတိကဝတ်တွေရဖို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်” ဟုလည်းပြောကြားခဲ့သည်။

BRICS ထိပ်သီးအဖွဲ့တွင် ဘရာဇီး၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့်တောင်အာဖရိကပါဝင်ပြီး ၂၀၁၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ ယခုနှစ်အစောပိုင်းက အီရန်၊ယူအေအီး၊အီသီယိုးပီးယားနှင့်အီဂျစ်တို့က မိတ်ဖက်နိုင်ငံများအဖြစ် တရားဝင်လေ့လာသူများဖြစ်လာကြသလို အခြားစုစုပေါင်း ၃၄ နိုင်ငံခန့်ကလည်း အဖွဲ့ဝင်ဖြစ်ရန်စိတ်ဝင်စားကာ လျှောက်ထားခဲ့ကြသည်ဟုသိရသည်။

Source : ရဟူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘားအံ၊ မဒေါက်၊ မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် မိုးဇလ သတိပေး

ဘားအံ၊ဩဂုတ်-၈ သံလွင်မြစ်ရေသည် ယနေ့ မနက်ပိုင်းတိုင်းထွာချက်အရ ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလ(မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန) က အသိပေးထုတ်ပြန်ထားသည်။ ထို့အတူ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ လက်မခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဒုဋ္ဌဝတီမြစ်ရေသည်...

ထိုင်းနှင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီး အစွမ်းကုန် ကြိုးစားမည်ဟု မြန်မာအသင်း နည်းပြချုပ် Jørn Andersen ပြော

ရန်ကုန်၊ ဩဂုတ် ၈ AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် ထိုင်းလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ ယနေ့ (ဩဂုတ် ၈ ရက်) မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ရာချမန်ဂါလာ အမျိုးသားအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ အဆိုပါပွဲစဉ်မတိုင်မီပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာအသင်း နည်းပြချုပ် Jørn Andersen က ‘ ကျွန်တော်တို့ ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ၊ အသင်းအနေနဲ့ တစ်ပွဲပြီးတစ်ပွဲ ပိုပြီးကောင်းလာတာကို...

ကရင်ပြည်နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မိုးစပါး ဧက ၄ သိန်းကျော် စိုက်ပျိုးရန် လျာထား

ဘားအံ၊ ဩဂုတ် ၈ ကရင်ပြည်နယ်အတွင်း တောင်သူများ ဝမ်းစာဖူလုံရေး၊ ဝင်ငွေတိုးတက်ရေးနှင့် ပြည်ပသို့ စပါး ပိုလျှံတင်ပို့နိုင်ရေးတို့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မိုးစပါး ဧက ၄၂၈,၀၀၀ ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် မိုးစပါး ဧက ၁၈၀,၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ကျန်ဧကများကို ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်သည်။ စပါးအထွက်နှုန်း ကောင်းမွန်စေရန် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက မြေပြုပြင်ခြင်းမှ ရိတ်သိမ်းချိန်အထိ ကွင်းဆင်း၍ နည်းပညာပေး ဆောင်ရွက်လျက်ရှိသည်။ ကရင်ပြည်နယ်၌ ပြီးခဲ့သည့်နှစ်က မိုးစပါး ဧက ၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071